Latest News

Monday, March 20, 2017

အကယ်ဒမီပွဲမှာ ဇာတ်ပို့ဇာတ်ရံတချို့ စပွန်ဆာရရှိလို့ ဝမ်းသာပျော်ရွှင်နေ

အကယ်ဒမီပွဲမှာ ဇာတ်ပို့ဇာတ်ရံတချို့ စပွန်ဆာရရှိလို့ ဝမ်းသာပျော်ရွှင်နေ

ယခုနှစ် အကယ်ဒမီဆုချီးမြှင့်ပွဲမှာ သူတို့ရဲ့ဝတ်စုံတွေနဲ့ လှပပျော်ရွှင်စွာ ပွဲတက်လာကြသလို အကယ်ဒမီ မင်းသား၊ မင်းသမီးတွေကို အားပေးခဲ့ကြတယ်။

ရန်ကုန်၊ မတ် ၁၉ - ယခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲမှာ ဇာတ်ပို့ ဇာတ်ရံ တချို့ ပွဲတက်ဝတ်စုံတွေ ပထမဆုံး စပွန်ဆာရရှိတဲ့အတွက်ဝမ်းသာပျော်ရွှင်ခဲ့ကြတယ်လို့ သိရပါတယ်။ ရွှေချိန် ၆၀ ကျပ်သားကို ဆင်မြန်းထားရ လို့ဝမ်းသာပျော်ရွှင်နေတဲ့ သရုပ်ဆောင် ဂွမ်းပုံကြီးက အင်္ကျီအဝတ်အစားကတော့ ဒီဇိုင်နာရှိုင်းသူရပါ၊ မိတ်ကပ်နဲ့ ဆံပင်က တော့ မန္တလေးက မြတ်လေးခိုင်၊ ကျန်တာလက်ဝတ်လက်စားကတော့ကိုယ့်ဒီဇိုင်းပဲ၊ ရွှေဝတ်စုံဆင်မြန်းရ တဲ့အတွက် အရမ်းဝမ်းသာတာပေါ့၊ ရွှေဝတ်စုံဝတ်တယ်ဆို တာတော်ရုံတန်ရုံဝတ်နိုင်တာမှ  မဟုတ်ဘဲ  ၆၀ သားလောက်ပါပဲ၊ ပျောက်ရှမှာ စိုးရိမ်တာတော့ မရှိပါဘူး၊ ဆင်ထားတာတွေက အကုန်လုံးခိုင်ခံ့တယ်ဆိုတော့လေ၊ ပျောက်မှာလဲမဟုတ်ပါဘူးလို့ သူ့ရဲ့ခံစားချက်ကို ပြောပါတယ်။

ယခုနှစ်မှာမှ ပိုးထည်နဲ့လက်ဝတ်ရတနာတွေစပွန်ဆာရရှိလို့  အရမ်းပျော်ပါ တယ်ဆိုတဲ့ ဇာတ်ပို့သရုပ်ဆောင် သူဇာပွင့်ကလည်း အရင်နှစ်ကတော့ကိုယ့်ဟာ ကိုယ်အဆင်ပြေသလိုလေးပြင်ပြီးလာကြရတာပေါ့နော်၊ ဒီနှစ်ကျတော့ ပိုးထည် တိုက်တွေကိုယ်တိုင်ကကို ညီမလေးရေ ဒါလေးဝတ်ပေးပါဆိုပြီး ကမ်းလှမ်းလာကြ တယ်။  သူတို့ကိုယ်တိုင် ဒီဇိုင်းတွေဆင်ပေးလာကြတာ၊ ဇာတ်ပို့ ဇာတ်ရံတွေကို စပွန်ဆာပေးတာ သိပ်မရှိဘူးလေ၊ အဲဒီအတွက် အစ်မ တို့ပျော်တယ်၊ ဘာလို့လဲဆို ကိုယ်တွေဇာတ်ပို့ ဇာတ်ရံတွေကိုအဲဒီလိုမျိုးပံ့ပိုးပေးတဲ့သူက သိပ်မရှိဘူးလေ၊ ကိုယ်တွေကို အဲဒီလိုမျိုးပံ့ပိုးကူညီပေးတဲ့အတွက် ရွှေပိုး ချည်မျှင်ပိုးထည်တိုက် ကိုလဲ ကျေးဇူးတင်ပါတယ်၊ သူတို့က တခြားသူတွေဆီမှာရထားပြီထင်လို့တဲ့၊ အစ်မတို့  အဝတ်အစားလေးတွေကိုဝတ်ပေးပါလားဆိုပြီးလာဆင်ပေးတာပါ၊ ဆင်ကိုးကောင်ကတော့ နှစ်တိုင်းဇာတ်ပို့ ဇာတ်ရံတွေအကုန်လုံးကို ဖိနပ်တွေစပွန် ဆာပေးပါတယ်၊  လက်ဝတ်ရတနာအတွက်ကတော့ သူတို့ကရတယ်တဲ့ confidence ရှိရှိသွားဖို့ပြောတယ်၊ သူတို့ တာဝန်ယူပါတယ်တဲ့၊ ပိုးထည်စပွန်ဆာ ကတော့ ဒီနှစ်မှရတာပေါ့လို့ ပြောပါတယ်။

သရုပ်ဆောင် သူဇာပွင့်ကို ရွှေပိုးချည်မျှင်နဲ့ ပိုးထည်တိုက်က လက်ဝတ်ရတနာနဲ့ အဝတ်အစားတွေပံ့ပိုးပေးပြီး ဖိနပ်ကိုတော့ ဆင်ကိုးကောင်ဖိနပ်(အောင်သီရိရုပ် ရှင်ထုတ်လုပ်ရေး)က ပံ့ပိုးကူညီပေးတယ်လို့သိရပါတယ်။

ဟားတစ်သိုက် လူရွှင်တော်အဖွဲ့ကလည်း ယခုနှစ်မှာမှ ပထမဆုံးစပွဆာရရှိတဲ့ အတွက်ပျော်ရွှင်နေကြပြီး နှစ်တိုင်းလည်း စပွန်ဆာပေးနိုင်ကြပါစေလို့ ဆုတောင်း ထားကြပါတယ်။

ကျွန်တော်တို့ အဖွဲ့ကို စပွန်ဆာပေးတာက ရွှေတောင်ပိုးထည်တိုက်ကပါ၊ မနှစ် ကတော့ ကိုယ့်ဘာသာကိုယ်ပဲ ပြင်ဆင်လာကြရတာ၊ ဒီနှစ်မှာ စပွန်ဆာစရတာ ပေါ့၊  ဒီနှစ်ရတဲ့အတွက် နောက်နှစ်တွေမှာလဲ ပိုရချင်တာပေါ့နော်၊စပွန်ဆာပေးမယ့်သူတွေများများလာကြပါလို့၊ အဲဒီလိုပဲတိုက်တွန်းရမှာပေါ့နော်လို့ ဟားတစ်သိုက်အဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။

စပွန်ဆာသီးသန့်မရှိပေမဲ့ ပတ်သက်ရာပတ်သက်ကြောင်း ညီအစ်ကိုမောင်နှမ တွေရဲ့ထောက်ပံ့မှုနဲ့ အကယ်ဒမီပွဲတက်ခဲ့တဲ့ သရုပ်ဆောင်ပါဂျဲကလည်း စပွန်ဆာ  ပေးတာတော့မရှိပါဘူး၊ ဒါပေမဲ့ ပတ်သက်ရာပတ်သက်ကြောင်း ညီအစ်ကို  မောင်နှ မတွေကအကုန်လုံးထောက်ပံ့ပေးကြတယ်၊ လှိုင်သာယာမြို့နယ်က ရွှေမဟာမြိုင် ရယ်၊ ရွှေကျွန်းသား သံပန်းသံတံခါးရယ်က ငွေရေးကြေးရေးလဲပတ်သက်တယ်၊ အဝတ်အစားက အစဝယ်ပေးပါတယ်လို့ ပြောပါတယ်။

ယခုနှစ် အကယ်ဒမီဆုချီးမြှင့်ပွဲမှာတော့ စပွန်ဆာရရှိတဲ့ ဇာတ်ပို့ဇာတ်ရံတွေ ကလည်း သူတို့ရဲ့ဝတ်စုံတွေနဲ့ လှပပျော်ရွှင်စွာပွဲတက်လာကြသလို စပွန်ဆာမရရှိ တဲ့ ဇာတ်ပို့ဇာတ်ရံတွေကလည်း သူတို့တတ်နိုင်သမျှဝတ်စုံလေးတွေနဲ့ လှပ အောင်ပြင်ဆင်ပြီး အကယ်ဒမီရရှိတဲ့ မင်းသား၊ မင်းသမီးတွေကို ဝမ်းသာအားရ လာရောက်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

ခတ္တာ ဖြူ၊ မိပုံ့( Kumudra )


No comments:

Post a Comment