Latest News

Monday, March 6, 2017

ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ထင်မြင်ပြီး ဝမ်းနည်းခံစားနေရသူများအတွက်

ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ထင်မြင်ပြီး ဝမ်းနည်းခံစားနေရသူများအတွက်

တစ်ခါတစ်လေ ကိုယ်ပိုင် နေစရာ နေရာမရှိသလို ခံစားနေရတာမျိုး ကြုံဖူးကြမှာပါ။ ဘယ်နားသွားသွား နားအေးပါးအေး မနေရတာမျိုး၊ ကိုယ့်ကို အလိုမရှိတဲ့ပုံစံတွေနဲ့ ဆက်ဆံခံရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တကယ်က ဒီလို နေစရာမရှိတာ အမှန်တကယ်ဖြစ်နေတဲ့ အမှန်တရားမဟုတ်ဘဲ ကိုယ့်စိတ်က ကိုယ့်ဖာသာထင်နေတာပါ။

တချို့နေရာမှာ မိမိက လူပိုဖြစ်နေတတ်တယ်။ တချို့နေရာတွေမှာတော့ မရှိမဖြစ် လိုအပ်တဲ့လူ ဖြစ်နေတတ်ပါတယ်။ လူမှန် နေရာမှန် ရောက်မနေတဲ့အချိန်မှာတော့ ဒီလိုပဲ ခဏလေး ကြုံရတာပါ။ စိတ်ထဲ ဝမ်းနည်းသလို ၊ အရေးမပါ အရာမရောက်တဲ့လူလိုလို ခံစားရတတ်ပါတယ်။ ဒီလို ကိုယ့်နေရာကိုယ် မတွေ့တာကို မလိုပါဘူး၊ ဖယ်ထားပါတယ်ဆိုပြီး တစ်ယောက်တည်း စိတ်ထဲ ခံစားတယ်၊ ဝမ်းနည်းလာတယ်ဆိုတာ အဓိပ္ပာယ်မရှိတာကို ထိုင်ပြီး ဝမ်းနည်းနေသလို ဖြစ်နေမှာပါ။  ဒီလောကမှာ သင့်အတွက် နေရာတစ်နေရာတော့ ရှိပါတယ်။

အခု မျက်စိနှစ်ဖက်ကို မှိတ်ထားပြီး သင့်လက်နှစ်ဖက်ကို ရှေ့ကို ဆန့်တန်းလိုက်ပါ။ ပြီးရင် ဘေးဘက်ကို ဆန့်ထားလိုက်ပါ။ ဒီလက်ဖြန့်ဆန့်တန်းထားတာက အဝိုင်းပုံစံဖြစ်နေပြီး သင့်စိတ်ထဲမှာ ပန်းရောင်ဖျော့ဖျော့ အရောင်ရှိတဲ့ ပူစီဖောင်းတစ်လုံးထဲ ရောက်နေတယ်လို့ စိတ်ကူးလိုက်ပါ။

နုနုနယ်နယ်ပါးလွတဲ့ ပန်းရောင်ဖျော့ဖျော့ဟာ နူးညံ့သိမ်မွေ့တဲ့ ဂုဏ်သတ္တိ ရှိတယ်။ ချစ်ခင်မြတ်နိုးမှု၊ ဂရုတစိုက်ရှိမှုတွေနဲ့ ချစ်စရာကောင်းတဲ့ အငွေ့အသက်လည်း ဖြစ်တယ်။ ပန်းရောင်ဖျော့ဖျော့က ချစ်ခြင်းနဲ့ ချစ်ခြင်းကို အစပြုတဲ့ ကြင်နာခြင်း၊ ခွင့်လွှတ်ခြင်းတွေကို ကိုယ်စားပြုပါတယ်။ သူ့ နူးညံ့မှုတွေနဲ့ သင့်ကို ထွေးပွေ့ထားသလို ဖြစ်နေမယ်။

ပူဖောင်းအတွင်းမှာ ရှိတဲ့ ပန်းရောင်အမှုန်လေးတွေက သင့်စိတ်နဲ့ ခန္ဓာတွင်းကို ထိုးဖောက်ပြီး ဝင်ထွက်ရွေ့လျားနေတယ်လို့ တွေးလိုက်ပါ။ စိတ်ထဲမှာ ဒဏ်ရာတွေကို ကုစားပေးလိုက်သလို ဂရုစိုက်ခံလိုက်ရသလို ဖြစ်သွားတာကို သတိထားမိပါလိမ့်မယ်။ အထီးကျန်ဆန်မှုတွေလည်း မရှိတော့ဘဲ သာယာတဲ့ အထိအတွေ့နဲ့ သင့် စိတ်အနာတွေ၊ ခံစားချက်တွေကို အဖော်ပြုပေးနေသလို ခံစားရမယ်။ သင့်စိတ်နဲ့ ခန္ဓာ အတွင်း အပြင်မှာ ရှိတဲ့ အနာတရတွေကို တဖြည်းဖြည်း ကျက်သွားစေပြီး အကောင်းပကတိ ဖြစ်သွားတာကို ခံစားသိလိုက်ပါ။ ဒီအချိန်မှာ သင်က အလုံခြုံဆုံး ထွေးပွေ့မှု၊ အားပေးမှု၊ ချစ်ခင်မှုတွေ ရရှိလိုက်တာကို ခံစားရမှာပါ။

ဒီနည်းကို Pink Bubble of Love Technique လို့ ခေါ်ပြီးတော့ ဒီပူဖောင်းလေးကို သင် စိတ်လှုပ်ရှားမှုဖြစ်တဲ့အခါ၊ စိတ်ဓာတ်ကျပြီး အားငယ်နေတဲ့အခါမျိုးတွေမှာ စိတ်ထဲကနေ အချိန်မရွေး နေရာမရွေး ထုတ်ဖော်ပြီး စိတ်ငြိမ်အောင် လုပ်လို့ ရတဲ့နည်းတစ်ခု ဖြစ်ပါတယ်။

Source : ZenMeditation

Duwun

No comments:

Post a Comment