Latest News

Monday, March 6, 2017

ဘာကြောင့် မျက်စိနာရတာလဲ

ဘာကြောင့် မျက်စိနာရတာလဲ


မျက်စိနီရဲပြီးအောင့်နေတာမျိုး ဖြစ်ဖူးပါသလား။ မျက်စိနာခြင်းဟာ တကယ်တော့ မျက်မြှေးရောင်ရမ်းခြင်းကို ခေါ်ဝေါ်တာပါ။ မျက်လုံးထဲရှိ အဖြူရောင်ကိုကာထားတဲ့ ကြည်လင်တဲ့ အမြှေးပါးလေးနဲ့ မျက်ခွံအတွင်းပိုင်းက အမြှေးပါးတို့ကို ပိုးမွှားဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဓာတ်မတည့်မှု၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုတွေကြောင့်လည်း ဖြစ်ရပါတယ်။ ခေါင်းလျှော်ရည်၊ ဆပ်ပြာတွေ မျက်စိထဲဝင်တဲ့အခါ မျက်စိက နီရဲယားယံတာမျိုး ဖြစ်ဖူးကြမှာပေါ့။

ဒါမျိုးကတော့ ရေနဲ့မြန်မြန်ဆေးလိုက်ရင် ခဏအတွင်းသက်သာပျောက်ကင်းသွားပါလိမ့်မယ်။

မျက်စိနာခြင်းရဲ့ လက္ခဏာတွေထဲမှာ မျက်စိနီရဲလာတာကတော့ အထင်ရှားဆုံးပါပဲ။ ဒါပေမဲ့ အမြင်အာရုံကို ထိခိုက်စေတဲ့အထိတော့ မဆိုးရွားပါဘူး။ မျက်စိစွံတယ်လို့ ခေါ်ကြတဲ့ အပေါ်မျက်ခွံမှာ အဖုလေးဖြစ်တာမျိုးလည်း ရှိပါတယ်။ တစ်ဖက်ဖြစ်ပြီးလို့ ချက်ခြင်းမကုသရင် နောက်တစ်ဖက်ကို ကူးတတ်ပါတယ်။ အများအားဖြင့်တော့ ပိုးမွှားနဲ့ထိမိခြင်း၊ ဓာတ်မတည့်ခြင်းတို့ကြောင့် ဖြစ်တာပါ။ မျက်စိနာရင် မျက်ရည်တွေလည်း ကျလာပါတယ်။ မျက်စိလည်း ယားယံပါတယ်။ မျက်ဝတ် (မျက်ချေး)လည်း များများထွက်လာပါတယ်။ အလင်းရောင်ကို ကောင်းစွာကြည့်နိုင်ခြင်း မရှိတော့ပါဘူး။ မျက်လုံးထဲ တစ်ခုခုဝင်နေသလို ခို့လို့ခုလု ဖြစ်နေတာကို ခံစားရပါတယ်။

မျက်စိနာတာဖြစ်ဖြစ် မျက်စိစွံတာဖြစ်ဖြစ် ဆရာဝန်ဆီသွားပြသင့်ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုကုသရမယ်ဆိုတာ ဆရာဝန်တွေကသာ တိတိကျကျ လမ်းညွှန်ကုသပေးနိုင်မှာပါ။ ပိုးမွှားဝင်လို့ မျက်စိနာတာဆိုရင်တော့ မျက်စဉ်းခတ်ခြင်း၊ မျက်လုံးတစ်ဝိုက် လိမ်းဆေးလူးခြင်း၊ ဆေးသောက်ခြင်းတို့ခြင်း သက်သာပျောက်ကင်းနိုင်ပါတယ်။ မျက်စိနာခြင်းကြောင့် ခံစားရတာတွေ ယာယီသက်သာဖို့အတွက်တော့ မအေးလွန်း သို့မဟုတ် မပူလွန်းတဲ့ ရေခဲဝတ်ကို ကပ်ထားနိုင်ပါတယ်။ အဝတ်သန့်ဖို့ အရေးကြီးပါတယ်။ ကပ်ပြီးသားအဝတ်ကို ထပ်သုံးလို့မရပါဘူး။ ပိုးတွေ ပိုမိုကပ်ငြိပေါက်ပွားနိုင်ပါတယ်။

Source : Webmd

Duwun

No comments:

Post a Comment