Latest News

Thursday, March 9, 2017

လားရိုးမြို့ မန်ဆူဘုန်းကြီးကျောင်းကို ရောက်ရှိလာတဲ့ လောက်ကိုင်စစ်ဘေးရှောင်၂၀၀၀ ကျော်ရှိပြီ

လားရိုးမြို့ မန်ဆူဘုန်းကြီးကျောင်းကို ရောက်ရှိလာတဲ့ လောက်ကိုင်စစ်ဘေးရှောင်၂၀၀၀ ကျော်ရှိပြီ

ရန်ကုန်။ မတ် ၉  - တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့ ကို စွန့် ခွာပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်သူဦးရေ နှစ်ထောင်နီးပါးလောက် စစ်ဘေးရှောင်ယာယီကယ်ဆယ်ထားတဲ့လားရှိုးမြို့  မန်ဆူဘုန်းကြီးကျောင်းမှာ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မနေ့ က (မတ်လ၈ )ရက်နေ့ မနက်ပိုင်းက မန်ဆူဘုန်းကြီးကျောင်းမှာ လောက်ကိုင်မြို့ က စစ်ဘေးရှောင်သူ ဦးရေ ၁၂၀၀ ကျော်သာရှိပေမယ့် ညနေပိုင်းမှာ ထပ်တိုးရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ ”စဖြစ်တဲ့နေ့ ကနေ ဒီနေ့ အထိ အားလုံးစုစုပေါင်း ၂၀၀၀ ကျော်ရှိလာပါပြီ။ မနေ့ ကတော့ တစ်ထောင်ကျော်ပဲရှိတာ။ ညက ထပ်တိုးလာတာပါ။ ဒီနေ့ လည်း လောက်ကိုင်ဘက်က ထပ်ရောက်လာဖို့ လည်း ရှိတယ်။ ချင်းရွှေဟော်အထိ သွားခေါ်ဖို့ လည်း ကူညီကယ်ဆယ်ရေးအဖွဲ့ တွေက စီစဉ်ပေးနေပါတယ်။ အခုထိတော့ စစ်ရှောင်သူတွေ ပြန်ဖို့ အခက်အခဲမရှိသေးပါဘူး။

ဟိုဘက်မှာလည်း ကယ်ဆယ်ရေးသမားတွေက ကူညီပေးနေပါတယ်” လို့ မန်ဆူဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဦးပုညနန္ဒက ပြောပါတယ်။ မတ်လ ၆ ရက်နေ့ က ရှမ်းပြည်နယ်မြောက်ပိုင်းကိုးကန့် ဒေသ လောက်ကိုင်မြို့ နဲ့ ပတ်ဝန်းကျင်နေရာတွေမှာ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)ကိုးကန့် အဖွဲ့ က မြန်မာတပ်မတော်တပ်စခန်းတွေ၊ အစိုးရဌာနဆိုင်ရာတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့လို့  မြန်မာတပ်မတော်နဲ့ MNDDAAကိုးကန့် အဖွဲ့ တို့ အကြားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လောက်ကိုင်မြို့ က ဒေသခံအရပ်သားတွေ၊ အစိုးရ၀န်ထမ်းတွေနဲ့  အလုပ်သမားတွေဟာ မတ်လ ၇ ရက်နေ့ က စပြီး လောက်ကိုင်မြို့ ကို စွန့် ခွာထွက်ပြေးနေကြတာဖြစ်ပါတယ်။လတ်တလောရရှိတဲ့ စာရင်းတွေ အရ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေသူလူဦးရေ ၁၀၀၀ ကျော်ခန့် ရှိပါတယ်။ ဒါ့အပြင် လားရိုးမြို့ ဘက်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်သူ ဦးရေဟာ ၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

”လောက်ကိုင်ဘက်က ပြေးလာတဲ့ လူတွေမှာ ကိုယ့်အစီအစဉ်နဲ့ ပြန်သွားကြတာတွေရောဆိုရင် အားလုံး လေးထောင်လောက်တော့ရှိပြီ။ ကျောင်းမှာ ခေတ္တနားပြီးပြန်သွားကြတယ်။ အခုတော့ ကျောင်းမှာ၂၀၀၀ ကျော်ရှိတယ်လေ။လောလောဆယ်အထိတော့ ဘာမှ မလိုအပ်ပါဘူး။ အလှူရှင်တွေ၊ လူကယ်ပြန်တို့ ၊ ပြည်နယ်အစိုးရအဖွဲ့ တွေရော ပူးပေါင်း လုပ်ဆောင်နေကြပါတယ်။ အဆင်ပြေနေပါသေးတယ်။” လို့ ဆရာတော် ဦးပုညနန္ဒက ပြောပါတယ်။

ဒါ့အပြင် သည်ကနေ့ မှာလည်း စစ်ဘေးရှောင်သူ ဦးရေ ၃၀၀ ကျော်လောက် ထပ်ရောက်လာဖို့ ရှိတယ်လို့  သိရပါတယ်။ ဝေဋုကျော်ဖောင်းဒေးရှင်းမှ ကိုဝေဋုကျော်ကလည်း- ”ကျွန်တော်က တက်မှာ လမ်းပမ်းအခြေအနေတော့ မသိဘူး။ သွားခွင့်တော့ရတယ်။

အခု ကျွန်တော်တို့ ကြားတာက လူငါးဆယ်လောက် တက်လာမယ်ကြားလို့  သွားခေါ်မယ်။ နောက်ရောက်လာမယ့် သူတွေအတွက် လည်း အစာခြောက်တွေ၊ ခေါက်ဆွဲခြောက်တွေတင်သွားမယ်။ ကျွန်တော်တို့ ရသလောက် ဆွဲခေါ်နိုင်ဖို့ စီစဉ်ထားတယ် ” လို့  ပြောပါတယ်။

လောလောဆယ်မှာတော့ လောက်ကိုင်မြို့ မှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားပါတယ်။ လောက်ကိုင်မြို့ ပေါ်မှာလူဦးရေတစ်သိန်းခွဲကျော်ရှိပြီး တိုက်ပွဲဖြစ်ပွားပြီး နှစ်ရက်အကြာမှာ အရပ်သားအားလုံးနီးပါးဟာ စစ်ဘေးလွတ်ရာကို ထွက်ပြေးနေကြပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကိုးကန့် ဒေသမှာမြန်မာ-တရုတ်နယ်စပ်တလျှောက်မှာတော့ MNDAAကိုးကန့် အဖွဲ့ နဲ့  မြန်မာတပ်မတော်တို့ အကြားပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပေါ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Author ချမ်းသာ

Kumudra

No comments:

Post a Comment