Latest News

Friday, March 17, 2017

၂၀၁၈ မှာ စတင်ပြီး သူနာပြုများ လျော်ကြေးပေးလို့ မရဘဲ နိုင်ငံ့တာဝန် မပျက်မကွက်ထမ်းဆောင်ရမယ်

၂၀၁၈ မှာ စတင်ပြီး သူနာပြုများ လျော်ကြေးပေးလို့ မရဘဲ နိုင်ငံ့တာဝန် မပျက်မကွက်ထမ်းဆောင်ရမယ်

ရန်ကုန်၊ မတ် ၁၈ - လာမယ့် ၂၀၁၈ပညာသင်နှစ်မှာ စတင်ဝင်ရောက်မယ့် သူနာပြုတက္ကသိုလ်ကျောင်းသူကျောင်းသားများဟာ ဘွဲ့ရပြီးရင် နိုင်ငံ့တာဝန်ကို ၃နှစ်တိတိ မပျက်မကွက် ထမ်းဆောင်ရတော့မယ်လို့ သိရပါတယ်။ ” နိုင်ငံတော်က လျော်ကြေးလိုချင်တာမဟုတ်ပါဘူး ။

သူနာပြုတွေ အမှန်တကယ် ရှားပါးနေတဲ့ အတွက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်စေချင်တာပါ ” လို့ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသာထွန်းကျော် က ပြောပါတယ်။

ယခင်က သူနာပြုတက္ကသိုလ်တက်မယ်ဆိုရင် ၂နှစ် သို့မဟုတ် ၃နှစ် တာဝန်ထမ်းဆောင်ဖို့ လက်မှတ် ထိုးရကြောင်း မထမ်းဆောင်ပါက စာချုပ်ဖောက်ဖျက်တဲ့ လျော်ကြေး ၄သိန်းပေးပြီး လိုင်စင်ထုတ်လို့ ရတယ်လို့ သိရပါတယ်။

၂၀၁၈ပညာသင်နှစ်က စတင်ပြီး စာချုပ်မှာ လျော်ကြေး ကိစ္စမပါတော့ဘဲ နိုင်ငံတာဝန်ကို ၃နှစ်တိတိ မပျက်မကွက်ထမ်းဆောင်ရမယ်လို့ ပါရှိမှာ ဖြစ်ပါတယ်။

” အခုတက်နေတဲ့ လူဟောင်းတွေကတော့ နဂိုစာချုပ်အတိုင်းပဲပေါ့ ၂နစ်ဖြစ်တဲ့ သူလည်းဖြစ်မယ် ၃နှစ်သမားလည်း ရှိမယ်။ လျော်ကြေးပေးမယ့် သူလည်း ရှိမှာပါ” လို့ သူနာပြုနဲ့ သားဖွားကောင်စီ ဥက္ကဌ ဒေါ်ဖြူဖြူ က ပြောပါတယ်။

နိုင်ငံတာဝန်ထမ်းဆောင်နေပြီး သူနာပြုနဲ့ သားဖွားကောင်စီလိုင်စင် မရသေးတဲ့ သူနာပြုတွေကိုလည်း လိုင်စင်စာအုပ်များ ထုတ်ပေးမယ်လို့ သိရပါတယ်။

နိုင်ငံတာဝန်မထမ်းဆောင်တဲ့ သူနာပြုတွေကို လိုင်စင်စာအုပ် ထုတ်ပေးမှာ မဟုတ်ဘဲ ၃နှစ်တာဝန် တာဝန်ထမ်းဆောင်နေချိန်အတွင်း အကြောင်းအမျိုးမျိုးကြောင့် တာဝန်မထမ်းဆောင်နိုင်ဘဲ ပျက်ကွက်ခဲ့ရင်တော့ လိုင်စင်စာအုပ်ပြန်သိမ်းသွားမယ်လို့ သိရပါတယ်။ လိုင်စင်သက်တမ်းမတိုးဘဲ အလုပ်လုပ်ကိုင်နေတဲ့ သူနာပြုများကိုလည်း သူနာပြုနဲ့ သားဖွားကောင်စီ ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သိရပါတယ်။
အောင်လေး( Kumudra )


No comments:

Post a Comment