Latest News

Thursday, March 9, 2017

ဝိန့်ဖူးရွှေဆိုင်အတွင်းက ရွှေထည်တန်ဖိုးကျပ်သိန်း၃၂၀ခန့် ဖောက်ထွင်းခံရ

ဝိန့်ဖူးရွှေဆိုင်အတွင်းက ရွှေထည်တန်ဖိုးကျပ်သိန်း၃၂၀ခန့် ဖောက်ထွင်းခံ


ဈေးချိုတော်အနီးရှိ ၀ိန့်ဖူးရွှေဆိုင်အတွင်းရွှေထည်တန်ဖိုးကျပ်သိန်း၃၂၀ခန့် ဖောက်ထွင်းခံရ

မန္တလေး၊မတ်၉
မန္တလေးမြို့၊ဈေးချိုတော်အနီး၂၆လမ်း၊၈၄လမ်းထောင့်ရှိ ၀ိန့်ဖူးရွှေဆိုင်အတွင်းက ရွှေထည်တန်ဖိုးကျပ်သိန်း၃၂၀ခန့် ဖောက်ထွင်းခံရတယ်လို့ အဲသည်ရွှေဆိုင်ပိုင်ရှင်ထံက သိရပါတယ်။
ယနေ့(မတ်လ၉ရက်)နံနက် ၆း၄၀နာရီခန့် ၀ိန့်ဖူးရွှေဆိုင်ပိုင်ရှင်အမျိုးသားဟာ အောင်မြေသာစံမြို့နယ်ရှိသူ့ရဲ့နေအိမ်မှာရှိနေချိန် ရွှေဆိုင်ကစာရေးမဖြစ်သူက ဆိုင်တံခါးပွင့်နေကြောင်းပြောရာက
သွားရောက်စစ်ဆေးရာ ဆိုင်အတွင်းရှိ ပစ္စည်းတွေပြန့်ကြဲကာ မီးခံသေတ္တာလည်း ဖျက်ဆီးခံထားရတာကိုတွေ့ရှိရတာဖြစ်ပါတယ်။
ဖျက်ဆီးခံထားရတဲ့ မီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းတွေကိုစစ်ဆေးရာ စက်ဖြတ်လက်ကောက်၊ ဆင်ထည်လက်ကောက် စုစုပေါင်းတန်ဖိုးကျပ်သိန်း၃၂၀ခန့် ပျောက်ဆုံးနေတာကို သိရှိရပါတယ်။
“တန်ဖိုး သိန်း၃၂၀ ပျောက်ဆုံးသွားတယ်။နေ့လည်ပိုင်းက အမှတ်၈ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားတယ်”လို့ ၀ိန့်ဖူးရွှေဆိုင်ပိုင်ရှင်ဒေါ်နုနုဝင်းကပြောပါတယ်။
ယခုလို ၀ိန့်ဖူးရွှေဆိုင်ဖောက်ထွင်းခံရမှုနဲ့ပတ်သက်ပြီး ရွှေထည်ခိုးယူသူကို အရေးယူ ဖမ်းဆီးရမိဖို့ ချမ်းအေးသာစံမြို့နယ်ရဲစခန်းကို တိုင်တန်းကာ ဆောင်ရွက်ထားပါတယ်။

author /photo နန်းဟေမာထွေး

Kumudra

No comments:

Post a Comment