Latest News

Thursday, March 9, 2017

ဝက်သက်ကာကွယ်ဆေးထိုးနှံပြီး အခြေအနေ နှစ်လဆက်၍ စောင့်ကြည့်မည်ဆို

ဝက်သက်ကာကွယ်ဆေးထိုးနှံပြီး အခြေအနေ နှစ်လဆက်၍ စောင့်ကြည့်မည်ဆို



 ရန်ကုန်တိုင်းအတွင်း ကပ်အသွင်ဖြစ်ပွားခဲ့သော ၀က် သက်ရောဂါကို နှစ်လအထိ ဆက်လက်စောင့်ကြည့်မည်ဟု ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီး ဌာနဦးစီးမှူး ဒေါက်တာဝင်းလွင် က ပြောသည်။

‘‘၀က်သက်ရောဂါဖြစ်ပွားခဲ့ တဲ့ မြို့နယ်ငါးခုရဲ့ အခြေအနေကို နောက်ထပ် တစ်လခွဲ၊ နှစ်လအ တွင်းတော့ လေ့လာနေရဦးမယ်။ ကာကွယ်ဆေးထိုးပြီးပြီးချင်း ခုခံ အားက ချက်ချင်းရတာမဟုတ် ဘူး။ ကာကွယ်ဆေးထိုးထားပြီး တော့ ထိရောက်မှုရှိ၊ မရှိကို စောင့်ကြည့်ရတယ်။ လက်ရှိမှာ ၀က်သက်ထပ်ဖြစ်တာတော့ မရှိ တော့ဘူး’’ဟု ဒေါက်တာဝင်းလွင် က ပြောသည်။

ဇန်န၀ါရီမှ ဖေဖော်ဝါရီအ တွင်း လှိုင်သာယာ၊ အင်းစိန်၊ တွံ တေး၊ ကြည့်မြင်တိုင်နှင့် သာကေ တမြို့နယ်များတွင် ၀က်သက် ရောဂါကပ်အသွင် ဖြစ်ပွားခဲ့ခြင်း ကြောင့် အသက် ကိုးလမှ(၁၅) နှစ်အတွင်း ကလေးငယ်သုံးသိန်း ကျော်အား ဖေဖော်ဝါရီ ၆ မှ ၂၀ ရက်အထိ ၀က်သက်ရောဂါကာ ကွယ်ဆေး အစုလိုက်ထိုးနှံခဲ့ပြီးနောက် ယင်းအခြေအနေကို ဆက်လက် စောင့်ကြည့်ခြင်းဖြစ်သည်။

‘‘ရန်ကုန်တိုင်းက မြို့နယ် ၃၁ မြို့နယ်မှာ ၀က်သက်ရောဂါ ဖြစ်ပွားခဲ့ပြီးတော့ အတည်ပြုလူ နာက ၂၀၈ ဦးရှိတယ်။ သေဆုံးမှု ကတော့တစ်ယောက်မှမရှိဘူး။ ကလေးငယ်ပေါင်း သုံးသိန်းကျော် ကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ ပြီး ၉၁ ရာခိုင်နှုန်းပြီးစီးခဲ့တယ်။ ရွှေ့ပြောင်းလုပ်သားထဲက ကျူး ကလေးတွေ တစ်သောင်းကျော် လောက်ရှိတာ သူတို့ကိုအကုန် ကာကွယ်ဆေးမိတယ်’’ဟု ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဒုတိယတိုင်းဒေသကြီးဦးစီး မှူး ဒေါက်တာခင်နန်းလုံက ပြော ကြားသည်။

ရန်ကုန်တိုင်းတွင် နှစ်စဉ် ၀က်သက်ရောဂါဖြစ်ပွားမှုရှိသော် လည်း ကပ်ရောဂါအသွင် အစု လိုက် ဖြစ်ပွားမှုသည် ယခုနှစ်မှ ရှိခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနသည် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ကလေးအသက် ကိုးလတွင် ၀က်သက်ရောဂါကာ ကွယ်ဆေးတစ်ကြိမ်၊ အသက် တစ်နှစ်ခွဲတွင် ၀က်သက်နှင့်ဂျိုက် သိုးရောဂါ ကာကွယ်ဆေးတစ် ကြိမ်ဖြင့် စုစုပေါင်းနှစ်ကြိမ် ထိုးနှံ ပေးနေပြီး ၂၀၂၀ တွင် ၀က်သက် ရောဂါကင်းစင်သည့် နိုင်ငံအဖြစ် ရည်မှန်းထားသည်။

ဝက်သက်ရောဂါသည် ဗိုင်း ရပ်စ်ကြောင့်ဖြစ်သော ရောဂါ တစ်မျိုးဖြစ်ကာ ကူးစက်မှုမြန်ဆန် ပြီးဖြစ်ပွားပါက အဖျားကြီးခြင်း၊ မှိန်းခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံး နီခြင်း၊ အရေပြားပေါ်တွင် အပိမ့်ထွက်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး အူရောင်ငန်းဖျား(တိုက်ဖွိုက်)၊ သွေးလွန်တုပ်ကွေးရောဂါများနှင့် မှားနိုင်သဖြင့် ရောဂါဖြစ်ပွားလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့သွားရောက်၍ ခေတ်မီကုထုံးဖြင့် ကုသရန်လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီးများက ပြောသည်။



7Day News Journal

No comments:

Post a Comment