ဆယ်ဘီးကားယာဉ်မောင်းတစ်ဦး ၀က်အူလှည့်ဖြင့် ထိုးသတ်ခံရ
ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းရှိ ကုန်သေတ္တာ ယာဉ်ဝင်းအတွင်း ဆယ်ဘီးကား ယာဉ်မောင်းတစ်ဦး ၀က်အူလှည့် ဖြင့် ထိုးသတ်ခံရမှုဖြစ်ပွားခဲ့သည်။
လည်ကုပ်တွင် ၀က်အူလှည့် စိုက်ကာ သေဆုံးနေသည့် ယာဉ် မောင်း၏ အလောင်းကို မတ်လ ၁၀ ရက် နံနက်က တွေ့ရှိခဲ့ကြောင်း ဗိုလ်တထောင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘လူသတ်မှုကျူးလွန်တဲ့သူ ကိုတော့ ရှာနေတုန်းပါ။ မမိသေး ပါဘူး။ သံသယရှိတဲ့သူတွေကို လည်း လိုက်နေပါတယ်။ ကျန် တာတွေတော့ စစ်ဆေးနေတုန်း ပါ’’ဟု ၎င်းကပြောသည်။
သေဆုံးသူသည် အသက် (၂၇)နှစ်အရွယ် သိန်းဇော်(ခ)စုတ်ဖွားဖြစ်ပြီး ရေတာရှည်မြို့နယ် ဆွာမြို့တွင် နေထိုင်သူဖြစ်သည်။
‘‘သေသွားတဲ့သူမှာ အစ်ကို တစ်ယောက်ရှိတယ်။ သူလည်း ဆယ်ဘီးယာဉ်မောင်းတယ်။ သူ့ ညီ သေနေတာ အခြားတစ်ယောက်က လာပြောမှသိတာပါ။ အခြားဒဏ်ရာတော့ မရှိပါဘူး’’ဟု ဗိုလ်တထောင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment