Latest News

Thursday, March 16, 2017

အခွန်မကောက်မီ ရွှေဝယ်စုဆောင်းသူများပြားနေ

အခွန်မကောက်မီ ရွှေဝယ်စုဆောင်းသူများပြားနေ


ဧပြီတွင် လက်ဝတ် ရ တနာများကို အခွန် ၁ ရာခိုင်နှုန်း စတင် ကောက်ခံမည်ဖြစ်သော ကြောင့် အခွန်မဆောင်မီကာလ အတွင်း ရွှေဝယ်ယူစုဆောင်းသူ များပြားနေသည်။

‘‘ရောင်းအားက အရမ်း တက်လာတယ်။ ဒါကြောင့် ညနေ အပိတ်ဈေးမှာ တော်တော်တက် သွားတယ်။ ရောင်းအား ကောင်း နေတာ လေးရက်လောက်ရှိသွား ပြီ’’ဟု လသာမြို့နယ်ရှိတိန့်ဝမ်ရွှေ ဆိုင်မှ မန်နေဂျာ ဒေါ်စံပယ်အောင် ကပြောသည်။

လက်ရှိဈေးကွက်တွင် ရွှေ အ၀င်နည်းပါးနေသောကြောင့် ဈေးကွက်အတွင်း လှည့်ပတ်နေ သည့် ရွှေများဖြင့်သာ အရောင်း အ၀ယ်ဖြစ်နေပြီး လကုန်အထိ ရောင်းအားမြင့်တက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မတ်လ ၁၅ ရက်က ပြည် တွင်းအခွန်များဦးစီးဌာနနှင့် ရွှေ လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ မီးလင်းရွှေ (အတုံး)ကို ၅ရာခိုင် နှုန်းကောက်ခံမည်ဟု ပြည်တွင်း အခွန်များဦးစီးဌာနက လုပ်ငန်းရှင်များအား ပြောကြားခဲ့ကြောင်းအစည်းအဝေးတက်ရောက်ခဲ့သူ များကပြောသည်။

‘‘လောလောဆယ် လက် ၀တ်ရတနာက ၁ ရာခိုင်နှုန်း သေချာသွားပြီ။ အတုံးကိုကောက်ဖို့တော့ ဆက်ဆွေးနွေးရဦးမှာပါ။ အတည်မဖြစ်သေးပါဘူး’’ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော်ဝင်းကပြောသည်။

 မီးလင်းရွှေ(အတုံး)ကို ၅ ရာခိုင်နှုန်းအခွန်ကောက်ခံမည် ဆိုပါက ရွှေဈေးပိုမိုမြင့်တက်နိုင် ပြီး ၀ယ်ယူစုဆောင်းသူများ အ ခက်တွေ့နိုင်ကြောင်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်က အတည်ပြုခဲ့သော ၂၀၁၇ ပြည် ထောင်စု၏ အခွန်အကောက်ဥပ ဒေအရ ရွှေထည်နှင့် လက်ဝတ် ရတနာဝယ်ယူသူများသည် ဧပြီ ၁ ရက်တွင် အခွန် ၁ ရာခိုင်နှုန်းပေး  ဆောင်ရမည်ဖြစ်သည်။

ရွှေထည်များကို ၁၉၉၀ က စ၍ ၅ ရာခိုင်နှုန်းကောက်ခံခဲ့ဖူး  ပြီး ယခု ၁ ရာခိုင်နှုန်းကောက်ခံ ခြင်းဖြစ်သည်ဟု ပြည်တွင်းအခွန် များဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမင်းထွဋ်ကပြောသည်။

ထို့ကြောင့် ၀ယ်ယူသူများ  ထံမှ မည်သည်ပုံစံဖြင့် အခွန် ကောက်ခံမည်ဆိုသည်ကို လုပ် ငန်းရှင်များနှင့် ပြည်တွင်းအခွန် များဦးစီးဌာနတို့ တွေ့ဆုံဆွေး နွေးထားသည်ဟုဆိုသည်။

မတ်လ ၁၆ ရက်က ရန်ကုန်ရွှေဈေးကွက်တွင် အရောင်းအ၀ယ်ကောင်းနေပြီး ညနေ ၄ နာရီအထိ ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၄၀,၀၀၀ ဈေးပေါက်ကြောင်း သိရသည်။


7Day News Journal

No comments:

Post a Comment