Latest News

Wednesday, March 8, 2017

လူလူသူသူအားလုံး အတူတူဖြစ်သည်

လူလူသူသူအားလုံး အတူတူဖြစ်သည်



‘‘ဆံပင်ဆွဲပြီး နံရံနဲ့ဆောင့် တယ်။ နှိပ်စက်ခံရလို့ မိတ်ဆွေ တစ်ယောက်ကို ပြောလိုက်တာ လျှောက်မပြောရဘူးတဲ့။ တာယာ ဖိနပ်နဲ့လည်း ရိုက်တယ်။ မျက်နှာ ကိုအ၀တ်နဲ့အုပ်ပြီး ရေစုပ်စက်က ရေပိုက်နဲ့ထိုးတယ်။ လက်နဲ့မျက် ခွံကိုအပ်နဲ့ ထိုးတယ်’’တဲ့။ အမရပူ ရမြို့နယ် ထန်းတောရွာမှာ အိမ် ရှင်များရဲ့ ညှဉ်းပန်းနှိပ်စက်မှုခံခဲ့ရ တဲ့ အသက်(၁၄)နှစ်အရွယ် အိမ် အကူမိန်းကလေးပြောပြတာကို သတင်းထဲမှာ ဖတ်လိုက်ရတာပါ။ ထမင်းပေါင်းအိုးကြိုး၊ အ၀တ်ချုပ် အပ်၊ ပလာယာတို့ဖြင့် ညှဉ်းပန်း နှိပ်စက်မှုခံရတဲ့ ပြင်းထန်ဒဏ်ရာ များလည်း တွေ့ရှိရတယ်လို့ သိရ ပါတယ်။

အိမ်ရှင်နဲ့ အိမ်အကူတွေရဲ့ အနေအထားကို ထပ်မံတပ်လှန့် လိုက်တဲ့ သတင်းတစ်ပုဒ်ပါပဲ။ ဒီ လို မတော်မတရား ကိုယ်ထိလက် ရောက် အနိုင်ကျင့်ခံရတာမျိုးကို လူအများစုက လက်မခံကြပါဘူး။ မနှစ်မြို့ကြပါဘူး။ ကျူးလွန်ဗိုလ် ကျသူတွေကိုလည်း စက်ဆုပ်ရွံရှာ ကြပါတယ်။ ထိထိရောက်ရောက် အပြစ်ပေးအရေးယူဖို့ကိုလည်း လိုလားကြပါတယ်။ အထူးသဖြင့် နေ့စား၊ လခစားအလုပ်သမားတွေ အပေါ်မှာ မတန်တဆ လွန်လွန်ကဲ ကဲ ခိုင်းစေတာ၊ လူမသိ သူမသိ နှိပ်စက်စော်ကားခြင်းပြုလုပ်တာ၊ လူမှုဆိုင်ရာစောင့်ရှောက်ရန် ၀တ္တ ရားများပျက်ကွက်တာတွေ အ တွက် ခံရသူတွေဘက်က ရပ်တည်ပေးတတ်ကြပါတယ်။

အင်အားကြီးသူက အင်အား နည်းသူကို လူအချင်းချင်း ညှဉ်း ပန်းနှိပ်စက်တာဟာ ဘာသာတ ရားအရကြည့်ကြည့်၊ လူ့အခွင့်အ ရေးအရ ကြည့်ကြည့် မရှိသင့်၊ မဖြစ်သင့်ဘူးလို့ ဆိုရမှာပါ။ ကျင့် ၀တ်များ၊ ကိုယ်ချင်းစာနာထောက် ထားမှုများ၊ စည်းမျဉ်းစည်းကမ်း ဥပဒေများနဲ့ လိုက်နာထိန်းညှိကြ ရမှာပါ။

 လူသားအလုပ်သမားတွေ အတွက် ခုခံပိုင်ခွင့်၊ ရပိုင်ခွင့်များ၊ ကာကွယ်မှုများကို အပြည့်အ၀ရ ဖို့ လိုပါတယ်။ ဒါမှလူမဆန်တဲ့ တရားခံတွေရဲ့ ဘေးကရှောင်ရှား ကင်းဝေးနိုင်ကြမှာ ဖြစ်ပါတယ်။

(၂)

တပည့်မလေး တစ်ယောက် က အရောင်းဝန်ထမ်း လုပ်ပါ တယ်။ ခန်းဝင်ပစ္စည်းနဲ့ အိမ်အသုံး အဆောင်တချို့ရောင်းတဲ့ စတိုး ဆိုင်ကြီးမှာပါ။ တခြားရုံးပိုင်းဆိုင် ရာ အလုပ်တွေလျှောက်ဖို့ ပြင် ဆင်နေတုန်းမှာ စားစရိတ်နဲ့ အ ဆောင် ငှားနေခစရိတ်ရအောင် ရရာအလုပ်ကို ၀င်လုပ်ခဲ့တာပါ။ ဘွဲ့ရပြီးခါစ သူမအတွက် သူ့စိတ်ကြိုက်အလုပ်ကို ရွေးချယ်ဖို့ အခွင့်မသာခဲ့ဘူးလို့ ဆိုပါတယ်။ အရောင်းဝန်ထမ်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူလုပ်ရတာ
တွေကို  အကြမ်း ဖျင်းပြောပြပါတယ်။

အလုပ်ချိန်က မနက် ၈ နာရီ ကနေ ည ၇ နာရီအထိ။ ဆိုင်ရှေ့ မျက်နှာစာနဲ့ ဆိုင်အတွင်းကို ဆိုင် မဖွင့်မီ သန့်ရှင်းရေးလုပ်ဖို့ တာဝန် ကျတဲ့နေ့ဆို မနက် ၇ နာရီခွဲအရောက်လာရပြီး တံမြက်စည်း လှည်း၊ အမှိုက်သိမ်း၊ ဆိုင်ရှေ့
မှန်ပြတင်းတွေ၊ ဗီရိုကောင်တာတွေ ကို ဖုန်သုတ်၊ ဝေယျာဝစ္စအကုန် လုပ်ရတယ်လို့ ဆိုပါတယ်။ ည ဘက်ဆိုင်သိမ်းပြီးရင်လည်း လမ်း ထိပ်အမှိုက်ပုံရှိရာဆီကို အမှိုက် ပုံး၊ အမှိုက်တောင်းတွေ အလှည့်ကျသွားပြီး ပစ်ရသေးတယ်တဲ့။

သူအလုပ်လုပ်တဲ့ဆိုင်မှာ အ ရောင်းဝန်ထမ်း ဆယ်ယောက်ရှိ ပေမယ့် ဆိုင်အတွက် သန့်ရှင်းရေး ၀န်ထမ်း၊ ဆိုင်အကူဝန်ထမ်း  သီး သန့်ခန့်မထားဘူးလို့ သိရပါတယ်။ အရောင်းဝန်ထမ်းအဖြစ် ခန့်ထားတဲ့ သူတို့မိန်းကလေး
တွေကသာ အစစအရာရာလုပ်ကြရဖို့ တာဝန် ချထားခြင်း ခံရတယ်လို့ ဆိုပါ တယ်။ တခြား တပည့်မလေး နှစ် ယောက်ဆိုရင်လည်း ကိုယ်ပိုင် သင်တန်းကျောင်းမှာ အကူဆရာ မအဖြစ် အလုပ်ခေါ်တာကို ၀င်ရောက်လုပ်ကိုင် မိသော်လည်း စောစောက အရောင်းဝန်ထမ်း တပည့် မလေးလိုပဲ သန့်ရှင်းရေးအလုပ်၊ ဗာဟီရအလုပ်၊ ခိုင်းတာမှန်သမျှ လုပ်ကြရတယ်လို့ ဆိုပါတယ်။

(၃)

ဆယ်ကျော်သက်၊ အသက် (၂၀)၀န်းကျင် လှချင်ပချင်တဲ့ ခေတ် မိန်းကလေးငယ်များကို စတိုးဆိုင်၊ စားသောက်ဆိုင်၊ လက် ဖက်ရည်ဆိုင်၊ ယမကာဆိုင်၊ အ လှပြင်ဆိုင်၊ အိမ်ဆောက်ပစ္စည်း ဆိုင်တွေအပြင် လုပ်ငန်းခွင်အမျိုးမျိုး၊ ပတ်ဝန်းကျင်အမျိုးမျိုး၊ အ ခြေအနေအမျိုးမျိုးမှာ တွေ့ကြရ ပါတယ်။ မိန်းကလေးငယ်အရွယ် နဲ့ မသင့်တင့်မလျောက်ပတ်၊ မအပ်စပ်တဲ့နေရာတွေမှာလည်း တွေ့ ကြရတတ်ပါတယ်။ ဈေးကွက်အ နေအထား၊ လူမှုစီးပွားဆိုင်ရာ
အကြောင်းတရား များကြောင့်လည်း မလွှဲသာ မရှောင်သာလုပ်နေကြရ သူတွေလည်း ရှိပါတယ်။

‘‘ခေါ်တာကတော့ အရောင်း စာရေးမဆိုပြီး ခေါ်တာပဲ။ ကုန်တင်ကုန်ချလည်း လုပ်ရတယ်။ ကုန်သယ်ကုန်ပို့လည်း လုပ်ရတယ်။ ဆိုင်ရှင်ရဲ့ မိသားစုကိစ္စ ခိုင်းရင်လည်း လုပ်ရတယ်။ ရှားရှားပါးပါး တစ်ပတ်တစ်ရက်ရ တဲ့  အလုပ်ပိတ်ရက်မှာတောင် ပိုင်ရှင်က ဘယ်သွားချင်၊ ဘယ်လာချင်တယ်ဆိုရင် လိုက်ပို့ရတာ၊ အဖော်လိုက်ပေးရ တာလည်း ရှိတယ်။ တခြား အလုပ်ပြောင်းဖို့တော့ စဉ်းစားနေပါတယ်’’ တဲ့။ ရပ်ကွက်ထဲက ညီမငယ်အရွယ် မိတ်ဆွေတစ်ဦးက ပြောပြ တာပါ။

ရသရွေ့အမြတ်ထုတ်ချင်တဲ့ အိမ်ရှင်တွေ၊ ဆိုင်ရှင်တွေ၊ လုပ် ငန်းပိုင်ရှင်တွေဟာ အိမ်အကူ၊ ဆိုင်အကူ အလုပ်သမားတွေရဲ့ မသိနားမလည်မှု၊ ငြိမ်ခံမှုတွေအ ပေါ် အခွင့်ကောင်းယူတတ်ကြပါတယ်။ တစ်နည်းနည်းနဲ့
ကြောက်အောင် ချုပ်ကိုင်ထားတတ်ကြပါ တယ်။ ဒီအတွက် ခံရသူကာယကံ ရှင် ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်က ဖော်ထုတ်နိုင်မှ ရမှာဖြစ်ပါတယ်။

(၄)

 လူ့အဖွဲ့အစည်းဟာ ယဉ် ကျေးခြင်း၊ တည့်မတ်ဖြောင့်မှန် ခြင်း၊ တရားမျှတခြင်းများရှိမှသာ ပျော်ရွှင်ကြည်နူးဖွယ် အ၀န်းအ ၀ိုင်း ဖြစ်မှာပါ။ လူသားသိက္ခာ၊ လူ သားတန်ဖိုး၊ လူသားတစ် ယောက် ရဲ့ ဖြစ်တည်ခွင့်တွေကို အချင်း ချင်း အပြန်အလှန်အသိအမှတ်ပြု ကြရမှာပါ။ တစ်ဦးနဲ့တစ်ဦးလေး စားမှု၊ ယုံကြည်မှု၊ နွေးထွေးဖေးမ မှု၊ ကူညီရိုင်းပင်းမှုများနဲ့ ဆက်ဆံ ကြရမှာပါ။ မည်သည့်ဘာသာ၊ မည်သည့်လူမျိုး၊ မည်သည့်ဒေသ၊ မည်သည့်အလွှာမှာပဲ
ဖြစ်စေ အကြင်နာ၊ မေတ္တာတွေကို မျှဝေနိုင် ကြရမှာပါ။

  အိမ်အကူ အလုပ်သမား တွေ၊ လက်အောက်ငယ်သား ၀န် ထမ်းတွေကို တာဝန်ယူကွပ်ကဲ အုပ်ချုပ်စီမံရသူတွေမှာ စိတ်နေ သဘောထား ပြည့်ဝဖို့လိုပါတယ်။ မည်သည့်အကြောင်းပြချက်နဲ့မျှ စီးပိုးခြယ်လှယ်တာ၊ ထိပါးနှောင့် ယှက်တာ မပြုလုပ်သင့်ပါဘူး။ ခေါင်းပုံဖြတ်တာ၊ အချိန်တွေ၊ လုပ်အားတွေ၊ အရှက်တွေ၊ အသက် တွေကိုရယူတာ မလုပ်သင့်ပါဘူး။ လက်တစ်လုံးခြား လိမ်ညာလှည့် ပတ်ပြီး အကျိုးအမြတ်၊ အခွင့်ထူးရယူတာမျိုးတွေ ကိုလည်း
ရှောင် ရှားကြရပါမယ်။ ဒါမှသာလျှင် လူ ပီသတယ်လို့ ခေါ်ဆိုနိုင်ပါတယ်။

 လူအဖြစ် ရှင်သန်နေချိန် ခဏတာကာလမှာ လူလူသူသူဖြစ် ဖို့ အရေးကြီးပါတယ်။ လူတစ် ယောက်အဖြစ် ထိုက်ထိုက်တန်တန် ဖြစ်ရပါမယ်။ ငွေကြေး၊ ပညာ၊ အရှိန်အ၀ါတွေ ပိုင်ဆိုင် ထားရုံမျှနဲ့ လူတစ်ယောက်ရယ် လို့ အကဲမဖြတ်နိုင်ပါဘူး။ လူ့နှ လုံးသား၊ လူ့အသိတရားတွေ ရှိ ခြင်းသည်သာလျှင် ‘လူ’ဆိုတာကို ပီပြင်လေးနက်စေမှာ ဖြစ်ပါတယ်။ လူအချင်းချင်း အနိုင်ယူခြင်းကင်း ၍ လူလူသူသူဖြစ်အောင် ကြိုးစား နေထိုင်ကြရအောင်ပါ။  ။



7Day News Journal

No comments:

Post a Comment