Latest News

Sunday, March 12, 2017

မိုးကြောင့် အလောင်းတော်ကဿပတွင် ကားအများစုပိတ်မိနေ

မိုးကြောင့် အလောင်းတော်ကဿပတွင် ကားအများစုပိတ်မိနေ


ညီသုမုံရွာ၊မတ်-၁၂

ယနေ့ မတ်လ၁၂ရက်နေ့နံနက်ပိုင်းတွင် ရွာသွန်းခဲ့သောမိုးကြောင့် အလောင်းတော်ကဿပ ဘုရားဖူး ယာဉ်များ အများစုပိတ်မိနေပြီး ယာဉ်အစီးရေမည်မျှပိတ်မိနေသည်ကို မသိရှိရသေးဟု ဘုရားဖူးဝန်ဆောင်မှုပေးနေသည့် မင်းသိန်းနှင့်ရောင်းရင်းများကားအသင်းမှ ကိုဘိုဘိုကပြောသည်။

မတ်လ၁၁ရက်နေ့ တွင် ညအိပ်တက်သွားသောကားများ ပြန်ဆင်းမရဘဲဖြစ်နေပြီး ယနေ့မတ်လ၁၂ရက် နေ့နံနက်အစောပိုင်း တွင် ဘုရားဖူးတက်သွားသောကားများလည်း ကပိုင်စခန်းအထက် လမ်းပိုင်းများတွင် ပိတ်မိနေသည်ဟု ၄င်းကဆက်ပြောသည်။

၉မိုင်စခန်း၊နတ်ထိပ်စခန်းများတွင်ကားများပိတ်မိနေပြီး အချို့ဘုရားဖူးခရီးသည်များခြေကျင် ဆင်းလာနေပြီး ပိတ်မိနေသောခရီးသည်များအတွက် အစားအသောက်များလိုအပ်နိုင်သည်ဟု ယင်းမာပင်မြို့ခံတစ်ဦးကဆိုသည်။

“ကားသွားလို့ရတဲ့နေရာအထိသွားပြီး ခရီးသည်တွေပြန်နိုင် အောင်ကူညီဖို့တော့အခုစီစဉ်နေတယ်”ဟု ဘုရားဖူးဝန်ဆောင်မှုပေးသည့် ကားအသင်းမှ ဂိတ်တာဝန်ခံတစ်ဦးကဆိုသည်။

ယနေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်း၁၁နာရီဝန်းကျင် အထိမိုးရွာသွင်းခဲ့ပြီး မြေလမ်းဖြစ်သော တောင်ပေါ်လမ်းများတွင် ကားများရှေ့တိုးမရနောက် ဆုတ်မရ အခြေအနေဖြစ်နေသည်ဟု သိရသည်။

မတ်လ၁၂ရက်နေ့သည်တပေါင်းလပြည့်နေ့ဖြစ်သည့်အတွက် ဘုရားဖူးကားများ အလောင်းတောင်ကဿပသို့ အများအပြားသွားရောက်ခဲ့သည်ဟု ယာဉ်လိုင်းများမှ သိရသည်။



PyaePhyoKyaw@Monywa Gazette

Myint Soe

မတ်​ ၁၂
ဖေအောင်

No comments:

Post a Comment