Latest News

Tuesday, March 7, 2017

မွန်ဝန်ကြီးချုပ် မီဒီယာသမားများနှင့် တစ်ပတ်တစ်ကြိမ် တွေ့မည်

မွန်ဝန်ကြီးချုပ် မီဒီယာသမားများနှင့် တစ်ပတ်တစ်ကြိမ် တွေ့မည်


မော်လမြိုင်၊ မတ် ၇

မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံက ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို အများပြည်သူ သိရှိနိုင်ရေးအတွက် သတင်းမီဒီယာသမားများနှင့် တစ်ပတ်တစ်ကြိမ် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မီဒီယာသမားတွေနဲ့ တစ်ပတ်တစ်ခါ တွေ့မယ်၊ ခရီးသွားစရာရှိရင် ၂ ပတ် ဖြစ်သွားမယ်၊ ကြာသပတေးနေ့ မဟုတ်ရင်၊ သောကြာနေ့တွေမှာ တွေ့ပေးမယ်၊ အစည်းအဝေးလုပ်တဲ့ ကိစ္စတွေကို မီဒီယာကို တစ်ပတ်တစ်ခါ ချပြမယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်က မီဒီယာသမားများနှင့် တစ်ပတ်တစ်ကြိမ် တွေ့ဆုံမှုမှာ ပထမဆုံးဖြစ်ပြီး ဝန်ကြီးချုပ် အဆက်ဆက်တွင် တွေ့ခွင့်မရကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံပေးခြင်းကြောင့် ပြည်နယ်တွင် အစိုးရအဖွဲ့ အကောင်အထည်ဖော်မည့် လုပ်ငန်းများကို ပြည်သူများ သိခွင့်ရကြောင်း၊ ယခင်ဝန်ကြီးချုပ်များတွင် ယခုကဲ့သို့ တွေ့ဆုံမှု မရှိသော်လည်း အစည်းအဝေး အခမ်းအနားများတွင် မီဒီယာများ သတင်းယူခွင့်ရှိကြောင်း သတင်းထောက်ဗိုလ်တိုးက ပြောသည်။

“ကြည့်ရဦးမယ်။ တစ်ခါမှ မလုပ်ရသေးဘူးလေ။ ပွင့်ပွင့်လင်းလင်း ပြောလားဆိုတာကို ဒီဝန်ကြီးချုပ်အသစ်နဲ့ တစ်ခါမှ မလုပ်ရသေးဘူးဆိုတော့ ဘာတွေ လျှို့ဝှက်ထားတာရှိလဲ။ နောက်တစ်ခုက ဝန်ကြီးချုပ်ရှိတဲ့နေရာမှာ ရုံးအဖွဲ့ရဲ့လွှမ်းမိုးမှုကို ခံနေရလား။ ဒါတွေကိုလည်း ကျွန်တော်တို့ ပြန်ကြည့်ရမယ်။ အခုလို တစ်ပတ်တစ်ခါ တွေ့ပေးတာတော့ ကောင်းတယ်”ဟု မွန်ပြည်နယ် သတင်းမီဒီယာများအဖွဲ့ ဥက္ကဋ္ဌ ဦးစီးနားက ပြောဆိုသည်။

မွန်ပြည်နယ်တွင် ဝန်ကြီးချုပ်မှ သတင်း မီဒီယာသမားများနှင့် တစ်ပတ်တစ်ခါ တေ့ဆုံရန် ကတိပေးခြင်းမှာ ပထမဆုံးအကြိမ်သာ ဖြစ်ပြီး၊ ယခင် ဝန်ကြီးချုပ် ဦးမင်းမင်းဦး လက်ထက်တွင် တစ်လတစ်ကြိမ် တွေ့ဆုံရန် ပြောဆိုထားသော်လည်း နောက်ပိုင်း တွေ့ဆုံမှု မရှိတော့ကြောင်း၊ အလားတူ ယခင်ဝန်ကြီးချုပ် အဆက်ဆက်မှလည်း ယခုကဲ့သို့ သတင်းမီဒီယာများနှင့် တစ်ပတ်တစ်ကြိမ် တွေ့ဆုံသည့် အစဉ်အလာ မရှိခဲ့ကြောင်း မွန်ပြည်နယ် သတင်းသမားများထံမှ သိရသည်။

ခတ္တာနွန်

The Voice

No comments:

Post a Comment