Latest News

Wednesday, March 8, 2017

ရန်ကုန် အိမ်ခြံမြေဈေးကွက် ပြန်လည်ငြိမ်သက်

ရန်ကုန် အိမ်ခြံမြေဈေးကွက် ပြန်လည်ငြိမ်သက်



အရောင်းအ၀ယ် အနည်းငယ်ပြန်လည် လှုပ်ရှားလာသော ရန်ကုန် အိမ်ခြံမြေ ဈေးကွက်သည် ၂၀၁၇ ပြည်ထောင်စု၏ အခွန်အ ကောက်ဥပဒေ စတင်ပြဋ္ဌာန်းချိန်၌ ဈေးကွက်ပြန်လည်ငြိမ်သက်သွားသည်ဟု စီးပွားရေးလုပ်ငန်း ရှင်များကပြောသည်။

အိမ်ခြံမြေ ရောင်းဝယ်ရာ တွင် ပေးဆောင်ရသော ၀င်ငွေခွန် နှုန်းထားပြောင်းလဲနိုင်သည်ဟု ယူ ဆချက်ဖြင့် ၂၀၁၇ ဇန်န၀ါရီလ ဆန်းကစတင်၍ တန်ဖိုးကျပ်သိန်း လေးထောင်မှ ငါးထောင်ကြားအိမ်ခြံမြေများ အရောင်းအ၀ယ်
အနည်းငယ်ဖြစ်လာသည်။ သို့သော် ဖေဖော်ဝါရီလလယ်က စတင်ပြီး ၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပြီး နောက်ပိုင်း၌ အရောင်းအ၀ယ် ပြန်လည်အေးသွားသည်ဟု စီးပွား ရေးလုပ်ငန်းရှင်အချို့ကဆိုသည်။

၂၀၁၇ ပြည်ထောင်စု၏ အ ခွန်အကောက်ဥပဒေအပြင် ဖေ ဖော်ဝါရီလကုန်တွင် ဖြစ်ပေါ်ခဲ့ သည့် ရွှေဈေးရုတ်တရက်မြင့် တက်လာမှု၊ စတော့ရှယ်ယာဈေး ကွက်၌ ကုမ္ပဏီအချို့၏ အစုရှယ် ယာတန်ဖိုးမြင့်တက်မှုကလည်း အိမ်ခြံမြေအရောင်းအ၀ယ် အေးစေသည့် အကြောင်းအချက်တစ်ခု ဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ် များကဆိုသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေး ကွက်အခြေအနေသည် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ် နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြဋ္ဌာန်းမည့် နည်း ဥပဒေများကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင် ပြီး အိမ်ခြံမြေဈေးကွက်မှာလည်း အလားအလာကောင်းများ ရှိလာ မည်ဟု အိမ်ခြံမြေအကျိုးဆောင် များက ဖေဖော်ဝါရီလဆန်းတွင် ခန့်မှန်းခဲ့သည်။

‘‘အစိုးရက အိမ်ခြံမြေတန်ဖိုး ဖောင်းပွတာ၊ ဈေးမြင့်တက်တာကို ထိန်းဖို့ဆန္ဒရှိနေတယ်။ အဲဒါကြောင့် ဈေးကွက် သိပ်မျှော်လင့်လို့ မရ ဘူး’’ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီ  မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦး
ကပြောသည်။

လက်ရှိအစိုးရသည် အိမ်ခြံ မြေဈေးနှုန်းများကျဆင်းပြီး တည် ငြိမ်သောဈေးကွက်တစ်ခုဖြစ်ပေါ် စေရေးပိုင်ဆိုင်မှု အခွန်ကောက် ခံရန် ဥပဒေပြဋ္ဌာန်းရန် စီစဉ်နေ သည်။ လက်ရှိရန်ကုန်မြို့ရှိ အိမ်ခြံမြေတန်ဖိုးသည် သုံးနှစ်အတွင်း ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား ဈေးနှုန်းကျဆင်းခြင်းကြောင့် ဘဏ်လုပ်ငန်းရှင်များ သတိထား စရာဖြစ်လာကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်ပြော ကြားသည်။



7Day News Journal

No comments:

Post a Comment