Latest News

Sunday, March 12, 2017

ရပ်ရွာရန်ဘေးကင်းဝေးစေဖို့ ကျားဆိုးကို နှိမ်နင်းကြရာမှာ

ရပ်ရွာရန်ဘေးကင်းဝေးစေဖို့ ကျားဆိုးကို နှိမ်နင်းကြရာမှာ

သားလေးရေ . . .

အကြောင်းတရား တစ်ခု တိုက်ဆိုင်လာလို့ အဖေဒီစာလေး  ကိုရေးခဲ့တယ်။ အဖေ့သားက လေး လူ့လောကကြီးထဲမှာ လူ သားပီသစွာ နေထိုင်သွားနိုင်ဖို့အ တွက်ပေါ့။

လူ့ဘ၀ကိုရခိုက်မှာ အဖေ တို့တွေ အယူအဆတွေ မှားတတ် ကြတယ်။ ဂုဏ်အားငွေအား၊ ရာထူးအာဏာအား၊ ဆွေမျိုး အ သိုင်းအ၀ိုင်းအား ကြီးမားသူတွေ ဟာ အားနည်းသူတွေကို နိုင်လို့ရ တဲ့အချိန်မှာ နိုင်လိုက်မယ်ဆိုတဲ့ ကြီးနိုင်ငယ်ညှဉ်း တောတွင်းစ ရိုက် စိတ်မိုက်တွေ မွေးတတ်ကြ တယ်။ အဲဒီလိုအနိုင်အထက် ပြုမှု တွေကို ခံစားရတဲ့ အားနည်းသူ တွေဘက်ကတော့ဖြင့်လည်း ‘ပေ ဖြစ်တော့ခံ တူဖြစ်တော့နှံ’ ဆိုတဲ့ စိတ်ထားရှိတတ်တယ်။ ‘မိုး ကောင်းတုန်း ရွာထားဦးပေါ့။ င့ါ အလှည့်ကျ မိုးကြိုးပါ ပစ်ချမယ်’ ဆိုတဲ့ စိတ်တွေမွေးတတ်ကြ တယ်။ အဲဒီစိတ်ဓာတ်တွေ အား လုံးဟာ လောကကြီးကို အပူမီး မြှိုက်စေတဲ့ စိတ်ဓာတ်တွေပါပဲ။

လောကမှာ အမှောင်က အ လင်းကို ဖုံးလွှမ်းဖို့ အမြဲအားထုတ် နေတယ်။ အလင်းကလည်း အ မှောင်ကို ခွင်းနိုင်ဖို့ အမြဲအားထုတ် နေရတယ်။ ဒါဟာ လောကနိ ယာမပဲကွဲ့။ ဒါပေမဲ့ အလင်းရဲ့ သဘောသဘာဝက ဖြောင့်တန်း စွာပဲ လင်းနိုင်ခွင်းနိုင်တဲ့ သဘော သဘာဝရှိတယ်။ အမှောင်က တော့ ဖြန့်ကြက်လွှမ်းမိုးတတ်တဲ့ သဘောသဘာဝရှိတယ်။ ဒါ ကြောင့် အလင်းသည် ဘယ် လောက်ပဲ အားကောင်း အား ကောင်း ချောင်ကြိုချောင်ကြား ထောင့်ကြို ထောင့်ကြားတွေမှာ အမှောင်က ခိုအောင်းနေတတ် တယ်။ အလင်းအောက်မှာ တောင်မှ အမှောင်ကအရိပ်အဖြစ် နဲ့ ရှိနေတတ်တယ်။ ဒါက လော ကရဲ့ သဘာဝတစ်ခုပါ။ ဒါကို သားလေးမြင်အောင် ကြည့်တတ် ရမယ်။ ဒါမှ သားနှလုံးသွင်း မှန် လိမ့်မယ်။

လောကမှာ အဓမ္မ၀ါဒီတွေ က ဓမ္မ၀ါဒီတွေကို အမြဲဖိနှိပ်ချုပ် ချယ်ဖို့ ကြိုးစားနေကြပါတယ်။ ဓမ္မ၀ါဒီတွေကလည်း အဓမ္မ၀ါဒီ တွေကို တွန်းလှန်ဖြိုဖျက်ဖို့ အမြဲ အားထုတ်နေကြရပါတယ်။ ဒါပေ မဲ့ ဓမ္မရဲ့သဘောက ဖြောင့်မတ်မှု ကို အရင်းတည်ရတယ်။ အဓမ္မက တော့ ကောက်ကျစ်စဉ်းလဲခြင်း၊ အယောင်ဆောင်ခြင်း၊ အရေခြုံ ခြင်းတို့နဲ့ ပြွမ်းတီးနေတယ်။ ဒါ ကြောင့် ဓမ္မ၀ါဒီတွေထဲမှာကို အဓမ္မ၀ါဒီတွေက အယောင် ဆောင်နေနိုင်ကြတယ်။ သူတို့က ဓမ္မ၀ါဒီတွေကို ကောက်ကျစ်စဉ်း လဲသောနည်းလမ်းပေါင်းစုံနဲ့ နေ ရာပေါင်းစုံ၊ အခြေအနေပေါင်းစုံ ကနေ ထိုးနှက်တိုက်ခိုက်နိုင်ကြ တယ်။ ဓမ္မဝါဒီတွေအဖို့မှာတော့ သူတို့ကို တွန်းလှန်ဖို့အတွက် တရားမျှတသော၊ ဥပဒေနဲ့ ညီ ညွတ်သော နည်းလမ်းများနဲ့သာ တိုက်ဖျက်ချေမှုန်းရတာဖြစ်လို့အ မြဲခြေလှမ်းနောက်ကျတတ်ပါ တယ်။ အဓမ္မ၀ါဒီတွေက ဗိုလ် ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်များကို လက်နက် အားကိုးနဲ့ လွယ်လင့်တကူ သတ်  ဖြတ်သွားနိုင်ခဲ့ကြပေမယ့် ဓမ္မ ၀ါဒီတွေကတော့ အဲဒီလူသတ် သမားတွေကို ထိုက်သင့်တဲ့အပြစ်  ပေးဖို့အတွက်တောင်မှ တရားစွဲ ဆိုရ၊ ခုခံချေပခွင့်တွေပေးရ၊ တရားဥပဒေနဲ့အညီ ဆုံးဖြတ်ပြီးမှ သာ အပြစ်ပေးနိုင်ခဲ့ကြတယ် မ ဟုတ်လား။

အဲဒီအတွက်ကြောင့် တရား ဥပဒေရဲ့ လုပ်ဆောင်နိုင်မှုအတိုင်းအတာအပေါ်မှာ အားမလိုအားမရဖြစ်ပြီး ဟာမူရာဘီကိုဓ ဥပဒေ အတိုင်း သွားချင်တယ် ဆိုရင် တော့ အမှားတစ်ခုကို အမှားတစ် ခုနဲ့ တုံ့ပြန်သလိုဖြစ်လိ့မ်မယ်။ မျက်လုံးတစ်လုံးအတွက်မျက်လုံး တစ်လုံး (An eye for an eye) ဆိုတဲ့ လက်တုံ့ပြန်ဥပဒေအတိုင်း ကျင့်သုံးကြမယ်ဆိုရင်တော့ လောကကြီးတစ်ခုလုံး ကန်းသွား ပါလိမ့်မယ်။ ဒါကို နှလုံးသွင်းမြဲမြံ ပါစေအဖေ့သား။

ရွာတစ်ရွာမှာ ဆိုးသွမ်း သောင်းကျန်းပြီး ရွာသားတွေကို ဒုက္ခပေးနေတဲ့ ကျားဆိုးတစ် ကောင်ကို ရွာသားတွေက နှိမ် နင်းကြရတယ်ဆိုတာ လူ့အသိုင်း အ၀ိုင်းက ပေးအပ်လာတဲ့ ဘ၀ ပေးတာဝန်ပါပဲ။ အဲဒီအချိန်မှာ တော့ ကျားဝင်လာမှန်းသိအောင် တုံးခေါက်တဲ့သူကခေါက်၊ဓားဆွဲ၊လှံကိုင်နဲ့ ရင်ဆိုင်တဲ့ သူကလည်း ရင်ဆိုင်ကြရတယ်။ ကျားနဲ့ ပထမဆုံး ပက်ပင်းတွေ့ ရင်ဆိုင် ရသူမှာတော့ အထိအခိုက်ဒဏ်ရာ များတာပေါ့ကွယ်။

ဒါပေမဲ့ အဲဒီလူရဲ့ ထိခိုက် နာကျင်မှုဟာ အကြောင်းမဲ့ကို မ ဖြစ်စေခဲ့ဘူး။ ရွာသူရွာသားတွေ က ဒီကျားကို အလွတ်ပေးလို့ တော့မဖြစ်တော့ဘူးဆိုတဲ့ စိတ် တွေကို ခိုင်မာစေခဲ့တာပေါ့။ အဲဒီလိုနဲ့ ၀ိုင်းဝန်းရင်ဆိုင်လိုက်ကြ တဲ့အခါ ကျားဆိုးဟာမြေမှာလဲပြီး  သေရတယ်ဆိုပါတော့။

သားလေးရေ ... ရွာကိုဒုက္ခ ပေးနေတဲ့၊ အန္တရာယ်ပြုနေတဲ့၊ နေ့စဉ်နဲ့အမျှ ရွာသူရွာသားတွေရဲ့ အသက်တွေကို ခြိမ်းခြောက်ရန်မူ နေတဲ့၊ ရွာသူရွာသားအားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ ကျားဆိုးဟာ သူကြီးရဲ့ နှစ်လုံးပြူးကျည်ဆန်နဲ့ပဲ သေသေ၊ ကာလသားခေါင်း ဆောင်ရဲ့ လှံချက်နဲ့ပဲသေသေ၊ မုဆိုးမအကြော်သည်ရဲ့ ဓားမတို ချက်နဲ့ပဲသေသေ၊ နွားကျောင်း သား လူပျိုပေါက်ကလေးရဲ့ ကောက်ဆွချက်နဲ့ပဲ သေသေ သေဖို့သာလိုရင်းမဟုတ်လား။ ငါ သတ်လို့ ကျားဆိုးသေတာ၊ သူ သတ်လို့ ကျားဆိုးသေတာလို့ တို့ ဂုဏ်ယူနေစရာမလိုပါဘူး။ တို့ ရွာကလေး အန္တရာယ်ကင်းသွား တာကိုပဲ အဖေတို့ဝမ်းသာကြရ မှာမဟုတ်လား။

ဒီဥပမာလေးအတိုင်းပါပဲ သား။ မတရားမှုတွေကို ရင်ဆိုင် တိုက်ခိုက်ကြရာမှာ တို့နှလုံးသွင်း မြဲမြံရမယ့် အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ‘လောကရဲ့ အန္တ ရာယ်၊ ဓမ္မရဲ့ အန္တရာယ်ဖြစ်လာ တဲ့၊ မတော်မတရားတဲ့ တစ်ဦး တစ်ယောက် (ဒါမှမဟုတ်)အသင်းအဖွဲ့ တစ်ခုခုကို (ဒါမှမ ဟုတ်)အကြောင်း အရာတစ်ခုခု ကို လိုအပ်လို့ ရင်ဆိုင်တိုက်ခိုက် ရတဲ့အခါ အနိုင်တိုက်ဖို့ အား သွန်ခွန်စိုက်ပါ။ ဒါပေမဲ့ သူတစ် ပါးရှုံးနိမ့်ခြင်းမှာ ဘယ်တော့မှ ၀မ်းမသာနဲ့’ ဆိုတာပါပဲ။အဲဒီ အချက်ကို နှလုံးမသွင်းနိုင်ရင် တို့ တွေရင်မှာ အမုန်းတရားတွေ၊ အ ငြိုးတရားတွေကို ခံစားရလိမ့် မယ်။ အဲဒါတွေဟာ ပူလောင်ခြင်း ပါပဲ။

သားလေးရေ... တကယ် တမ်းကျတော့ လူ့အသိုက်အ၀န်း တစ်ခုတည်းက လူအချင်းချင်း အနိုင်အရှုံးသတ်မှတ်ယှဉ်ပြိုင်နေ ခြင်းကိုက ကြီးမားလှတဲ့ မှားယွင်း ချက်ကြီးပါပဲ။

သိင်္ဃသူ့သမီးကျောက်စာ ကို သားလေးတို့ ဆယ်တန်းမှာ သင်ကြရမှာပါ။ ‘အမျက်အဤ တစေ့မရှိ၊ ချစ်သော မျက်စေ့ဖြင့်  သာ ကြည့်လို၏’ဆိုတာလေ။ လူ ငယ်လူရွယ်တွေအဖို့လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်လောက် က တည်းက ပြဋ္ဌာန်းခဲ့တဲ့ ဒီစာကို မဖတ်ရဘဲ ဆယ်တန်းအောင် ခဲ့တဲ့သူမရှိပါဘူး။ အဖေကတော့ ဒီစာလေးကို ဖတ်ပြီးတော့ ငါ့ကို သင်ကြားလိုက်တာပဲလို့ မှတ် တယ်။ အမြဲ ခေါင်းထဲထားနေ တယ်။ အမြဲကျင့်သုံးဖို့ ကြိုးစား တယ်။ အဖေ့ဘ၀ကို စိတ်ခွန် အားတွေပေးခဲ့တာ စာအုပ်ကြီး တွေ၊ ကျမ်းကြီးတွေထက် အဲဒီ လိုစာတိုလေးတွေပဲဖြစ်ပါတယ်။

‘‘င့ါ ယုံကြည်ချက်နဲ့ အ မှန်တရားကို သတ်လို့မရဘူး’’ ဆို တဲ့ ဂျော်ဒန်နိုဘရူနိုရဲ့ စကား၊ ‘‘ကမ္ဘာကြီးဟာ မကောင်းမှုလုပ် သူတွေကြောင့် ပျက်မှာမဟုတ် ဘူး။ အဲဒီလိုလုပ်နေသူတွေကို ဟန့်တားဖို့ ပျက်ကွက်သူတွေ (ကြောင်တောင်ကြည့်နေသူတွေ)ကြောင့် ပျက်စီးရမှာ’’ဆိုတဲ့ အဲလ်ဘတ်အိုင်းစတိုင်းရဲ့ စကား၊ ‘သူရဲကောင်းဆိုတာ သူ့ရဲ့လွတ်လပ်မှုနဲ့အတူ ကျရောက်လာတဲ့ တာဝန်တွေကို နားလည်ကျေပွန်တဲ့သူ’ဆိုတဲ့ ဘော့ဒိုင်လန်ရဲ့ စကားတွေကို အဖေ့နှလုံးသားထဲမှာ စွဲမြဲနေခဲ့တယ်။ အထူးသဖြင့်တော့ ‘‘တစ်နေ့ကျရင် ကျွန်တော့် ရဲ့သားသမီး ကလေး လေးယောက်ဟာ သူတို့ရဲ့အရေပြားပေါ်က အသားအရောင်နဲ့ ခွဲခြားဆုံးဖြတ်တာကို မခံယူရတော့ဘဲ သူတို့ရဲ့ ကိုယ်ကျင့်စာရိတ္တရဲ့ အနှစ်သာရနဲ့သာဝေဖန်သုံးသပ် အကဲဖြတ်ခံရမယ့် တိုင်းပြည်တစ်ခုမှာ ရှင်သန်နေထိုင်ခွင့်ရ လိမ့်မယ်လို့ကျွန်တော် အိပ်မက် မက်ခဲ့ပါတယ်။ (I have a dream that my four little children will one day live in a nation where they will not be judged by the colour of their skin but by the content of their character.)ဆိုတဲ့ မာတင် လူသာကင်း ဂျူနီယာရဲ့ ကွန်ဂ ရက်လွှတ်တော်ရှေ့မှာ ရင်ဖွင့်ပြ ခဲ့တဲ့ စကားပေါ့။

ဒီစကားတွေဟာ အဖေ့ကို ထင်လင်းဦး (Wisdom Villa) ဖြစ်လာစေခဲ့တာပါ။ အဖေက လည်း သားလေးအပါအ၀င်အဖေ့ နိုင်ငံသူနိုင်ငံသား ကလေးငယ် အားလုံးကို သူတို့ရဲ့ အသားအ ရောင် လူမျိုး၊ ကိုးကွယ်တဲ့ဘာသာ အယူဝါဒတွေနဲ့ သူတို့ကို ဆုံးဖြတ် တဲ့ နိုင်ငံမဟုတ်ဘဲ သူတို့ရဲ့ အကျင့်စာရိတ္တနဲ့ပဲ ဆုံးဖြတ်တဲ့ တိုင်းပြည်မှာ လွတ်လပ်ပျော်ရွှင် စွာ ရှင်သန်ကြီးပြင်းနေထိုင်ခွင့် ရစေချင်တာလေ။

သားလေးရေ ... လူတစ် ယောက်ရဲ့ဘ၀မှာ အဖိုးအတန်  ဆုံးဆုလာဘ်ဟာ နွေးထွေးပျော် ရွှင်သော မိသားစုဆိုရင် နိုင်ငံ သားတစ်ယောက်ရဲ့ ဘ၀မှာအဖိုး အတန်ဆုံး လက်ဆောင်ဟာ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်သော၊ ချစ်ကြည်သော လူ့အသိုက်အ၀န်း ဖြစ်တယ်။ ကမ္ဘာသားတစ်ယောက် ရဲ့ ဘ၀မှာ အဖိုးအတန်ဆုံး လက် ဆောင်ကတော့ လူ့အသိုက်အ ၀န်းကြီးတစ်ခုလုံး ချစ်ကြည် ရင်း နှီးတဲ့ ကမ္ဘာကြီးကို ပိုင်ဆိုင်ရခြင်း ပဲကွဲ့။

 အဖေတို့၊ သားတို့အနေနဲ့ ကမ္ဘာသားတစ်ယောက်အဖြစ်နဲ့ ငြိမ်းချမ်းသောကမ္ဘာကြီးကို တည် ဆောက်ခွင့်မရနိုင်ရင်တောင် မိ သားစုဝင်တစ်ယောက်အနေနဲ့ ကိုယ့်မိသားစုကို နွေးထွေးပျော် ရွှင်သော  မိသားစုအဖြစ် တည် ဆောက်နိုင်ရလိမ့်မယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့တော့ ငြိမ်း ချမ်းသော၊ ချစ်ကြည်သော နိုင်ငံ သား လူ့အသိုက်အ၀န်းကို ကိုယ့် ရဲ့ တစ်ဖက်တစ်လက်နဲ့ ပါဝင် တည်ဆောက်ဖို့ တို့တွေ လုပ်နိုင် တယ်ကွဲ့။ သား ... ယုံကြည်ရဲ့ လား။

ဒါပေမဲ့... အဲဒီလိုလုပ်နိုင်ဖို့ က အရည်အချင်းတစ်ခုတော့ မ ဖြစ်မနေလိုအပ်တယ်။ ရပ်ရွာလူ ထုကို အန္တရာယ်ပြုလာတဲ့ ကျား ဆိုးကို သေအောင် သတ်ရာမှာ ဦး ဆောင်သူတစ်ယောက် (ဒါမှ မ ဟုတ်) တစ်ချက်တစ်လက် ပါဝင် သူတစ်ယောက်အဖြစ်နဲ့ ပါဝင်ရဲ တဲ့ သတ္တိရှိရလိမ့်မယ်။ ကျားဆိုး ဆိုတဲ့အသံကြားတာနဲ့ ကောက်ရိုး ပုံထဲ ပြေးပုန်းချင်တဲ့ သူရဲဘော ကြောင်စိတ်နဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ အဲဒီကျားဆိုးကို သတ် ရာမှာ အမုန်းတရားတွေနဲ့ သတ် တာမဟုတ်ဘဲ တာဝန်တစ်ရပ် အနေနဲ့ သတ်တာသာဖြစ်ရမယ်။ အဲဒီကျားကို ငါသတ်ခဲ့တယ်ဆိုတဲ့ အောင်ပွဲခံချင် စိတ်မထားရဘူး။ ငါတို့တွေ ညီညွတ်လို့ ကျားဆိုး အန္တရာယ်ကို နှိမ်နင်းနိုင်တာဆိုတဲ့ ခံယူချက်ကို အမြဲထားရမယ်။ ကျားဆိုး တစ်ကောင်ကြောင့် အန္တရာယ် ကျရောက်ခဲ့လို့ ကျား မှန်သမျှ အကုန်သတ်ပစ်မယ့် စိတ်မျိုးမမွေးရဘူး။ သူ့သဘာဝ အလျောက် ကျားတွေဟာ သူ့ဘာ သာသူတောထဲနေတာကို နား လည်ရမယ်။ ရန်သွားရှာစရာ မလိုဘူး။ ရွာသူရွာသားတွေကို နားလည်အောင်ပြောပြီးစည်းရုံး ပြီးကိုယ့်ရွာရဲ့ ခြံစည်းရိုးကို ကိုယ် လုံအောင် ခတ်ရမယ်။ နောက် နောင် ရွာထဲ ကျားဆိုးတစ်ကောင် ထပ်ဝင်မလာနိုင် အောင်ပေါ့ ကွယ်။

သားလေးရေ ... ခေတ်အ ဆက်ဆက်မှာ ပေးဆပ်ခဲ့သူတွေရှိ တယ်၊ ရှုံးနိမ့်ခဲ့ကြသူတွေရှိတယ်၊ အောင်နိုင်ခဲ့ကြသူတွေရှိတယ်။ရှုံး နိမ့်ခြင်းကြောင့် သိမ်ငယ်ရန်မလို၊ အရှက်နဲ့ ရမ်းကားရန်မလိုသလို အောင်နိုင်ခြင်းကြောင့် ၀င့်ကြွား ရန်မလို၊ ထောင်လွှားရန်မလိုပါ ဘူး။

 ဒါပေမဲ့ ပေးဆပ်သူတွေကို တော့ တန်ဖိုးထားကြရလိမ့်မယ်၊ ဦးညွှတ်ကြရလိမ့်မယ်။ ပေးဆပ် သူဆိုတာ ပင်လယ်ထဲက ရေခဲ တောင် လိုပါပဲ၊ အထက်မှာပေါ်နေတဲ့ အပိုင်းထက် ရေအောက်က အပိုင်းက အဆများစွာပို၍ ကြီး မားသလိုပေါ့။ ပေးဆပ်ခဲ့သူတွေ ထဲက တစ်ဦးတစ်ယောက် တချို့ ကို လူတွေက သိကြ၊ တန်ဖိုးထား ချီးကျူးဂုဏ်ပြုကြတဲ့အချိန်မှာ လူ မသိ သူမသိ ပေးဆပ်ခဲ့ကြရသူ တွေက အများကြီးပါကွယ်။

ဖိလစ်ပိုင်အမျိုးသားခေါင်း ဆောင် ဟိုဆေးရီဇယ်လ်ကပြော ခဲ့တယ်။ တော်လှန်ရေးကြီးအ တွင်းမှာ အမှောင်ထဲမှာ လူမသိ သူမသိ ကျဆုံးသွားခဲ့ကြသူတွေ ကို ဘယ်တော့မှ မမေ့ကြပါနဲ့တဲ့။ ဒီစကားက အဖေ့ရင်ထဲစွဲနေ တယ်။ အဖေတို့အတွက် ပေးဆပ် သွားခဲ့ကြတဲ့ ဒီမိုကရေစီနိုင်ငံ တော်သစ်တည်ဆောက်ရေး တိုက်ပွဲခရီးရှည်ကြီးမှာ အသက် သွေးချွေးစတေးခဲ့ကြတဲ့ သူရဲ ကောင်းများကို အမြဲသတိရကျေး ဇူးတင်နေရမယ်။

သားလေးရေ ... ရှေ့မှာ အဖေပြောခဲ့တဲ့အတိုင်းပဲ။ အ လင်းဆိုတာကဖြောင့်တန်းတယ်၊ ထွင်းဖောက်နိုင်တယ်။ အမှောင် ဆိုတာက ဖြန့်ကြက်တတ်တယ်၊ စိမ့်ဝင်တတ်တယ်။ ဓမ္မဆိုတာက ဖြောင့်မတ်တယ်။ အဓမ္မဆိုတာ က ကောက်ကျစ်တယ်။ လောက မှာ အဓမ္မက ဘယ်လောက်ပဲ အင်အားကြီးနေပါစေ၊ ရင်ဆိုင် တွန်းလှန်ရဲတဲ့ သတ္တိခွန်အားတွေ အဖေတို့နှလုံးသားမှာ ပြည့်စုံကြရ လိမ့်မယ်။ အဓမ္မ၀ါဒီတွေ ဓမ္မန္တရာယ်တွေ ဘယ်လိုပဲအရေခြုံခြုံ ဒီအရေခြုံတွေကို ခွာချနိုင်ဖို့အဖေတို့ ကြိုးပမ်းကြရလိမ့်မယ်။ အဲဒီလိုဆောင်ရွက်ရာမှာ အဖေတို့ ဖြောင့်မတ်ကြရလိမ့်မယ်။

အဖေ့နှလုံးသားထဲမှာ စွဲမြဲ ယုံကြည်ထားတဲ့ အချက်တစ်ချက် ကတော့ ‘‘အမှန်တရားဆိုတာ ကြာချင်ကြာလိမ့်မယ်။ ဒါပေမဲ့ မ ပျက်မကွက် အရောက်လာတတ် တယ်’’ ဆိုတာပါပဲသား။

ချမ်းမြေ့ပျော်ရွှင်ပါစေသား လေး။ အခြားသော အမိနိုင်ငံ သားကလေးငယ်များလည်း သား လေးကဲသို့ ထပ်တူတပ်မျှ ချမ်း မြေ့ပျော်ရွှင်နိုင်ကြပါစေ။

သားလေးရဲ့ ဖေဖေ။     ။

7Day News Journal

No comments:

Post a Comment