Latest News

Monday, March 20, 2017

ရှမ်းပြည်နယ်လွှတ်တော်တွင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တင်သွင်း

ရှမ်းပြည်နယ်လွှတ်တော်တွင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တင်သွင်း


ဒီကနေ့ ကျင်းပတဲ့ ရှမ်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်ရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်ရဲ့ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို တင်သွင်းခဲ့ပါတယ်။


ဒီဥပဒေကြမ်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးပါက ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။ အစည်းအဝေး ပထမနေ့မှာ ကြယ်ပွင့်ပြ မေးခွန်း ၇ ခု၊ ဥပဒေကြမ်း ၂ ခုနဲ့ ရှမ်းပြည်နယ် စည်ပင်သာယာရေး ဥပဒေ ပြန်လည်သုံးသပ်ခြင်းနဲ့ နည်းဥပဒေရေးဆွဲနိုင်ဖို့ တိုက်တွန်းအဆိုတခု တင်သွင်းဆွေးနွေးခဲ့ပါတယ်။

သတင်း - ခွန်ရာဇာ( DVB )

No comments:

Post a Comment