Latest News

Friday, March 17, 2017

ယခုနှစ်မှာ ခရမ်းလွန်ရောင်ခြည် လွန်လွန်ကဲကဲဒုက္ခပေးနိုင်မည့်နှစ်မ ဟုတ်ကြောင်း ဒေါက်တာထွန်းလွင်ဆို

ယခုနှစ်မှာ ခရမ်းလွန်ရောင်ခြည် လွန်လွန်ကဲကဲဒုက္ခပေးနိုင်မည့်နှစ်မ
ဟုတ်ကြောင်း ဒေါက်တာထွန်းလွင်ဆို

ရန်ကုန်၊ မတ် ၁၇

ယခုနှစ်သည် ခရမ်းလွန်ရောင်ခြည် လွန်လွန်ကဲ ကဲဒုက္ခပေးနိုင်
မည့်နှစ်မဟုတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင်
ဒေါက်တာထွန်းလွင်က ပြောကြား လိုက်သည်။

နိုင်ငံတစ်ဝန်းရှိ နေရာဒေသအ များစုတွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့်အထိ မြင့်တက်နေသော်လည်း ယခင်နှစ် များထက်လျော့နည်းကြောင်း သိရသည်။

""ခရမ်းလွန်ရောင်ခြည်ရဲ့ ဇာစ် မြစ်က နေကလာတာဆိုတော့ ဒီနှစ် က နေရောင်ခြည်နည်းတဲ့နှစ်ဆို တော့ ခါတိုင်းနဲ့စာရင်တော့ လျော့ ရမှာပေါ့။ နေအနေနဲ့ ပြောရရင် တော့ နေရောင်ခြည်ရောက်ရှိတာ ဒီနှစ်က အနည်းဆုံးဖြစ်တဲ့အတွက် ခရမ်းလွန်ရောင်ခြည်ရောက်ရှိတာ အနည်းဆုံးနှစ်လို့ ပြောလို့ရတယ်"""ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

၂၀၁၇ ခုနှစ်သည် နေလှုပ်ရှား မှု အနည်းဆုံးနှစ်ဖြစ်ပြီး၊ နေက စွမ်းအင်ဖြာထွက်မှု (sunspot) များလည်း ကမ္ဘာပေါ်သို့ကျရောက်မှု အနည်း
ဆုံးနှစ်ဖြစ်ကြောင်း၊ နေ မျက်နှာပြင်က နေစွမ်းအင်ဖြာထွက် ခြင်းသည်
သာမန်အားဖြင့်ဆိုလျှင် တစ်နှစ်ကို သောင်းချီပြီးရောက်ရှိ သော်လည်း ယခုအခါတွင် အနည်း ငယ်ခန့်သာရောက်ရှိကြောင်း၊ ယင်းကဲ့သို့ နေ
အနေဖြင့် ကမ္ဘာကိုအပူ ဓာတ်ပေးခြင်း အနည်းဆုံးဖြစ်လာ ခြင်းကြောင့် ယခုနှစ်သည်ကမ္ဘာအ နေဖြင့် အပူလျော့ရမည့်နှစ်တစ် နှစ်ဖြစ်ကြောင်း၊
သို့သော်လူတို့၏ပယောဂများကြောင့် ကမ္ဘာကြီးသည် အေးရမည့်နှစ်များတွင်လည်း မအေး သည့်အပြင် အပူပိုနေခြင်းတို့ကို ကြုံတွေ့နေရကြောင်းနိုင်ငံတကာ မိုးလေဝဌာနများ၏ ခန့်မှန်းချက်များ အား ကိုးကားပြောကြားသည်။

""ဒီတော့ကာ ခရမ်းလွန်ရောင် ခြည်လွန်လွန်ကဲကဲ ဒုက္ခပေးနိုင်တဲ့
နှစ်တော့မဟုတ်ဘူး။ သို့သော်ငြား လည်းပဲ မြန်မာပြည်ဒေသတော် တော်များများမှာ လွန်ကဲတဲ့အဆင့် ကိုတော့ရောက်နေတယ်""ဟု ၄င်းကဆက်လက်ပြောကြားသည်။MMA Democracytoday

No comments:

Post a Comment