Latest News

Friday, March 24, 2017

လွတ်လပ်မှုကို အလွဲသုံးစားလုပ်မည်စိုးသောကြောင့် သင်္ကြန်သံချပ်များကို စိစစ်ရဖြင်းဖြစ်ဟု ဦးဖြိုးမင်းသိန်း ပြော

လွတ်လပ်မှုကို အလွဲသုံးစားလုပ်မည်စိုးသောကြောင့် သင်္ကြန်သံချပ်များကို စိစစ်ရဖြင်းဖြစ်ဟု ဦးဖြိုးမင်းသိန်း ပြော

ယခုနှစ်သင်္ကြန်ကာလတွင် လွတ်လပ်မှုကို အလွဲသုံးစားလုပ်မည်စိုးသောကြောင့် သင်္ကြန်သံချပ်များကို စိစစ်ရဖြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် ၂၀၁၇ ခုနှစ် ရန်ကုန်မဟာ သင်္ကြန်တော်ကျင်းပရေးအစီအစဉ်များနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

သံချပ်များအားလုံး တာဝန်ယူမှု တာဝန်ခံမှု ဖြင့်သာဆောင်ရွက်ကြရမည်ဖြစ်ပြီး ယင်းသို့တာဝန်ယူ တာဝန်ခံ ထားရသည့်သံချပ်များဖြစ်ပေါ်လာရေးအတွက် တိုင်းဒေသကြီးအစိုးရကစိစစ်ကာ ကြိုတင်အသိပေးသွားမည်ဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့နိုင်ငံဟာ အခုအချိန်ကာလမှာ လူမျိုးရေးဘာသာရေး၊ အခြားသော အမုန်းတရားတွေ မပေါ်ဖို့အတွက် ကြိုးပမ်း ဆောင်ရွက်နေရတဲ့ ကာလတခုဖြစ်ပါတယ်။ မလိုလားအပ်ဘဲနဲ့ မလိုလားတဲ့ အကြောင်းတရားတွေ မပေါ်ပေါက်စေချင်ပါဘူး။ ကျွန်တော်တို့ရဲ့ သင်္ကြန်ဆိုတာ လွတ်လပ်ခွင့်ကိုပေးချင်တဲ့ သင်္ကြန်ပဲဖြစ်ပါတယ်။ အဲဒီလွတ်လပ်ခွင့်ကို ဥပဒေနဲ့ ညီညွှတ်အောင် လွတ်လပ်ခွင့်ကို ဆောင်ရွက်နိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ ဥပဒေရဲ့ အပြင်ကိုရောက်သွားတဲ့ အခြေအနေတိုင်းမှာ မင်းမဲ့စရိုက်မှုတွေ ပေါ် လာနိုင်ပါတယ်။ ဒါကြောင့်မို့ လွတ်လပ်ခွင့်တွေရဲ့ အစွန်းနှစ်ခုဖြစ်တဲ့ မတရားတဲ့အမိန့်ဥပဒေတွေလည်းမဖြစ်ဖို့ တဖက် ကနေပြီးတော့လည်း ဒီလွတ်လပ်ခွင့်ကို မင်းမဲ့စရိုက်ဆန်ဆန် မဖြစ်ပွားစေနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရဘက်ကနေ စိစစ်ဆောင်ရွက် နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ်တဦးနဲ့တဦး အဖွဲ့အစည်းတခုနဲ့ တခုကြားမှာ ရိုက်ခတ်မှုတွေ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ဒီအခြေအနေတွေကို ထိန်းညှိဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလို ထိန်းညှိဖို့ကလည်း လူပုဂ္ဂိုလ်အဖွဲ့အစည်းက ဆောင်ရွက်လို့ မရပါဘူး။ တရားဥပဒေနဲ့အညီပဲ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်” ဟု ၎င်း က မတ်လ ၂၄ ရက်နေ့တွင်  ပြောသည်။

သင်္ကြန်သံချပ်များ၊ သင်္ကြန်အကအလှသဘာဝ ဖျော်ဖြေမှုများသည် မဟာသင်္ကြန်ပွဲတော်ကြီး၏ အငွေ့အသက်၊ အခက်အလက် များဖြစ်နေသည့်အတွက် ယင်းဖျော်ဖြေမှုများမပါဝင်ပါက ပြည့်စုံမည်မဟုတ်ကြောင်း၊ သို့သော်လည်း ယင်းလွတ်လပ်ခွင့်များကို စနစ်တကျ ဆောင်ရွက်ဖို့လိုကြောင်း ၄င်းကပြောသည်။

 “ကျွန်တော်တို့ အစိုးရကို ကျွန်တော်တို့ဆောင်ရွက်နေတဲ့ အခြေအနေအပေါ်မှာ အလွန်တရာချစ်ခင်စဖွယ်ပြုပြင်ပြောင်း လိုမှု တွေကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီးလဲ အမြဲတမ်း ကျွန်တော်တို့က ဒီအသံတွေကို နားထောင်ပြီး ဆောင် ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အစိုးရိမ်ဆုံးအခြေအနေက အမုန်းစကားတွေနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ စည်းလုံး ညီညွှတ်မှုတွေ ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်မြဲမှုတွေနဲ့ ပတ်သက်ပြီး ထိခိုက်နစ်နာသွားမှုတွေ မဖြစ်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံးက ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုတွေနဲ့ အတူ ဒီအခြေအနေတွေကို ၀ိုင်းဝန်း ထိန်း သိမ်း နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

လင်းလင်းအောင် ( News Watch )

No comments:

Post a Comment