Latest News

Thursday, March 9, 2017

ပဋိပက္ခနှင့် ဘေးအန္တရာယ်ဖြစ်ပွားရာ နေရာများတွင် အကူအညီလိုအပ်သော အမျိုးသမီး သုံးသိန်းခန့်ရှိ

ပဋိပက္ခနှင့် ဘေးအန္တရာယ်ဖြစ်ပွားရာ နေရာများတွင် အကူအညီလိုအပ်သော အမျိုးသမီး သုံးသိန်းခန့်ရှိ



 မြန်မာနိုင်ငံရှိ ပဋိပက္ခ နှင့် ဘေးအန္တရာယ်ဖြစ်ပွားရာ နေ ရာများတွင် အကူအညီလိုအပ်နေ သည့် အမျိုးသမီးဦးရေ သုံးသိန်း ခန့်ရှိနေကြောင်း ကုလသမဂ္ဂ လူ သားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေး မြန်မာသံရုံး (OCHA) မှ သ တင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ (မတ်လ ၈ ရက်) တွင် လက်နက်ကိုင်ပဋိပက္ခများ၊ လူ့အဖွဲ့အစည်းကြား ပဋိပက္ခများ နှင့် သဘာဝဘေးအန္တရာယ်များ ကြောင့် စားနပ်ရိက္ခာဖူလုံရေး၊ အသက်ကယ်ဆယ်ရေး အမျိုးသ မီးများ သီးသန့်လိုအပ်ချက် စ သည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသည့် အမျိုး သမီး ခုနစ်သိန်းခုနစ်သောင်းအ တွက် စာနာစဉ်းစားရန် အဆိုပါ ရုံးက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှတစ်ဆင့် တိုက်တွန်း ထားသည်။

၂၀၁၇ အတွက် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနေသည့် ကု လသမဂ္ဂ အဖွဲ့အစည်းများမှ ရရှိ ထားသည့် အချက်အလက်များ အရ လူ့အဖွဲ့အစည်းအကြား ပဋိ ပက္ခဖြစ်ပွားနေသည့် ရခိုင်ဒေသ များ၊ လက်နက်ကိုင်ပဋိပက္ခဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ရေ ဘေးသင့်ခဲ့သည့် ဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီလိုအပ်သူဦးရေ ငါး သိန်းနှစ်သောင်းငါးထောင် ရှိ သည့်အနက် အမျိုးသမီးနှင့် မိန်း ကလေးငယ် ဦးရေသည် ထက်ဝက်ကျော် ရှိနေသည်ဟု OHCA မြန်မာရုံးမှ သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ ကျား၊မအခြေပြု အကြမ်းဖက်မှုများသည် ပဋိပက္ခနှင့် ဘေးအန္တရာယ်များ ဖြစ်ပွားချိန်တွင် ဖြစ်ပွားလေ့ရှိသည်ဟု ထုတ်ပြန်ထားသည်။

အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ (မတ်လ ၈ ရက်)  အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စသည့် မြို့ ကြီးများတွင် အမျိုးသမီးများ စွမ်း ဆောင်ရည်မြင့်စေရန် ဟောပြော ပွဲများ၊ စာအုပ်ရောင်းပွဲတော်များ ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့သည်  အမျိုးသမီး တိုင်း ပါဝင်ခံစားခွင့်ရှိသင့်ပြီး အ မျိုးသမီးများ ဖွံ့ဖြိုးမှုဟုဆိုပါက ဝေးလံခေါင်ဖျားရှိ ဒေသများကို ပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ကျားမရေးရာ တန်းတူညီမျှရေးအ ဖွဲ့ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ပြောသည်။



7Day News Journal

No comments:

Post a Comment