Latest News

Thursday, March 9, 2017

၂၄ နာရီ အလိုအလျောက် ကုန်စည်ရှင်းလင်းစနစ် မြဝတီမှာ စတင်မည်

၂၄ နာရီ အလိုအလျောက် ကုန်စည်ရှင်းလင်းစနစ် မြဝတီမှာ စတင်မည်

၁၉  ရက်နေ့လောက်ဆိုရင် ဂျပန်ပညာရှင်တွေနဲ့ MACCS အရာရှိတွေနဲ့ မြ၀တီဘဏ်ကိုသွားပြီးတော့ ဆာဗေးလုပ်ဖို့ ရှိပါတယ်။

ရန်ကုန်၊ မတ် ၈ - မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှာ အွန်လိုင်းဝန်ဆောင်မှုနဲ့ ၂၄ နာရီအလိုအ လျောက်ကုန်စည်ရှင်းလင်းစနစ်ကို ၂၀၁၈ ခုနှစ် မတ်လမှာ စတင်ကျင့်သုံးမယ်လို့သိရပါတယ်။
အကောက်ခွန်ဦးစီးဌာန MACCS ဌာနခွဲ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က လာမယ့် ၁၉ ရက် နေ့လောက်ဆိုရင် ဂျပန်ပညာရှင်တွေနဲ့ MACCS က အရာရှိတွေနဲ့ မြဝတီဘက်ကိုသွားပြီးတော့ ဆာဗေးလုပ်ဖို့ ရှိပါတယ်၊ လာမယ့်နှစ် ၂၀၁၈ မတ်လလောက် ကာလအတွင်းမှာ မြဝတီကို အပြီးတိုးချဲ့နိုင်အောင်လျာထားပါတယ်လို့ ရှင်းပြပါတယ်။
ပို့ကုန်၊ သွင်းကုန်တွေကို ၂၄ နာရီ အွန်လိုင်းစနစ်နဲ့ရှင်းလင်းရေးဆောင်ရွက်ဖို့ ဂျပန်အစိုးရအကူအညီနဲ့ ဆောင်ရွက်ထားတဲ့ Myan-mar Automated Cargo Clear-ance System (MACCS) မြန်မာအလို အလျောက်ကုန်စည်ရှင်း လင်းရေးစနစ်ကို ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလ ၁၂ ရက်ကစတင်ပြီး သီလဝါ အထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်မြို့တွင်းဧရိယာမှာ စတင်အသုံးပြုခဲ့ပါတယ်။

လုပ်ငန်းရှင်တွေက MA-CCS စနစ်နဲ့ချိတ်ဆက်ရမှာဖြစ်တယ်။ MACCS Private User စာရင်းဖွင့်လှစ်ပြီး ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားတာတွေ၊ ကုန်စည်သေတ္တာထုတ်ယူတာ၊ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ လုံခြုံရေးစစ်ဆေးခစတဲ့ပေးဆောင်ရတဲ့ အခွန်အခတွေအကုန်လုံးကို အွန်လိုင်း ကနေ ၂၄ နာရီဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ ပထမဆုံးစီမံကိန်းအဖြစ်နဲ့ စတင်ပြီးသုံးလကျော်အကြာမှာနယ်စပ်ကုန် သွယ်ရေးစခန်းတွေမှာကျင့်သုံးဖို့လေ့လာနေပါပြီ။ မြဝတီနယ်စပ်ကုန်သွယ်ရေးကို MACCS စနစ်စတင်ကျင့်သုံးပြီးတာနဲ့ နောက်ထပ် မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းကို စနစ်ပြောင်းလဲမှာဖြစ်ပါတယ်။

ဦးဝင်းသန့်က မူဆယ်က ကုန်သွယ်မှုပိုများပေမဲ့ မြဝတီကိုရွေးချယ်ရတာက နံပါတ်တစ်ဦးစားပေးက လက်ရှိရေနက်ဆိပ်ကမ်းထားဝယ်ရေနက်ဆိပ်ကမ်းပေါ့၊ အထူးသဖြင့် ကျွန်တော်တို့ SEZ တို့နဲ့ ကုန်သွယ်မှုဖြစ်လာတဲ့အခါမှာ ကုန်သွယ်မှုပမာဏအရရော နှစ်နိုင်ငံညှိနှိုင်းချက်အရ ဦးစားပေး ရွေးတော့ မြဝတီကိုရွေးတာပါလို့ ရှင်းပြပါတယ်။
MACCS စနစ်ကနယ်စပ်ကုန်သွယ်ရေးမှာပါ အသုံးပြုနိုင်ဖို့ လုံလောက်မှုရှိနေပြီဖြစ်ပါတယ်။ လက်ရှိအနေအထားအရ အခြေခံအဆောက်အအုံတွေ၊ အင်တာနက်နက်ဝပ်ခ်ပိုင်းတွေ မပြည့်စုံသေးတာ၊ အသုံးပြုဖို့ အသိပညာပေး တာတွေဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။

MACCS စနစ်က အကောက်ခွန်လုပ်ငန်းဆောင်ရွက်လို့ရတဲ့ ဘယ်နေရာမဆိုအသုံးပြုနိုင်ပြီး ကုန်းတွင်းဆိပ်၊ ရေဆိပ်၊ လေဆိပ်၊ နယ်စပ်ဒေသအကောက်ခွန်ဌာနရှိတဲ့နေရာတိုင်းမှာသုံးစွဲလို့ရအောင် ရေးဆွဲထားပါတယ်။

ရည်ရွယ်ချက်က ကုန်သွယ်မှုလျင်မြန်ဖို့ အဓိကဖြစ်ပေမဲ့ ဝန်ထမ်းတွေရဲ့လုပ်ငန်းမကျွမ်းကျင်တာ၊အင်တာနက်မြန်နှုန်းမကောင်းတာတွေကြောင့် ရန်ကုန်မြို့တွင်းစတင်ကျင့်သုံးတဲ့နေရာမှာ အကောက် ခွန်ဆောင်ရွက်မှုတွေ ကြန့်ကြာပြီး ဝေဖန်မှုတွေနဲ့ကြုံနေရပါတယ်။

မြန်မာအလိုအလျောက်ကုန် စည်ရှင်းလင်းရေးစနစ်ကို ၂၀၁၃ ခုနှစ်က ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဂျပန်နိုင်ငံက ယန်းသန်းပေါင်း ၃၉၉၀ သန်းနဲ့ မြန်မာအစိုးရက ကျပ်သန်းပေါင်း ၅၈၀ဝ သန်းခန့်အသုံးပြုခဲ့တာဖြစ်ပါ တယ်။

ဂျပန်နိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ နီပွန်အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် ( NA-CCS)ကို အခြခံပြီး မြန်မာနိုင်ငံက ဥပဒေတွေနဲ့ ကိုက်ညီအောင်ပြန်လည်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Author - ပို့ပို့မြင့်မွန်

Kumudra




No comments:

Post a Comment