Latest News

Thursday, March 23, 2017

ခြေလေးချောင်းနှင့် ကျောရိုးနှစ်ခုပါ မိန်းကလေးကို ခွဲစိတ်မှု အောင်မြင်

ခြေလေးချောင်းနှင့် ကျောရိုးနှစ်ခုပါ မိန်းကလေးကို ခွဲစိတ်မှု အောင်မြင်

အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ် ချီကာဂိုဆေးရုံမှာ ခြေလေးချောင်းနဲ့ ကျောရိုးနှစ်ခုပါရှိတဲ့ မိန်းကလေးကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။

၁၀ လသမီးအရွယ် မိန်းကလေးဟာ အိုင်ဗရီကို့စ်နိုင်ငံကဖြစ်ပြီး နာမည်ကတော့ ဒိုမီနစ်လို့ ခေါ်ပါတယ်။

ဒိုမီနစ်ကို ကိုယ်ချင်းဆက်အမြွှာအနေနဲ့ မွေးခဲ့တာဖြစ်ပြီး သူ့ရဲ့လည်ပင်းနဲ့ ခါးရိုးကနေ တခြား မဖွံ့ဖြိုးသေးတဲ့ အောက်ပိုင်းခန္ဓာကိုယ်တခု ငေါထွက်နေတာ ဖြစ်ပါတယ်။

မတ်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလေးဆေးရုံ ဆရာဝန်တွေက ခွဲစိတ်မှုအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ခွဲစိတ်မှုကို မတ် ၈ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ခွဲစိတ်ဆရာဝန် ၅ ဦးပါဝင်ကာ ၆ နာရီကြာ ခွဲစိတ်ခဲ့ရပါတယ်။

ဒိုမီနစ်ဟာ အခုချိန်မှာ အမေရိကန်ပြည်ထောင်စုမှာပဲ မွေးစားမိသားစုနဲ့အတူ နေထိုင်နေပါတယ်။

သီတင်းပတ်အနည်းငယ်ကြာရင်တော့ အာဖရိကမှာရှိတဲ့ မိသားစုနဲ့အတူ ပြန်နေထိုင်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Credit: DVB

No comments:

Post a Comment