Latest News

Monday, March 6, 2017

အိပ်ရင် သွားရည်ကျတာ ဘာလို့လဲ ဘယ်လိုလုပ်ရမလဲ

အိပ်ရင် သွားရည်ကျတာ ဘာလို့လဲ ဘယ်လိုလုပ်ရမလဲ

လူတိုင်းမှာ သွားရည်ထွက်ပေးတဲ့ ဂလင်းအိတ်တွေ ရှိပါတယ်။ သွားရည်ဆိုတာ အစာထဲမှာ အများဆုံးပါတတ်တဲ့ ထမင်းထဲက ကစီဓာတ်နဲ့ အခြားအစာတွေကို ချေဖျက်ပေးနိုင်စွမ်းရှိတဲ့ အင်ဇိုင်းတစ်မျိုးပါပဲ။ သွားရည်က အစာဝါးရင် မြန်မြန်ကျေအောင်၊ အစာတွေ ခြေဖျက်ရလွယ်အောင်၊ ဗိုက်ထဲကို ရှောရှောရှုရှုရောက်သွားအောင် လုပ်ပေးပါတယ်။

ပါးစပ်ဟပြီး အိပ်တာကြောင့် သွားရည်ကျတာမျိုးဖြစ်စေပါတယ်။ ပါးစပ်ဟပြီး အိပ်နေတုန်း ပါးစပ်နဲ့ အသက်ရှူမိတာကြောင့်ပါ။ ပါးစပ်ဟနေချိန်မှာ သွားရည် (တံတွေး) ထွက်တဲ့ အိတ်တွေက သွားရည်တွေ ထုတ်ထုတ်ပေးရင် ပါးစပ်ထဲမှာ များလာပြီး ပါးစပ်ထဲကနေ လျှံကျလာတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အသက်ကို နှာခေါင်းနဲ့ပဲ ရှူပြီး၊ ပါးစပ်နဲ့ အသက်ရှူတာကို မဖြစ်မနေအခြေအနေမှ ရှူကြပါတယ်။ ပါးစပ်နဲ့ အသက်ရှူတယ်ဆိုရင် အသက်ရှူလမ်းကြောင်းမှာ တစ်ခုခုဖြစ်နေတာလို့ ပြောလို့ ရပါတယ်။ အစာလမ်းမှာ အက်စစ်များတာ၊ နှာစေးတာ၊ အအေးမိတာ၊ နှာခေါင်းထဲမှာ အလုံးဖြစ်တာ၊ ပန်းနာ၊ အသက်ရှူကြပ်၊ လည်ချောင်းနာ၊ အာသီးရောင်တာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ပါးစပ်နဲ့ ရှူနေတာကို ပြင်ဖို့လေ့ကျင့်နည်း တစ်ခုက နှာခေါင်းနဲ့ အသက် ပြင်းပြင်းနဲ့ ရှည်ရှည် ရှူပါ။ အသက်ကို အကြာကြီး အရှည်ကြီး ရှုပါ။ နောက်တစ်ခုက အိပ်တဲ့ပုံစံကို ပက်လက်အနေအထားနဲ့ ဆန့်ဆန့် ပြောင်းအိပ်ကြည့်ပါ။ ဘေးတစောင်းအိပ်တာထက် ပက်လက်အိပ်ရင် ပါးစပ်က ဟသွားဖို့ အခွင့်အလမ်း နည်းသွားတယ်။ ပါးစပ်လုံးဝ ပိတ်မနေရင်တောင် သွားရည်တွေ ခေါင်းအုံးအထိ ကျလာတဲ့အထိ မဖြစ်နိုင်တော့ပါဘူး။

အိပ်ရင် သွားရည်ကျတာအကျင့်ဖြစ်နေပြီး ဒီအကျင့်က ဖျောက်ဖို့ ခက်နေတယ်ဆိုရင် စိတ်မညစ်ပါနဲ့။ သွားရည်ကျတယ်ဆိုတာက ကလေးပိစိလေးတွေအတွက်က သိပ်ပြဿနာမရှိနိုင်ပေမယ့် လူကြီးဆိုရင်တော့ နည်းနည်းတော့ ရှက်စရာကြီးဖြစ်နေမှာပါ။ အိမ်ထောင်သည်ဆိုရင်လည်း မိမိအဖော်က တရေးနိုး ကြည့်လိုက်ချိန်မှာ ကိုယ့်ခေါင်းအုံးက သွားရည်ကွက်ကြီးမြင်ပြီး စိတ်ကုန်ချင်ကုန်သွားပါဦးမယ်။

ပြင်လို့မရတဲ့အရာ မဟုတ်တာမို့ ဆေးခန်းမှာ နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ လေပြွန်စစ်ကြည့်ပြီး သတိလေးထားပြီး ကြိုးစားအိပ်ကြည့်ရင် ပျောက်သွားတတ်ပါတယ်။

Source : Slate

Duwun

No comments:

Post a Comment