Latest News

Thursday, March 9, 2017

ကမ္ဘာပေါ်မှာ အစိုးရရုံးပိတ်ရက်အများဆုံးရှိတဲ့ နိုင်ငံတွေ

ကမ္ဘာပေါ်မှာ အစိုးရရုံးပိတ်ရက်အများဆုံးရှိတဲ့ နိုင်ငံတွေ

မြန်မာနိုင်ငံက တစ်နှစ်ကို ၂၆ ရက်နဲ့ ရုံးပိတ်ရက်အများဆုံး ဖြစ်နေပါတယ်။

မြန်မာနိုင်ငံရဲ့ အစိုးရရုံးပိတ်ရက်တွေထဲက သင်္ကြန်နှစ်သစ်ကူးရုံး ပိတ်ရက်ရှည်ကို ၁၀ ရက်ကနေ  ၅ ရက်ကို လျှော့ချဖို့ ပြည်ထောင်စုအစိုးရ ရုံးအဖွဲ့က စီစဉ်နေတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက်ပိုင်း အစိုးရ၀န်ထမ်းနဲ့ ကုမ္ပဏီဝန်ထမ်းတွေကြားထဲမှာ ဝေဖန်တွေ ဆူဆူညံညံထွက်လာခဲ့ပါတယ်။

နှစ်သစ်ကူးရုံးပိတ်ရက်ကို ၅ ရက်အထိ လျှော့ချပြီး ကျန်ရုံးပိတ်ရက်တွေကို သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ အ စားထိုး ဖြည့်တင်းဆောင်ရွက်မယ်ဆိုရင် ဌာနဆိုင်ရာလုပ်ငန်းတွေ ထိခိုက်မှုရှိ၊ မရှိကို အစိုးရက သုံးသပ်နေတာပါ။
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှာ မြန်မာနိုင်ငံက ရုံးပိတ်ရက်အများဆုံးဖြစ်နေပြီး စုစုပေါင်း ၂၆ ရက်တောင်ရှိပါတယ်။ ဒီပမာဏက ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေထဲက အစိုးရရုံးပိတ်ရက် အများဆုံးရှိတဲ့ အိန္ဒိယနိုင်ငံထက် ငါးရက်ပိုနေပါတယ်။

Gulfbusiness ၀က်ဘ်ဆိုက်က ကောက်ယူထားတဲ့ စစ်တမ်းအရ မြန်မာနဲ့ အိန္ဒိယနိုင်ငံပြီးရင် ဒုတိယလိုက်နေတဲ့ နိုင်ငံတွေကတော့ ကိုလံဘီယာနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ပါတယ်။ တရုတ်နဲ့ ဟောင်ကောင်တို့အတွက် ၁၇ ရက် အားလပ်ရက် ရှိနေပြီးတော့ သူတို့က အဆင့် ၃ မှာရှိနေပါတယ်။

ကိုလံဘီယာနဲ့ ဖိလစ်ပိုင်တို့က ၁၈ ရက် ရုံးပိတ်လို့ နံပါတ် ၂ မှာ ရပ်တည်နေပြီး လူမျိုးစုံသလို ဘာသာလည်းစုံပြီး ရုံးပိတ်ရက် အလွန်များတဲ့ အိန္ဒိယနိုင်ငံကတော့ ထူးခြား လွန်ကဲစွာ ၂၁ ရက်နဲ့ မြန်မာပြီးရင် ဒုတိယနေရာက ရှိနေပါတယ်။

ထိုင်း၊ တူရကီနဲ့ ပါကစ္စတန်တို့ကတော့ စုစုပေါင်းရုံးပိတ်ရက် ၁၆ ရက်ရှိလို့ နံပါတ်လေး နေရာမှာရှိနေပါတယ်။ ရုံးပိတ်ရက် ၁၅ ရက်ရှိတဲ့ ဂျပန်၊ မလေးရှား၊ အာဂျင်တီးနား၊ လစ်သူယေးနီးယား၊ ဗီယက်နမ်နဲ့ ဆွီဒင်နိုင်ငံတို့ကတော့ စုစုပေါင်း အစိုးရရုံးပိတ်ရက် ၁၅ ရက်နဲ့ နံပါတ် ၅ ချိတ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အစိုးရရုံးပိတ်ရက်တွေကို ပြန်ကြည့်မယ်ဆိုရင် (၁)  လွတ်လပ်ရေးနေ့ (၂)  ပြည်ထောင်စုနေ့ (၃) တောင်သူလယ်သမားနေ့ (၄)  တပေါင်းလပြည့်နေ့ (၅) တပ်မတော်နေ့ (၆) နှစ်သစ်ကူး သင်္ကြန် ၁၀ ရက် (၇) အလုပ်သမားနေ့ (၈) ကဆုန် လပြည့်နေ့(၉) ဝါဆို လပြည့်နေ့(၁၀) အာဇာနည်နေ့ (၁၁) သီတင်းကျွတ် လပြည့်နေ့(၁၂) တန်ဆောင်မုန်း လပြည့်နေ့ (၁၃) အမျိုးသားနေ့ (၁ ရက်)(၁၄)ကရင်နှစ်သစ်ကူးနေ့ (၁၅) ခရစ္စမတ်နေ့ (၁၆)အီဒွလ်အသွာဟာနေ့ (အီဒ်းနေ့) (၁၇)ဒေပါဝါလီနေ့တွေ အားလုံးပေါင်းရင် စုစုပေါင်း ၂၆ ရက်ရှိပါတယ်။
Source : Gulfbusiness:Duwun
Photos : Myanmar Tours, Gulfbusiness

No comments:

Post a Comment