Latest News

Monday, March 20, 2017

သြစတြေးလျမှာ မိကျောင်းကိုက်လို့ လူ ၁ ယောက် သေဆုံး

သြစတြေးလျမှာ မိကျောင်းကိုက်လို့ လူ ၁ ယောက် သေဆုံး

မိကျောင်း တကောင်ရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရလို့ သေဆုံးခဲ့တဲ့ ယောက်ျား အလောင်း တလောင်းကို တွေ့ရှိခဲ့ကြောင်း သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးခဲ့သူဟာ အသက် ၃၅ နှစ် အရွယ် မှိန်းလက်နက်ကိုအသုံးပြုတဲ့ ငါးဖမ်းသမား တယောက် ဖြစ်တယ်လို့ ယုံကြည်ရပြီး  ကွင်းစလန်းပြည်နယ် မြောက်ဖျားပိုင်းရှိ ပါလ်မာ အငူမှာ လူမပါတဲ့ သူ့ရဲ့ လှေကို ပြီးခဲ့တဲ့ စနေနေ့က တွေ့ရှိခဲ့ရပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ အမျိုးသားဟာ မိကျောင်းရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရခြင်းကြောင့် သေဆုံးခဲ့ရကြောင်း ကွင်းစလန်း ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။  ၄ မိုင် အရှည် အတွင်း  တိုက်ခိုက်ခဲ့တဲ့ မိကျောင်းကို ရှာဖွေမှုတွေ စတင်နေပြီ ဖြစ်ကြောင်းလည်း ရဲ က ဆိုပါတယ်။

တနင်္ဂနွေညပိုင်းမှာ မိကျောင်းကြီး တကောင်ဟာ ရန်လိုတဲ့ အပြုအမူနဲ့ ရဲတပ်ဖွဲ့ ရှာဖွေရေး ရေယာဉ် တစင်းဆီကို ဦးတည်လာခဲ့တာ တွေ့မြင်ရကြောင်း ရဲ က ဆိုပါတယ်။  ဒီ မိကျောင်းဟာ လူသတ်မိကျောင်း ဖြစ်ဖွယ်ရှိတဲ့လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီသေဆုံးခဲ့ရသူဟာ မိကျောင်းတိုက်ခိုက်မှုကြောင့်လို့ အဆုံးသတ် အတည်ပြုနိုင်ခဲ့ရင် ဒါဟာ ကွင်းစလန်းပြည်နယ်မှာ ၁၉၈၅ ခုနှစ်ကတည်းက စပြီး မိကျောင်းသတ်လို့ လူ သေရတဲ့ ၉ မှု မြောက် ဖြစ်ပါမယ်။

တနင်္ဂနွေနေ့တုန်းကလည်း ကွင်းစလန်း ပြည်နယ် မြောက်ပိုင်း အင်းစ်ဖေးလ် မြို့ တောင်ဘက် မိုင် ၄၀ လောက် အဝေးမှာ ၁၈ နှစ် သား လူငယ် တယောက်ဟာ မိကျောင်းရဲ့ ရန်ပြုခြင်း ခံခဲ့ရပေမယ့် အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

BBC

No comments:

Post a Comment