Latest News

Tuesday, March 7, 2017

ဇာတ်ပို့သရုပ်ဆောင် ကိုညီညီမင်းအတွက် ကောင်းကျော်တို့အဖွဲ့ သွားရောက်ကူညီ

ဇာတ်ပို့သရုပ်ဆောင် ကိုညီညီမင်းအတွက် ကောင်းကျော်တို့အဖွဲ့ သွားရောက်ကူညီ

တောင်ဥက္ကလာ(၉)ရပ်ကွက် မီးလောင်မှုမှာ ကိုညီညီမင်းအိမ်ပါ ပါသွားခဲ့တာပါ။

တောင်ဥက္ကလာ(၉)ရပ်ကွက် မီးလောင်မှုမှာ ဇာတ်ပို့သရုပ်ဆောင် ကိုညီညီမင်းရဲ့ အိမ်ပါပါဝင်သွားခဲ့ပါတယ်။ ရိုက်ကူးရေးအတွက် နှစ်ရှည်လများ စုဆောင်းထားတဲ့ အဝတ်အစားတွေပါသွားသလို တစ်အိမ်လုံး ဘာမှမရလိုက်ဘူးလို့ သိရပါတယ်။ ဒါကြောင့် သရုပ်ဆောင် ကောင်းကျော်တို့ ပါဝင်တဲ့ အင်ပါယာအဖွဲ့ဟာ ငွေကျပ်(၁)သိန်း သွားရောက်ကူညီခဲ့တယ်လို့ ကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမဲ့ နှမ်းစေ့ပေါင်းများစွာဖြစ်လာရင် ဆီဖြစ်နိုင်တာကြောင့် ဇာတ်ပို့သရုပ်ဆောင်ချင်းတတ်အားသ၍ ကူညီပေးကြဖို့ကိုလည်း ကောင်းကျော်က တိုက်တွန်းထားပါတယ်။ ဇာတ်ပို့သရုပ်ဆောင် ကိုညီညီမင်းကတော့ လက်ရှိမှာ တောင်ဥက္ကလာ(၉)ရပ်ကွက် သူရလမ်း သာသနဝန်ဆောင်လူထုဓမ္မာရုံ မီးဘေးကယ်ဆည်ရေးစခန်းမှာ နေနေတယ်လို့ သိရပါတယ်။


မတ်လ(၅)ရက်နေ့ ညနေ့ကတောင်ဥက္ကလာ(၉)ရပ်ကွက် သူရ(၂)လမ်းမီးလောင်မှုမှာ သဘင်လူမှု ညီစောင့်ရှောက်ရေး ကောမတီ ဥက္ကဋ္ဌ တင်မောင်ဆန်းမင်းဝင်းရဲ့ နေအိမ်လည်း မီးဟပ်တဲ့ထဲမှာ ပါဝင်ခဲ့ပါသေးတယ်။ ယင်းမီးလောင်မှုမှာ ပျဉ်ထောင် တစ်ထပ်နေအိမ်တွင် ခြင်ဆေးခွေထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပျဉ်ထောင် တစ်ထပ်နေအိပ် တစ်လုံး၊ ပျဉ်ထောင်နှစ်ထပ်နေအိမ် နှစ်လုံး၊ အုပ်ညှပ် ၂ထပ်တိုက် ၂လုံး၊ အုပ်ညှပ်နှစ်ထပ်တိုက် ၁ခြမ်း၊ RCC ၁ခန်းတွဲ ၆ထပ်တိုက် တို့ မီးကူးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မီးလောင်မှု ဆက်စပ်သတင်း => မီးထဲပါဝင်ခဲ့ပေမယ့် ပျက်စီးဆုံးရှုံးမှု နည်းခဲ့တဲ့ တင်မောင်ဆန်းမင်းဝင်းတို့ နေအိမ်
Photo : ဦးကောင်းကျော် ဖေ့စ်ဘွတ်
Duwun

No comments:

Post a Comment