Latest News

Friday, March 17, 2017

အပျိုပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် လှဖို့လိုအပ်တယ် ~ ချမ်းချမ်း

အပျိုပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် လှဖို့လိုအပ်တယ် ~ ချမ်းချမ်း

ပွဲတက်တွေမှာ ခင်ပွန်းသည် ဖြစ်သူနဲ့ Fashion အရောင်ဆင်တူ နဲ့တက်ဖြစ်နေတာက ချမ်းချမ်းပါ။ ဖက်ရှင်အလှအပနဲ့ပတ်သက်လို့ ခဏတာမေးဖြစ်ခဲ့ပါတယ်။
Q. ဖက်ရှင်တွေ ခုတလော ဆင်တူဖြစ်နေတယ်နော်။
A. ချမ်းချမ်းက Surprise ဆို ပြီး ခုကုတ်အင်္ကျီလေးကို လက်ဆောင်လုပ်ပေးတာ။ ဆိုင်ကအစ်မ တွေကလည်း သူ့စိတ်တိုင်းကျ ဘယ်လိုလုပ်ပေးရမလဲ အကြံတောင်းတော့ သူနဲ့လိုက်မယ့်အရောင်လေး ပြောပြဖြစ်တော့ ချုပ်ပေးဖြစ်တာ။ ခုဒီပွဲလာစရာရှိတော့ သူက အဲဒီ အင်္ကျီဝတ်မယ်ဆိုတော့ ကိုယ်လည်း အင်္ကျီမြန်မြန်ကောက်ချုပ်ရတယ်။ ကိုယ်ထောင်တဲ့ဇာတ် ကိုယ့်ဘာသာ ကိုယ်ကရတာပေါ့။ ချမ်းချမ်းဝတ်စုံက ဒီဇိုင်နာ မရှိုင်းပါ။
Q. ပွဲတက်ဝတ်စုံတွေအတွက် ဖက်ရှင်ကို ဘယ်လိုရွေးချယ်ပြင်ဆင်လေ့ရှိလဲ။
A. ချမ်းချမ်းက တစ်ယောက်တည်းပွဲတက်တာနည်းတယ်။ စုံတွဲ တက်တာများတယ်။ အ၀တ်အစားက နှစ်ယောက်တိုင်ပင်ပြီးဝယ်ဖြစ်တယ်။ အနက်ပဲဝတ်ဖြစ်တာများတယ်။ အနက်၊ ရွှေရောင်၊ ခဲရောင်က ၀တ်ဖြစ်တာများတယ်။ တခြား အဖြူနဲ့ စိုတဲ့အရောင်တွေ သိပ်မ၀တ်ဖြစ်ဘူး။ ချမ်းချမ်းက အရောင် တောက်တောက်တွေဝတ်ရင် ကြည့် ကောင်းတဲ့အထဲမပါဘူး။ ကိုယ်ကပဲ ရင့်နေလို့လားမသိဘူး။ နုနေတဲ့ အရောင်တွေဝယ်လို့မရဘူး။
Q. သမီးမွေးပြီးမှ ပိုလှနေသလို ပဲ။
A. ဒီလိုပါပဲ။ ခင်ပွန်းက စိတ်ချမ်းသာအောင်ထားလို့ဖြစ်မယ်။
Q. Body Beauty အတွက် ရော လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ် လား။
A. Body Beauty အတွက် Unique Gym မှာ ကစားဖြစ်တယ်။ Real Slim သောက်တယ်။ ပြီးတော့ ညဘက် ထမင်းမစားဘူး။ နေ့တိုင်း ပုံမှန်လမ်းလျှောက်ဖြစ်တယ်။
Q. လုပ်ငန်းခွင်တစ်ဖက်နဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် အကြံပေးမလား။
A. အဓိက အိမ်ထောင်ကျ သွားပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် လွှတ်မထားဖို့ အရေးကြီးတယ်။ လှပဖို့က အိမ်ထောင်သည်ပဲဖြစ်ဖြစ်၊ အပျိုပဲ ဖြစ်ဖြစ် လိုအပ်တယ်။ ကိုယ့်အရွယ် နဲ့ကိုယ်ဝတ်တဲ့အ၀တ်အစားဆင်ယင် မှုကို ဖက်ရှင်ကျကျဝတ်မယ်ဆိုရင် အိမ်ထောင်ရှင်အမျိုးသမီးတွေက ပို ပြီးတော့ ကြည့်ကောင်းပါတယ်။
Q. သင်္ကြန် ဘယ်မှာရှိမလဲ။
A. လောလောဆယ် မသေချာသေးဘူး။ မဏ္ဍပ်တွေလည်း မသေချာတော့ တခြားနယ်တွေပဲ သွားဖြစ်ဖို့များပါတယ်။ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်က ဒီနှစ်ဆိုဖြစ် မယ်မထင်ဘူး။

Sources : ကလောင် - Olive ( 8DAYS )

No comments:

Post a Comment