Latest News

Sunday, March 12, 2017

ဒေါ်အောင်ဆန်းစုကြည်က ဦးဖြိုးမင်းသိန်းအား သွားရောက်အားပေး

ဒေါ်အောင်ဆန်းစုကြည်က ဦးဖြိုးမင်းသိန်းအား သွားရောက်အားပေး



ရန်ကင်းကလေးဆေးရုံ ကြီးရှိ နှလုံးနှင့် သွေးကြောခွဲစိတ် ကုသဌာနတွင် နှလုံးခွဲစိတ်ကုသမှု ခံယူနေသော ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံအားပေးခဲ့သည်။

မတ်လ ၁၁ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ပြုလုပ်သော ရန်ကုန်ဓာတ်ပုံည အခမ်းအနားကို ဆုရွေးချယ်ရေး အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ၀န်ကြီးချုပ်ထံ သွားရောက်တွေ့ဆုံခဲ့ သည်။

ဆေးကုသမှု ခံယူနေသော ၀န်ကြီးချုပ်သည် ကျန်းမာရေး ကောင်းမွန်နေကြောင်း ၀န်ကြီး ချုပ်၏ ကိုယ်ရေးအရာရှိ ဦးတင်  ထွန်းကပြောကြားသည်။ မတ်လ ၄ ရက်တွင် နှလုံးခွဲစိတ်ကုသမှုခံယူ ထားသော ဦးဖြိုးမင်းသိန်းက ဒေါ် အောင်ဆန်းစုကြည်ကို တွေ့ဆုံ ရှင်းပြနေသောဓာတ်ပုံ၌ ၀န်ကြီးချုပ် အနည်းငယ် ပိန်သွားသည် ကို တွေ့ရသည်။

ကျန်းမာရေးအရ ခွင့်ယူထား သော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်း၏ တာဝန်များကို လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ခေတ္တတာဝန်ယူထားသည်။

ဝန်ကြီးချုပ်ကို ဗြိတိန်နိုင်ငံမှ ပါမောက္ခအောင်ရဲဦး ဦးဆောင် သော မြန်မာခွဲစိတ်ဆရာဝန်များ အဖွဲ့က ရန်ကင်းဆေးရုံကြီးတွင် ခြောက်နာရီကြာ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရန်ကင်းကလေးဆေးရုံကြီး သည် နှလုံးခွဲစိတ်ကုသမှုပိုင်းတွင် အောင်မြင်မှုရလဒ်ကောင်းသည့် ဆေးရုံကြီးတစ်ခုဖြစ်သည်။ မြန် မာနိုင်ငံရှိ နှလုံးအထူးကုဆရာဝန် ကြီးများ၏ ခွဲစိတ်ကုသမှုများအ ပြင် အာဆီယံနှင့် ဥရောပနိုင်ငံ များမှ ပညာရှင်များနှင့် ပညာဖ လှယ်ပြီး ခွဲစိတ်မှုများရှိကာ နှစ်စဉ် ကလေးနှင့် လူကြီး နှလုံးရောဂါဝေဒနာရှင်များအား ခွဲစိတ်ကုသပေးနေသည်။



7Day News Journal

No comments:

Post a Comment