Latest News

Thursday, March 9, 2017

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု နှုန်းထားသည် ၅ ရာခိုင်နှုန်းသာ ရှိ

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု နှုန်းထားသည် ၅ ရာခိုင်နှုန်းသာ ရှိ

မြန်မာနိုင်ငံ၏ သွယ်ဝိုက်ခွန် ကောက်ခံမှု အခွန်နှုန်းသည် ၅ ရာခိုင်နှုန်း သာရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အခွန်ကောက်ခံမှု နှုန်းထားများကို အများပြည်သူ သိရှိနိုင်ရန်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနက ကမ္ဘာ့နိုင်ငံများနှင့် အာဆီယံနိုင်ငံများ၏ သွယ်ဝိုက်ခွန် ကောက်ခံမှု အခွန်နှုန်းများ ယှဉ်တွဲဖော်ပြ ကြေညာမှုတွင် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်၊ တန်ဖိုးဖြည့်ခွန်၊ ကုန်စည်နှင့် ၀န်ဆောင်မှုခွန်တို့ ကောက်ခံရာတွင် ၅ ရာခိုင်နှုန်းသာ ရှိကြောင်း ယှဉ်တွဲ ဖော်ပြထားခြင်းဖြစ်သည်။

အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအချို့၏ အခွန်ကောက်ခံနှုန်းထားများအရ မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု နှုန်းထားအနေဖြင့် အနည်းဆုံးဖြစ်ကြောင်း သိရသည်။ အာဆီယံနိုင်ငံများအတွင် ဖိလစ်ပိုင်သည် အခွန်ကောက်ခံမှု နှုန်းထား အမြင့်ဆုံးဖြစ်ပြီး ၁၂ ရာခိုင်နှုန်းရှိသည်။

ကမ္ဘာ့နိုင်ငံများတွင် ဒိန်းမတ်နှင့် နော်ဝေ တို့၏ အခွန်ကောက်ခံမှု နှုန်းမှာ ၂၅ ရာခိုင်နှုန်းရှိပြီး ဂျပန်နိုင်ငံမှလွဲ၍ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ နယူးဖီလန်တို့မှာ အာဆီယံနိုင်ငံများထက်ပင် ရာခိုင်နှုန်း ပိုမိုကောက်ခံကြ ကြောင်း သိရသည်။

The Ladies News

No comments:

Post a Comment