Latest News

Monday, March 6, 2017

မန်းမြို့မှာ စက်ရုံ ၁၃ ရုံသာ ရေဆိုးသန့်စင်စနစ် ရှိဟု ဆို

မန်းမြို့မှာ စက်ရုံ   ၁၃ ရုံသာ ရေဆိုးသန့်စင်စနစ် ရှိဟု ဆို

မန္တလေး၊ မတ် ၅ – မန္တလေးမြို့၊ ပြည်ကြီးတံခွန် နဲ့ အမရပူရမြို့နယ်ရှိ စက်ရုံ ၆၃ ရုံအနက် ၁၃ ရုံသာ ရေဆိုးသန့်စင်စနစ် (Treatment Plant) ကို အသုံးပြုတယ်လို့ မန္တလေးမြို့တော်စည်ပင်က သိရပါတယ်။

စက်ရုံကထွက်တဲ့ ရေဆိုးတွေဟာ အနီးအနားရှိပတ်ဝန်းကျင်နဲ့ ပြည်သူလူထုကို ထိခိုက်စေနိုင်တာကြောင့် ရေဆိုးတွေကို သန့်စင်ပြီးမှ စွန့်ပစ်ဖို့ မန္တလေးမြို့တော် စည်ပင်ကညွှန်ကြားထားပေမယ့် မလိုက်နာကြဘူးလို့ ဆိုပါတယ်။

စက်ရုံတွေကထွက်လာတဲ့ ရေဆိုးမှာ (Biochemical Oxygen Demand) ပါ ဝင်နှုန်းဟာ ၅၀ မီလီဂရမ်ပါလီတာရှိရမှာ ဖြစ်ပေမဲ့ ထောင်၊ သောင်းဂဏန်းဖြစ်နေတာ၊ အက်ဆစ်ဓာတ်များတာ၊ အပူချိန်က (၆၀ ဒီဂရီစင်တီဂရိတ်ရှိ) မြင့်မားတယ်လို့ မန္တလေးမြို့တော်စည်ပင်၊ ရေနှင့်သန့်ရှင်းမှု ဌာန၊ ဌာနမှူး ဒေါ်ခင်မေဌေးက ပြောပါ တယ်။

စက္ကူ၊ သကြား၊ ချည်မျှင်နဲ့ အထည်၊ ဆပ်ပြာမှုန့်၊ သားရေနယ်၊ အရက်ချက်စတဲ့ စက်ရုံတွေအနက် အရက်ချက်စက်ရုံက ထွက်တဲ့ရေဆိုးက BOD အများဆုံးဖြစ်ပါတယ်။

မန္တလေးတိုင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုအေးက “စွန်ပစ်ရေဆိုးတွေကို BOD လျှော့ချဖို့ လက်ခံပြီးသားဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က အသိပေးအ ကြောင်းကြားခဲ့ပြီးဖြစ်ပါတယ်၊ အရက်ချက်စက်ရုံသုံးရုံကလဲ treatment လုပ်မယ်ဆိုပြီး တင်ပြခဲ့တာရှိပါတယ်˘လို့ ပြောပါတယ်။

မန္တလေးမြို့တော်စည်ပင်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီး ကြပ်စစ်ဆေးရေးဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းကာ နှစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် ဝင်ရောက်စစ်ဆေးတယ်လို့ မန္တလေးမြို့တော်စည်ပင်၊ ရေ နှင့် သန့်ရှင်းမှုဌာန၊ ကော်မတီဝင် ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။

သူက “ရေနှင့်သန့်ရှင်းမှုဌာနကနေပြီး တော့ ရေဆိုးနမူနာကောက်ယူပြီး BOD  ပမာဏကို စစ်ဆေးပါတယ်၊ ပြီးရင် သက်ဆိုင်ရာကို သတင်းပို့ပါတယ်၊  အရေးယူဆောင်ရွက်တယ်”လို့ ပြောပါတယ်။

လိုက်နာဖို့လို

အရေးယူခံရတာကြောင့် စက်ရုံတွေ ယာယီရပ်ဆိုင်းရင် ထုတ်လုပ်မှုစွမ်းအား လျော့နည်းနိုင်သလို စက်ရုံရှိ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်နိုင်တာကြောင့် ရေဆိုးစွန့်ပစ်မှုနဲ့ ပတ်သက်ပြီး စက်ရုံပိုင်ရှင်တွေအနေနဲ့ လိုက်နာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

Author  အေးစုမွန်

Kumudra

No comments:

Post a Comment