Latest News

Tuesday, March 28, 2017

မျှင်ငါးပိကုန်ကြမ်း အိတ်စပို့ကို အခွန်တိုးကောက်နည်းနဲ့ ထိန်းချုပ်ဖို့ မဖြစ်နိုင်

မျှင်ငါးပိကုန်ကြမ်း အိတ်စပို့ကို အခွန်တိုးကောက်နည်းနဲ့ ထိန်းချုပ်ဖို့ မဖြစ်နိုင်

နေပြည်တော်၊ မတ် ၂၇ - မျှင်ငါးပိပြုလုပ်ရာမှာ ကုန်ကြမ်း အဖြစ်သုံးတဲ့ မျှင်ကောင်လေးတွေ ပြည်ပတင်ပို့မှုများလာတာကို အခွန်တိုးကောက်တဲ့နည်းနဲ့ ထိန်းချုပ်လို့ မရနိုင်ဘူးလို့ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ မျှင်ကောင်လေးတွေကို မျှင်ငါးပိအထိ မပြုလုပ်တော့ဘဲ ဆားလူးပြီး ပြည်ပကိုတင်ပို့နေတဲ့အတွက်ကြောင့် ငါးပိလုပ်တဲ့သူတွေအနေနဲ့ ဝင်ငွေနည်းပါးနေသလို မျှင်ငါးပိထုတ် လုပ်ရာမှာလည်း ကုန်ကြမ်း ရှားပါးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ငါးပိငါးခြောက်၊ ငံပြာ ရည်ထုတ်လုပ်ရောင်းဝယ်သူများအသင်း အနေနဲ့ရေထွက်ကုန်ရဲ့ ပို့ကုန်အခွန်ကို တိုးမြှင့်ကောက်ခံဖို့ ရန်ကုန်တိုင်းဒေသကြီးရှိ ငါးလုပ်ငန်းဦးစီးဌာနကိုတင်ပြထားတယ်လို့ သိရပါတယ်။

‘ဒါက တကယ်တော့ အခွန်တိုးကောက်တာနဲ့မဆိုင်ဘူး၊ ပြည်ပက ဝယ်လိုအားရှိနေသရွေ့ပို့မှာပဲ၊ ဈေးသာမြင့်သွားမယ် တင်ပို့မှုက ရပ်မှာမဟုတ်ဘူး၊ အခွန်ကိစ္စကတော့ တိုင်းဒေသကြီးအစိုးရ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးထားတယ်၊ တိုးကောက်မကောက်တော့ သူတို့ပဲ ဆုံးဖြတ်မှာပါလို့ မွေးရေကျေးလက်မှ လက်ထောက်အတွင်း ဝန် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

မျှင်ငါးပိလုပ်ဖို့အတွက ဆားလူးထားတဲ့မျှင်ကောင်လေးတွေကို ထိုင်းနိုင်ငံဆီ အများဆုံးတင်ပို့နေပြီး ပြည်တွင်းမှာမျှင်ငါးပိလုပ်ဖို့ ကုန်ကြမ်းရှားပါးလာသလို မျှင်ငါးပိဈေးလည်း တဖြည်းဖြည်းမြင့်တက် လာတယ်လို့ သိရပါတယ်။

‘ဒီကိစ္စကလုပ်ငန်းရှင်အချင်းချင် ညှိနှိုင်းပြီးလုပ်ရမှာ၊ အခွန်တိုး ကောက်လိုက်တာနဲ့ မပြီးဘူး၊ ရောင်းတဲ့သူကတော့ ဈေးကောင်းပေး တဲ့ဆီရောင်းမှာပဲ၊  ဒါကို ရန်ကုန်တိုင်းကဘယ်လိုစီစဉ်မယ်တော့မသိဘူးလို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံ ငါးပိ ငါးခြောက် ငံပြာရည် ထုတ်လုပ်ရောင်း ဝယ်သူများအသင်းအနေနဲ့ မျှဉ်ငါးပိထုတ်လုပ် ခြင်းအတွက် ကုန်ကြမ်းရှားပါးမှုကို ကာကွယ်ပေးဖို့နဲ့ အခွန်တိုး ကောက်ခံဖို့ ငါးလုပ်ငန်းဦးစီးဌာနကို တင်ပြတောင်းဆိုထားပါတယ်။
မာရီခိုင်(Kumudra)

No comments:

Post a Comment