Latest News

Thursday, March 9, 2017

ကုန်သေတ္တာယာဉ်များကို နေ့အချိန် ပြန်လည်မောင်းနှင်ခွင့်ပြုရန် ရန်ကုန်တိုင်းအစိုးရထံ တင်ပြထား

ကုန်သေတ္တာယာဉ်များကို နေ့အချိန် ပြန်လည်မောင်းနှင်ခွင့်ပြုရန် ရန်ကုန်တိုင်းအစိုးရထံ တင်ပြထား



ကုန်သေတ္တာယာဉ်များ ကို နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြန်လည်မောင်းနှင်ခွင့်ပြု ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြထားကြောင်း ဒု သမ္မတကိုယ်တိုင်ပါဝင်သည့် ပုဂ္ဂ လိကကဏ္ဍ လုပ်ငန်းဖွံ့ဖြိုးရေး ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကုန်သေတ္တာယာဉ်ဖြင့် ပဲ၊နှမ်းတင်ပို့သည့် လုပ်ငန်းရှင်များ၏ တောင်းဆိုချက်နှင့်အတူ ယခုရာ သီသည် စိုက်ပျိုးရေးပို့ကုန်များ တင်ပို့နေသော ကာလဖြစ်၍ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ ပြန်လည်ဖြေလျှော့ရန် တင်ပြထား သည်။

‘‘အခုရာသီက ကောက်ပဲသီး နှံတွေ တင်ပို့မှုများနေတဲ့ ရာသီ ဖြစ်တော့ လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုချက်ကို ကျွန်တော်တို့ က ပြန်လည်ပြီး အစိုးရအဖွဲ့ကို တင်ပြပေးရတာပါ’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ရန်ကုန်မြို့တွင် ကုန် သေတ္တာယာဉ်များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်ကစပြီး အရှေ့ ပတ်လမ်းနှင့် အနောက်ပတ်လမ်း ဟူ၍ ခွဲခြားထားကာ ညဘက်၌ သာ မောင်းနှင်ခွင့်ပြုထားသည်။

အရှေ့ပတ်လမ်းဖြစ်သည့် သံသုမာလမ်းနှင့် ဝေဇယန္တာလမ်း တို့တွင် နေ့ဘက်မောင်းနှင်ခြင်းကို ဖေဖော်ဝါရီ ၇ ရက်က ပြန်လည်ခွင့်ပြုထားကာ အနောက်ပတ် လမ်းဖြစ်သည့် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်းကို နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြန်လည်မောင်းနှင်ခွင့်ပြုရန် တင်ပြထားသည်။

‘‘၁၁ နာရီနဲ့ ၃ နာရီက အလုပ်တက်အလုပ်ဆင်းချိန်မဟုတ်တဲ့ အတွက် ကျွန်တော်တို့ကားတွေ သွားရင် ယာဉ်ကြောမကျပ်နိုင် သေးဘူး။ ဒါကြောင့် တောင်းဆို ထားတာပါ’’ဟု ကုန်သေတ္တာ ယာဉ်လုပ်ငန်းရှင် ဦးဝင်းစိန်က ပြောသည်။

ကုန်သေတ္တာတင်ယာဉ်များ ကို ည ၉ နာရီမှ နံနက် ၆ နာရီအ ထိ သတ်မှတ်လမ်းကြောင်းများအတိုင်း  ပြေးဆွဲခွင့်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ၂၀၁၆ အောက်တိုဘာက တိုင်းဒေသ ကြီးလွှတ်တော်၌ ပြောကြားရာမှ ၂၀၁၆ နှစ်ကုန်တွင် အကောင် အထည်ဖော်ခဲ့သည်။

 ကုန်သေတ္တာယာဉ်များကို ညအချိန်မှသာ မောင်းနှင်ရမည်ဟု ကန့်သတ်သည့် ပထမဆုံးနေ့ က ကမ်းနားလမ်းတစ်လျှောက် တွင် ကုန်သေတ္တာယာဉ်များ နာရီ ပေါင်းများစွာ လမ်းပိတ်ဆို့သည် အထိ အခြေအနေဆိုးရွားခဲ့သည်။

      ရန်ကုန်မြို့တွင် ကုန်သေတ္တာတင်ယာဉ်များ ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းမတို့၌ အများဆုံးဖြတ်သန်းမောင်းနှင်ပြီး ဖြတ်သန်းမောင်းနှင်ချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားတတ်သည်ဟု ခရီးသွားများက ဆိုသည်။

 ကုန်သေတ္တာတင်ယာဉ်ပိုင် ရှင်အချို့က မောင်းနှင်ရမည့်အ ချိန် ကန့်သတ်ခြင်းကြောင့် ဆိပ် ကမ်းအတွင်း ကုန်သေတ္တာထုတ်ယူ သယ်ဆောင်ရန်နှင့် ကုန်စည်ပို့ ဆောင်မှုများတွင် အခက်အခဲ များရှိလာနိုင်သည်ဟု မှတ်ချက်ပြု ကြသည်။



7Day News Journal

No comments:

Post a Comment