Latest News

Tuesday, March 7, 2017

ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ၌ အလုပ် လုပ်နေစဉ် အာဏာရှင်တို့က ဒုက္ခရောက်အောင် ကြံစည်ခဲ့တဲ့ အဖြစ်အပျက်အချို့ 

ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ၌ အလုပ် လုပ်နေစဉ် အာဏာရှင်တို့က ဒုက္ခရောက်အောင် ကြံစည်ခဲ့တဲ့ အဖြစ်အပျက်အချို့ 


ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ၌ တစ်ချိန်က ကျောင်းတက်ရန်နှင့် မိမိ စားဝတ်နေရေး ဘဝရပ်တည်နိုင်ရေး အတွက် အလုပ်ဝင်လုပ်ခဲ့ရသည်။

မြန်မာပြည်က အာဏာရှင်တို့သည် ဗီဇာ
အသစ်လဲပေးခြင်းမရှိပဲ ဒုက္ခရောက်အောင် အကွက်ချ ညစ်ခဲ့ကြလေသည်။

ထိုအချိန်က မြန်မာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်း
ကိုယ်စားလှယ်မှာ ဦးစိုးတင်ပင် ဖြစ်သည်။ ဦးစိုးတင်မှာ စိတ်သဘောထား ပြည့်ဝ ဖြောင့်မတ်သူ တစ်ဦးပင် ဖြစ်သည်။ တနေ့သောအခါ ဒေါ်အောင်ဆန်းစုကြည်အား
ဦးစိုးတင်၏ နေအိမ်သို့ လာရောက်ရန် ဖိတ်ကြားခဲ့လေသည်။

ဦးစိုးတင်သည် အစဉ်ယဉ်ကျေး ဖော်ရွေသူတစ်
ဦးဖြစ်သော်လည်း ဤ ဖိတ်ကြားပုံမှာ ထူးခြားနေသဖြင့်
" တခုခုတော့ တခုခုပဲ"ဟု တွေးထင်ခဲကြသည်။သူ၏
ရီဗားဒေးလ်နေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေါ်
သန်းအေးတို့ နေ့လည်လောက်ရောက်သွားကြပါသည်။ ဦးစိုးတင်၏နေအိမ်တွင် ပန်းများ' ရွက်လှပင်များ'
အနက်နှင့် ရွှေရောင်ခြယ် မြန်မာယွန်းထည်များပြည့်နေ
သော လေးထောင့်ပုံ အခန်းတွင်းရှိ ဆိုဖာများနှင့်
ကုလားထိုင်များကို အခန်းဘေးသို့ ကပ်၍ ရွှေ့ ထားပြီး
ကော်ဖီပန်းကန်တင် စားပွဲကြီးများကို ထိုင်ခုံများရှေ့ 
တွင်စီထား၏။ ဆိုဖာများနှင့် ကုလားထိုင်များပေါ်တွင်
အထွေထွေ ညီလာခံတက်ရန်  ရောက်နေကြသော မြန်
မာသံအမတ်ကြီးများ တသီတတန်းကြီး ထိုင်နေကြ
သည်။

      ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တစ်ခါမှ မတွေ့ဘူးသူများနှင့် မိတ်ဆက်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုအခန်းတဖက်စွန်း၌ လူကြီးနှစ်ယောက်ကြားတွင် ထိုင်စေပါသည်။ ဒေါ်သန်းအေး ကိုမူ  ကိုယ်စားလှယ်
အဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှုးကြီးမောင်လွင် ရှိရာနှင့်မ
ဝေးလှသော လူနှစ်ဦးကြားတွင် ထိုင်စေပါသည်။

      ဦးစိုးတင်၏ ဇနီးက သစ်သီးဖျော်ရည်များလိုက်၍ ကမ်းခြင်း' အာလူးကြော်စသော သွားရည်စာများ  စားပွဲ
များပေါ်ချခြင်း စသောဝတ္တရားများ ပြီးစီးသည်နှင့်အထူး
ဧည့်သည်တော်များနှင့် ထိုက်တန်အောင် ချက်ပြုတ်
ထားသော ထမင်းပွဲကို အပြီးသတ်စီမံရန် ကပ်လျှက်
အခန်းထဲသို့ ထွက်သွားပါသည်။အားလုံးအလ္လာပ' သ
လ္လာပ စကားများပြောကြပါသည်။ ဦးစိုးတင်သည် ယဉ်
ကျေးစွာ ပြုံးနေသော်လည်း အနေရ ခက်နေပုံ ရသည်။
ရောက်ရှိနေသော လူစုဝေးက ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် စီရင်ချက်တမျိုးမျိုးချရန် စိုင်းပြင်းနေသည်မှာ ထင်ရှားနေသည်။
   
       ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်အဖွဲ့
အကြီးအကဲက ဗိုလ်မှုးကြီးမောင်လွင်က စတင်၍ တိုက်
ခိုက်ပါတော့သည်။

 ဒေါ်စုသည် "မည်ကဲ့သို့ ကုလသမဂ္ဂမှာ အလုပ် လုပ်နေ
ပါသနည်း' …………

"မည်သည့်နိုင်ငံကူးလတ်မှတ် ကိုင်ဆောင်ထားပါသ
နည်း"………

ဒေါ်စု၏"မိခင်သည် သံအမတ်ကြီး မဟုတ်တော့သဖြင့် ဒေါ်စု အနေနှင့်အနေနှင့် သံတမန်များဆိုင်ရာ နိုင်ငံ
ကူးလတ်မှတ်ကို ပြန်အပ်ရမည် ဖြစ်သည်"……

"ယခုထိပြန်မအပ်ရသေး ဆိုသည်မှာ မှန်ပါသလား'…

"သံတမန်များဆိုင်ရာနိုင်ငံကူးလတ်မှတ်ကို ကိုင်ဆောင်ထားခြင်းမှာ ဥပဒေနှင့်မညီကြောင်းကို ဒေါ်စု သိမည်ဖြစ်ပါသည်' အလွန်မှ နည်းလမ်းမကျသော ကိစ္စဖြစ်သဖြင့် အမြန်ဆုံးပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆို တိုက်
ခိုက်ပါတော့သည်။

     တစ်စုတဝေးလုံးက ဗိုလ်မှုးကြီးမောင်လွင် ပြောသမျှကို မျက်နှာလိုမျက်နှာရ အောက်ကျို့ သော အသွင်ဖြင့် ထောက်ခံသံများ ပြု ကာ ဒေါ်အောင်ဆန်းစုကြည်ကို
ဝိုင်းကြည့်နေပါတော့သည်။
     
      သူတို့အထင်မှာ ထိုသို့ ပြောဆိုသောအခါ
ဒေါ်အောင်ဆန်းစုကြည်သည် လွန်စွာ အကြပ်ရိုက်
ဒုက္ခတွေ့မည်ဟု ထင်နေကြပုံရသည်။ သို့သော်
ဒေါ်အောင်ဆန်းစုကြည်ကား အနေမပျက် တည်ငြိမ်စွာ ရှိနေခဲ့ပါသည်။တုန်လှုပ်ခြင်း ' စိတ်လှုပ်ရှားခြင်း အလျှင်း
မရှိခဲ့ပေ။

   ဗိုလ်မှုးကြီးမောင်လွင်၏ တိုက်ခိုက်မှုကို ဣနြေ္ဒ
ရှိရှိ လေအေးအေးနှင့်တည်ငြိမ်စွာ ပြန်ဖြေခဲ့လေသည်။

    "နိုင်ငံကူးလတ်မှတ်ရ ရန် လန်ဒန်ရှိ မြန်မာ့ သံရုံးမှာ လျှောက်ထားသည်မှာ အချိန်အတော်ကြာသွားပြီ ဖြစ်
သော်လည်းယခုတိုင် အဖြေမရသေးကြောင်း ' …

"မည်ကဲ့သို့ သောအကြောင်းကြောင့် ဤမျှ ထူးထူးခြား
ခြား ကြံ့ ကြာနေရသည်ကို မပြောနိုင်ကြောင်း' ……

" နယူးယောက်သို့ ပညာသင်ရန် လာခဲ့ရာ၌ ရှိလက်စ
နိုင်ငံကူးလတ်မှတ်ကိုပင် ကိုင်ဆောင်ခဲ့ရကြောင်း' …

" စားဝတ်နေရေးအတွက်အလုပ်ရှာရန် လိုအပ်နေသည့် အချိန်၌ ကံအားလျှော်စွာကုလသမဂ္ဂ၌ အလုပ်ရ ရှိခဲ့
ကြောင်း "………

"  မြန်မာနိုင်ငံသားဖြစ်ကြောင်းအထောက်အထား ပြရန် နိုင်ငံကူးလတ်မှတ်မှာ လိုအပ်ချက်ဖြစ်ကြောင်း'…

  " နိုင်ငံခြား၌ အလုပ်လုပ်ကိုင်နိုင်ရန် နိုင်ငံကူးလတ်မှတ် (သံတမံဆိုင်ရာပဲဖြစ်စေ' ရိုးရိုးပဲ ဖြစ်စေ) တမျိုးမျိုးလိုအပ်သည်ကို အခန်းတွင်းရှိ ဦးလေးအားလုံး နားလည်ကြမည်ဟု ယူဆကြောင်း ' …………

 ဒေါ်အောင်ဆန်းစုကြည်မှ ယဉ်ကျေးသိမ်မွေ့သော အသံနေအသံထားဖြင့် တိကျကောင်းမွန်သော မြန်မာစကားလုံးများကို သုံး၍ ပြောဆို တုန့် ပြန်ခဲ့လေသည်။
ထိုသို့ တည်ငြိမ် အေးဆေးစွာ အကွက်ကျကျ အချက်
ချချ ပြန်လည် ချေဖြတ် ပြောဆို သောအခါ

     လန်ဒန်မှ မြန်မာ သံအမတ်က ထကာ ဒေါ်စု အနေ
နှင့် နိုင်ငံကူးလတ်မှတ်အသစ်ရ ရန် လျှောက်ထားခဲ့
သည်မှာ လပေါင်းများစွာရှိပြီ ဖြစ်ကြောင်းကို အတည်
ပြုကာ ထုံးစံ အတိုင်းလျှောက်လွှာကို ရန်ကုန်သို့ ပို့
ထားကြောင်း ပြောပါတော့သည်။ အဘယ့်ကြောင့် လ
ပေါင်းများစွာ ကြာပြီ ဖြစ်သော်လည်း အကြောင်းမပြန်
သေးသည်ကို သူမသိရကြောင်းလည်း ပြောပါသည်။

       ထိုသို့ လန်ဒန်မှ သံအမတ်၏ ထပ်လောင်း အ
တည်ပြု ပြောဆိုပေးသောအခါ ဒေါ်အောင်ဆန်းစုကြည်
ကို ဝိုင်းဝန်းနှိပ်ကွပ်မည့်သူများ မှန်းချက်နှင့် နှမ်းထွက်
မကိုက်ဖြစ်ကြရလေတော့သည်။

     ထိုအခါ မှ သူတို့အကွက် ခွင်ထဲ ဝင်အောင်လုပ်မရသည်ကို သိသောအခါ အခြားသံအမတ်များကလည်း
ဒေါ်စုအနေနှင့် မိမိလုပ်ခဲ့ပုံမှလွဲ၍ အခြားရွေး
ချယ်ရာလမ်းမရှိ ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်လုပ်ရပ်
ကိုမှန်ကန်ပါသည်ဟုထောက်ခံမှုပြုကြလေသည်။

ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဗိုလ်မှုးကြီး ဦးမောင်
လွင်လည်း အခြေအနေမဟန်မှန်းသိ၍

တောင်းပန်သကဲ့သို့သော လေသံနှင့် အစက အခြေနေ
ကို လုံးစေ့ ပတ်စေ့ နားမလည် ခဲ့ကြောင်း ' ရန်ကုန်ပြန်
ရောက်သောအခါ နိုင်ငံကူးလတ်မှတ်ရုံးက လုပ်စရာ ရှိ
သည်များကို လျှင်မြန်စွာ လုပ်ရန် သူကိုယ်တိုင် ညွှန်
ကြားလိုက်မည် ဖြစ်ကြောင်း ပြောပါသည်။

 ထိုပုဂ္ဂိုလ်ကြီးများမှာ ဒေါ်အောင်ဆန်းစုကြည်ထက်
အသက်အားဖြင့် ကြီးကြသူများဖြစ်သော်လည်း ကောင်းသောအရည်အချင်းအားဖြင့် ကြီးသူများမဟုတ်ကြ
သူများပင်ဖြစ်ပေသည်။

  (ဦးနေဝင်းလက်ထက်တွင် မြန်မာများကို သိုးအုပ်စု
ဆိတ်အုပ်စု ဟူ၍ ခွဲခြားသတ်မှတ်ထားကြသည် ဦးနေ
ဝင်းအစိုးရ၏ အလိုတော်ရိ ကြောက်ဖား အုပ်စုများကို
သိုးအုပ်စု ဟု သတ်မှတ်ကြပြီး အမှားအမှန် ဝေဖန်ရဲ
ပြောရဲ ဆိုရဲ သူများကို ဆိတ်များဟု ခေါ်ဆိုကြသည်။)

    အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ထဲတွင် မြန်မာပြည်
အခြေနေများအကြောင်းကို ပွင့်ပွင့်လင်းလင်း
ဆွေးနွေး၍ ရသော သူတစ်ဦးပါဝင်ပါသည်။ ထိုသူက
ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်ချက်များ သိပ်ရဲ လွန်း
သည်ဟု ယူဆသောအခါများ၌ "စု" ကယုံကြည်ချက်
အရ သတ္တိရှိယုံမက' အဆက်အနွယ်ရလည်း သတ္တိရှိ
တာကိုး" ဟု နောက်ပြောင်လေ့ရှိသည်။

သူဆိုလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်
 ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ သမီးဖြစ်သဖြင့် တော်တော်နှင့်နှိမ်လို့ရမည် မဟုတ်ထင်ပုံရလေ
သည်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်သည် သွေးသားအရထက်စိတ်ဓာတ်အရ သူမ၏ မိဘနှစ်ပါး၏ သမီး ပီသသူ တစ်ဦးပင်ဖြစ်လေသည်။

ကုလသမဂ္ဂရုံး၌ သုံးနှစ်ခန့် ဒေါ်အောင်ဆန်းစုကြည် တာဝန်ထမ်းဆောင် အလုပ် လုပ်ခဲ့လေသည်။

 ဒေါ်သန်းအေး၏ ဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြပါသည်။

လေးစားစွာဖြင့်

ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ

Credit: ဥာဏ်လှိုင် (ခ) ရန်ငြိမ်းသူ
ZN.H

No comments:

Post a Comment