Latest News

Thursday, March 16, 2017

သူနာပြု များ ဆန္ဒပြမူနှင့်ပက်သက်ပြီး ညှိနိုင်းချက်တစ်စုံတစ်ရာ ရနိုင်

သူနာပြု များ ဆန္ဒပြမူနှင့်ပက်သက်ပြီး ညှိနိုင်းချက်တစ်စုံတစ်ရာ ရနိုင်


သူနာပြုတက္ကသိုလ်ကျောင်းသားသမဂ္ဂများ ဆန္ဒပြမူနှင့်ပက်သက်ပြီး ဖွဲ့စည်ထားသည့် အဖွဲ့ဝင် ၇ဦးစလုံး ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့် ယနေ့ (မတ်လ ၁၇ ရက်) နေ့လယ်ပိုင်းက ရန်ကုန်တွင်တွေ့ဆုံမည်ဖြစ်ပြီး ညှိနိုင်းချက်တစ်စုံတစ်ရာ ချသွားနိုင်ဖွယ်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရရှိလာသည့် ညှိနိုင်းချက်ကို ယင်းအဖွဲ့ဝင်များအား တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်သည်ဟု ယင်းအရာရှိကပြောသည်။

မတ်လ ၁၆ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သူနာပြုကိစ္စရပ်နှင့်ပက်သက်ပြီး ဆက်သွယ်ဆောင်ရွက်ရန်တာဝန်ပေးထားသည့်အဖွဲ့နှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးမည်ဟု ပြောကြားခဲ့သော်လည်း ယင်းအဖွဲ့ဝင်များသည် ရန်ကုန်သို့ရောက်ရှိနေသည့်အတွက် သူနာပြုများနှင့်မီဒီယာများက စောင့်ဆိုင်းလျက်ရှိသည်။

ဓာတ်ပုံ - ရဲနိုင်( 7Day News Journal )

No comments:

Post a Comment