Latest News

Friday, March 17, 2017

ပုသိမ် - ရန်ကုန် ကားလမ်းတွင် ကားမှောက်မှုဖြစ် လူတဦးသေဆုံး


ပုသိမ် - ရန်ကုန် ကားလမ်းတွင် ကားမှောက်မှုဖြစ် လူတဦးသေဆုံး


၁၆.၃.၂၀၁၆ ရက်နေ့ ၆း၀၀နာရီ အချိန်ခန့်က ပုသိမ်-ရန်ကုန်ကားလမ်း စာဖြူစုကျေးရွာအနီး မိုင်တိုင်အမှတ်(၄၇/၁)နှင့်(၄၇/၂)ကြား ကြိမ်ပင်ဆည်ကျေးရွာဘက်မှ ပန်းတနော်မြို့ဘက်သို့ အသွားလမ်းတွင် အမှတ် 4I/5825 Nissan အဖြူရောင်ကုန်တင်ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ယာဘက်ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်းသိရသည်။

ယာဉ်ပေါ်တွင် လူ၂ဦးလိုက်ပါလာပြီး တဦးမှာ နေရာတွင်သေဆုံးသွားပြီး ကျန်တဦးမှာ နာကျင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၎င်းယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကို ပန်းတနော်မြို့မရဲစခန်းတွင် ဒုရဲအုပ် အောင်ကိုဝင်း နှင့်အဖွဲ့က လာရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရလူနာအား ရဲဆေးစာဖြင့် ပန်းတနော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား မဆင်မခြင် မောင်းနှင်သော မောင်လွင်မိုးဦးအား ပန်းတနော်မြို့မရဲစခန်းယာဉ်(ပ)၁၉/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/ ၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မောင်ရဲနိုင် ( The Ayeyarwaddy Times )

No comments:

Post a Comment