Latest News

Monday, March 20, 2017

မန်းသင်္ကြန် ကားငှားခဈေးမြင့်နေ

မန်းသင်္ကြန် ကားငှားခဈေးမြင့်နေ

မန္တလေး၊ မတ် ၁၉ - မန္တလေးသင်္ကြန် ကာလလည်ပတ်ဖို့ ကားအငှားဈေးကွက် မှာ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကထက်ငှားရမ်းခမြင့်မားနေပါတယ်။အထူးသဖြင့် ဂျစ်ကားငှားရမ်းခ အဆမတန်မြင့်မားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သင်္ကြန်ကာလထက်စာရင် ကျပ် ၁၀ဝ,ဝ၀ဝ ခန့်ဈေးပိုမြင့်နေတယ်လို့ ဂျစ် ကားငှားဖို့ စရန်ပေးထားသူအချို့က ပြောပါတယ်။

၂၀၁၆ ခုနှစ်က သင်္ကြန်တွင်းကာလအတွက် ဂျစ်ကားတစ်စီးငှားရမ်းခဟာ ဆီဖိုး မပါ ကျပ် ကျပ် ၄၅၀,ဝ၀ဝ ခန့်ရှိပြီး ယခုနှစ် သင်္ကြန်အကြိုနေ့ကနေအတက် နေ့အထိ ငါးရက်စာအတွက် ဂျစ် (ဂျစ်ပု)တစ်စီးငှားရမ်းခ အကျန် ကျပ် ၅၅၀,ဝ၀ဝ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
‘ဈေးပိုများတယ်ဆိုတာ ဂျစ်ကတော့ ကားအရမ်းရှာရခက်လို့၊ ကျန်တဲ့လိုက်ထရပ် တို့ဘာတို့ကတော့ ဒီအတိုင်းပါပဲ၊ ခါတိုင်းလိုပါပဲလို့ ကားအငှားလုပ်ငန်းရှင်ဦးဝင်းက ပြောပါတယ်။ ကားရှားပါးမှုကြောင့် ဂျစ်ကားဈေးသာမြင့်တက် တာ ဖြစ်ပါတယ်။

လိုက်ထရပ်က ကျပ် ၄၀ဝ,ဝ၀ဝ၊ ခွေးဘီလူးက ကျပ် ၃၅၀,ဝ၀ဝ ခန့်ပေါက်ဈေး ရှိတယ်လို့ ကားအငှားဝန်ဆောင်မှုလုပ်ငန်း အချို့ဆီကသိရပါတယ်။ ဂျစ်ကလောလောဆယ် ဈေးမငြိမ်သေးဘူး၊ ကားကအရမ်းရှားသွားပြီလို့ ပြောပါ တယ်။သင်္ကြန်ကာလအတွင်းလည်ပတ်ဖို့ ဆိုင်ကယ်ငှားရမ်းခအတွက် ပြီးခဲ့တဲ့နှစ်ကထက် လျှော့ချပေးပေမဲ့ လက်ရှိအချိန် အထိငှားရမ်းသူ နည်းပါးနေသေးတယ်လို့ သိရပါတယ်။

မိုးမြင့်ထွန်း( Kumudra )


No comments:

Post a Comment