ဦးခေါင်းအလယ်မှာ မွေးရာပါ အက်ကြောင်းကြီးပါလာတဲ့ ကလေးငယ်
ကမ္ဘောဒီးယားမှ ကလေးငယ်တစ်ယောက်ဟာ ဦးခေါင်းမှာ မွေးရာပါ အက်ေ ကြာင်းကြီးတစ်ခု ပါလာခဲ့ပါတယ်။ဆရာဝန်တွေကို အကူအညီတောင်းေ ပမယ့်လည်း ဒါဟာ မွေးရာပါ ချို့ယွင်းချက်လို့ ပြောခဲ့ကြပါတယ်။ကလေးရဲ့ နာမည်ကတော့ Pheaktra Pov ပါ။မိခင်ဖြစ်သူ Sreyက အသက်(၄၀) မှာ မွေး ခဲ့တာဖြစ်ပြီး၊ကလေးငယ်ဟာ(၇)လနဲ့မွေးခဲ့တာပါ။
ကလေးငယ်ရဲ့ မွေးရာပါ ချို့ယွင်းချက်ကြောင့် ကုသမှုတစ်စုံတစ်ရာမှ မပေးပဲ ကလေးကို အိမ်ပြန်ပို့ပေးခဲ့ပါတယ်။အခုဆိုရင်တော့ ကလေးဟာ (၆)နှစ်သား အရွယ်ရောက်နေပြီဖြစ်ကာ အက်ကြောင်းဟာလည်း ပိုနက် ပိုကြီးလာပါတယ်။ အက်ကြောင်းဟာ ဦးခေါင်းနောက်ဘက်မှ နှာဖူးအထိရှိနေတာပါ။ဆရာဝန် ဆီ ပြ ကြည့်တော့လည်း တတ်နိုင်တာဘာမှမရှိဘူးလို့ ပြောခဲ့ပါတယ်။ကေ လးငယ်ရဲ့ အဖွားကတော့ ကုသနိုင်မယ့် နည်းကို ရအောင်ရှာမယ်လို့ ဆုံးဖြတ်ထားပါတယ်။
ကိုယ်ဝန်သုံးလတုန်းက ဆရာဝန်ဆီပြခဲ့ပေမယ့် အားလုံးအဆင်ပြေတယ် လို့ ပြောခဲ့ပါတယ်။ဒါပေမယ့်ကိုယ်ဝန်(၇)လမှာတော့ ပြဿနာရှိခဲ့ကြောင်း၊ဒါပေမယ့် အဲ့ဒီအချိန်မှာ အားလုံး နောက်ကျသွားပြီလို့ အဖွားအေဖြစ်သူက သမီးဖြစ်သူ ကိုယ်ဝန်လွယ်တုန်းက အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ကလေးခေါင်းပေါ်က အက်ကြောင်းကလည်း ဒီအတိုင်းရှိမနေပဲ ပိုပိုကြီးလာခဲ့ပါတယ်။Pheaktra ရဲ့ အဖွားကတော့ ကလေးကိုကုသပေးနိုင်ဖို့အတွက် အကူအညီပေးဖို့ အပတ်တိုင်း ဘုရားကျောင်းသွားပြီး အလှူခံတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
Credit: shwemom
SearchMyanmar
Friday, March 10, 2017
ဦးခေါင်းအလယ်မှာ မွေးရာပါ အက်ကြောင်းကြီးပါလာတဲ့ ကလေးငယ်
ဦးခေါင်းအလယ်မှာ မွေးရာပါ အက်ကြောင်းကြီးပါလာတဲ့ ကလေးငယ်
Reviewed by Ar Ti
on
9:07 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment