Latest News

Friday, March 17, 2017

ဝိုင်ဘီအက်စ် ၆ နဲ့ ၇ တိုင်ကြားခံရမှု စံချိန်တင်

ဝိုင်ဘီအက်စ် ၆ နဲ့ ၇ တိုင်ကြားခံရမှု စံချိန်တင်

ဝိုင်ဘီဘက်စ်ဘတ်စ်ကား စီးရေ ၃၇၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

ရန်ကုန်၊ မတ် ၁၅ - ဝိုင်ဘီအက်စ်ဘတ်စ်ကားတွေထဲမှာ ယာဉ်လိုင်းနံပါတ် ၆ နဲ့ ၇ က စည်းကမ်းဖောက်ဖျက်လို့ ခရီး သည် အများဆုံးတိုင်ကြားခံရ တယ်လို့ ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့ (YR-TA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်။

ဒေါက်တာမောင်အောင်က ဒီတစ်လတည်းမှာ ၆ နဲ့ ၇ ၊ ကျန်တဲ့လိုင်းက ၃၉ တို့ပေါ့၊ ၆ နဲ့ ၇ က အများဆုံးပဲ၊ မှတ်တိုင်မရပ်တာ အများဆုံးပဲ၊ မချေမငံပြောတာ၊ ယာဉ်စီးခပိုတောင်း တာလဲများတယ်၊ သိပ် serious ဖြစ်ရင်ချက်ချင်း အရေးယူတယ်လို့ ပြောပါတယ်။

ယာဉ်စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို ဖုန်းအပလီကေးရှင်းကနေ တိုင်ကြားကြတာ ဖြစ်ပါတယ်။ ခရီးသည်ကိုကိုယ်ထိလက်ရောက် ကျူးလွန်တာတွေကိုတော့ ချက်ချင်းအရေး ယူတယ်လို့ဆိုပါတယ်။
ဆင်းပြီးတော့ ကိုယ်ထိလက်ရောက်စော်ကားရင် YRTA က ညတွင်းချင်းပဲ ချက်ချင်းသိတာနဲ့ ချက်ချင်းဖမ်းတယ်၊ ကိုယ်ထိလက်ရောက်စော်ကားလို့ အရေးယူတာ ၂၀ ကျော်သွားပြီ၊ ဆက်ပြီးအရေးယူမယ်လို့ ဒေါက်တာမောင်အောင်က ပြောတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြောင်းလဲပြေးဆွဲတဲ့ ဝိုင်ဘီအက်စ်ဘတ်စ်ကားတွေဟာ ဇန်နဝါရီ ၁၈ ရက်နေ့မှာပဲ ယာဉ်လိုင်း နံပါတ် ၆ က ယာဉ်နောက်လိုက်က ခရီးသည်ကို ထိုးကြိတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ဝိုင်ဘီအက်စ် အမှတ် ၁၀ ယာဉ် လိုင်းကခရီးသည်အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးတာ၊ ဝိုင်ဘီအက်စ်ကားချင်းပြိုင် မောင်းပြီး စပယ်ယာချင်း ဓားနဲ့ထိုးတာတွေဖြစ်ပွားခဲ့ပါတယ်။

ဝိုင်ဘီအက်စ်ဘတ်စ်ကားတွေဟာလက်ရှိယာဉ်လိုင်းပေါင်း ၈ အထိတိုးမြှင့်ထားပြီး ဘတ်စ် ကားစီးရေ ၃၇၀ဝ ကျော်ရှိနေပြီလို့သိရပါတယ်။
လက်ရှိ ဝိုင်ဘီအက်စ်ဘတ်စ်ကားတွေကို ည ၁၀းဝ၀ နာရီအထိ ပြေးဆွဲဖို့သတ်မှတ် ထားပေမဲ့ ညဘက်တွေမှာ ယာဉ်စီးရေပြတ်တာတွေလည်း ရှိနေပါတယ်။

သိသာတဲ့ပြောင်းလဲမှု
ဝန်ကြီးချုပ်ပြောသလို သုံးလတစ်ခါ step by step ပြောင်းသွားဖို့တော့ရှိတာပေါ့။ အများပိုင်ကတော့ သုံးလအတွင်းမဖြစ်နိုင်သေးပါဘူး။ ကတ်စနစ်တို့ဘာတို့ကတော့ ချက်ချင်းကြီးမရဘူး။ သုံးလတိုင်း သုံးလတိုင်းမှာသိသာတဲ့ ပြောင်းလဲမှုတွေလုပ်သွား မယ်လို့ ဒေါက်တာမောင်အောင်က ရှင်းပြပါတယ်။

လက်ရှိအများပြည်သူ သယ် ယူပို့ဆောင်ရေးလုပ်ငန်းထဲမှာ အစိုးရပိုင်ဘတ်စ်ကားအစီးရေ ၃၀ဝ၀ အထိ ထည့်သွင်းပြေးဆွဲဖို့ စီစဉ်နေပါတယ်။ ဘတ်စ်ကားတွေကို တစ်ဦးချင်း တစ်ယောက်ချင်းပိုင်ဆိုင်ပြီး ကိုယ်ရကိုယ်ယူစနစ်ကနေ အများပိုင်စနစ်ကိုပြောင်းလဲပြီး အချိုးကျရယူတဲ့ ပုံစံပြောင်းလဲမှာဖြစ်ပါတယ်။

ပို့ပို့မြင့်မွန်( Kumudra )


No comments:

Post a Comment