Latest News

Thursday, March 9, 2017

အကောက်ခွန်ဌာန ဝက်ဘ်ဆိုက်အဟက်ခံရ

အကောက်ခွန်ဌာန ဝက်ဘ်ဆိုက်အဟက်ခံရ

ရန်ကုန်၊ မတ် ၈ - စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်တိုက်ခိုက်ခံရတယ်လို့ အကောက်ခွန်ဦးစီးဌာန MACCS ဌာနခွဲ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောပါ တယ်။

အကောက်ခွန်ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်ကို တိုက်ခိုက်တဲ့အ ပြင်ံMyanmar Automated Cargo Clearnace System (MACCS) မြန်မာအလိုအလျောက် ကုန်စည် ရှင်းလင်းရေးစနစ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးဝင်းသန့်က ‘နောက်ဆုံး အခြေအနေက မနေ့က ကျွန် တော်တို့ အကောက်ခွန်ဦးစီးဌာန ရဲ့ ဝက်ဘ်ဆိုက်ကို အဟက်ခံရပါတယ်၊ ဒါက တစ်ချက်ပေါ့နော်၊ နောက်တစ်ခုက ကျွန်တော်တို့ အကောက်ခွန်ဦးစီးဌာနရဲ့ MACCS ဝက်ဘ်ဆိုက်ပေါ့၊ အဲဒါ လဲ အတိုက်ခံရတယ်၊ သူကတော့ အဟက်မခံရဘူး၊ သူကတော့ ကျွန်တော်တို့ security ပိုင်းဆိုင်ရာနဲ့ ထပ်မြှင့်ထားတာဖြစ်တဲ့အတွက် သူတို့ရဲ့ ဟက်တာကို မခံရ ဘဲနဲ့ အယ်ရာတက်ပြီး နောက်ဆုံးကျတော့ ပိတ်ပစ်လိုက်တာပေါ့ နော်၊ ဒါ အချိန်မီသွားတာပေါ့၊ စစ္စတမ်ပိုင်းမှာ ထိခိုက်မှု မရှိပါဘူး၊ စစ္စတမ်ကို သူတို့ ဘာမှ ဝင်လို့လဲမရဘူး”လို့ ပြောပါတယ်။

MACCS ထဲကို သူတို့ ဘာမှ ဝင်လို့လည်းမရခဲ့တာကြောင့် ထိခိုက်လို့မရဘဲ သုံးစွဲသူတွေရဲ့ ဒေါင်းလုပ်ဒ်လုပ်တဲ့ ကိစ္စရပ်တွေ မထိခိုက်အောင် စစ္စတမ်ပိုင်းဆိုင်ရာ upgrade တွေ လုပ်ထားတဲ့အတွက် မထိခိုက်ဘူးလို့ ဦးဝင်းသန့် က ရှင်းပြတယ်။

မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (ံMACCS) သုံးစွဲ သူအားလုံး ၁၆၀ဝ ကျော်ရှိနေပါ တယ်။ ပို့ကုန်၊ သွင်းကုန်လိုင်စင် လျှောက်ထားတာတွေ၊ ကုန်စည်သေတ္တာထုတ်ယူတာ၊ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊  လုံခြုံ ရေး စစ်ဆေးခစတဲ့ ပေးဆောင်ရတဲ့ အခွန်အခတွေ အကုန်လုံးကို အွန်လိုင်းကနေ ၂၄ နာရီ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

မြန်မာ အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်ကို ရန်ကုန် ဧရိယာအတွင်း သီလဝါ အထူးစီးပွားရေးဇုန်အပါအဝင် ဆိပ်ကမ်းတွေမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က စတင်အသုံးပြုခဲ့တာပါ။

နောက်ပိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာပါလာမယ့် ၂၀၁၈ ခုနှစ်မှာ စတင်ကျင့်သုံးနိုင် ဖို့ လေ့လာနေပါတယ်။ အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်ကို ၂၀၁၃ ခုနှစ်က ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဂျပန်နိုင်ငံက ယန်း ၃၉၉၀ သန်းနဲ့ မြန်မာ အစိုးရက ကျပ် ၅၈၀ဝ သန်းခန့်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ လက်ရှိကျင့်သုံး နေတဲ့နီပွန်အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (JICA) ကို အခြေခံပြီး မြန်မာနိုင်ငံက ဥပဒေတွေနဲ့ ကိုက်ညီအောင် ပြန်လည်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Author ပို့ပို့မြင့်မွန်

Kumudra

No comments:

Post a Comment