Latest News

Friday, March 10, 2017

Myanmar Idol ပြိုင်ပွဲကို နှုတ်ဆက်သွားရသူ ဇင်ကြီးနဲ့ မိုင်းမိုင်းဆန်း

Myanmar Idol ပြိုင်ပွဲကို နှုတ်ဆက်သွားရသူ ဇင်ကြီးနဲ့ မိုင်းမိုင်းဆန်း

သူတို့ရဲ့ ပရိသတ်တွေကတော့ ဝမ်းနည်းနေကြပါတယ်။

Pantene Wild Card နဲ့ Myanmar Idol ပြိုင်ပွဲကို ပြန်လည်ရောက်ရှိလာသူ ဇင်ကြီးနဲ့ Top 4 ပြိုင်ပွဲဝင်မိုင်းမိုင်းဆန်းတို့ကတော့ Myanamr Idol ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရပါပြီ။ မတ်လ(၉)ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြတဲ့ Blue Music အမျိုးအစားမှာတော့ ပြိုင်ပွဲဝင်ငါးဦးစလုံးက အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ကြပြီး ဒိုင်တွေရဲ့ ကောမန့်ကောင်းတွေကို ရရှိထားနိုင်ခဲ့ပေမယ့် မတ်လ(၁၀)ရက်နေ့ ဒီနေ့ကျင်းပတဲ့ ပွဲကတော့ သူတို့အတွက် နှုတ်ဆက်ပွဲ ဖြစ်ခဲ့ပါတယ်။

Bottle 3 မှာ Voting အနည်းဆုံး ပြိုင်ပွဲဝင်သုံးဦးဖြစ်တဲ့ ဘီလီလမင်းအေး၊ မိုင်းမိုင်းဆန်း၊ ဇင်ကြီးတို့က ထိုင်ခဲ့ရပေမယ့် ဘီလီလမင်းအေး ကတော့ နောက်တစ်ဆင့်ကို ယှဉ်ပြိုင်နိုင်ဖို့ အခွင့်အရေး ရသွားခဲ့ပါတယ်။

ဒိုင်တွေအနေနဲ့ကလည်း တစ်ယောက်ပြီးတစ်ယောက်ပြိုင်ပွဲကနေ နှုတ်ဆက်သွားရတာတွေကို မလိုချင်ပေမယ့် Myanmar Idol အစဉ်အလာအရ ပြိုင်ပွဲဝင်တစ်ဦးတည်းကသာ Winner ဖြစ်ရမှာမို့ နှုတ်ဆက်ထွက်ခွာသွားရတဲ့ ပြိုင်ပွဲဝင်တွေအတွက် စိတ်မကောင်းရုံသာလွဲပြီး မတတ်နိုင်ခဲ့ပါဘူး။ ဇင်ကြီးနဲ့ မိုင်းမိုင်းဆန်းတို့ရဲ့ ပရိသတ်တွေလည်း ဝမ်းနည်းနေကြပါတယ်။

နောက်တစ်ပတ်ယှဉ်ပြိုင်မှုမှာတော့ ပြိုင်ပွဲဝင်သုံးဦးဖြစ်ကြတဲ့ သားငယ်၊ ပိုးမီ၊ ဘီလီလမင်းအေးတို့သာ ကျန်ရှိနေပါတော့တယ်။ နောက်တစ်ပတ်ယှဉ်ပြိုင်မှုမှာတော့ ဂီတနဲ့ ခွန်အားဖြစ်စေမယ့် သီချင်းအမျိုးအစားများကို ရွေးချယ်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်သုံးဦးထဲကမှ Final နှစ်ဦးသာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

Duwun

No comments:

Post a Comment