Latest News

Thursday, March 23, 2017

ဖောက်ပြန်လိမ်ညာတတ်တဲ့သူတွေ အမြဲပြောလေ့ရှိတဲ့စကား

ဖောက်ပြန်လိမ်ညာတတ်တဲ့သူတွေ အမြဲပြောလေ့ရှိတဲ့စကား

ဖောက်ပြန်လိမ်ညာတတ်တဲ့သူတွေဟာ မကောင်းတဲ့သူတွေ နာကျင်အောင်လုပ်တဲ့သူတွေဆိုတော့ လူတိုင်းရှောင်ချင်ကြပါတယ်။ ခက်တာက သူတို့မှာဟာ ထက်မြတ်ပြောင်မြှောက်လှတဲ့နည်းလမ်းတွေကို ကိုယ်ပျောက်ဝတ်ရုံအလားဝတ်ဆင်ပြီး သားကောင်လိုက်ဖမ်းနေသူတွေပေါ့။

ဘာမှစိတ်မပူနဲ့။ သူတို့ဝတ်ရုံတွေကို အောက်မှာ တစ်လွှာချင်းဆီခွာချပေးမယ်။ သူတို့ပြောနေကျစကားတွေကတော့

၁) ငါပြောင်းလဲပါ့မယ်၊ ဒီတစ်ခါတော့ မရင်လိုမဟုတ်တော့ပါဘူး။
ပထမဆုံးပြောရရင် ဒါဟာလုံးဝမယုံကြည်ရတဲ့စကားပေါ့။ ပြီးတော့ ဒီစကားရဲ့အဓိပ္ပာယ်​က အရင်ကအကြိမ်ကြိမ်မှားခဲ့ပြီးပြီဆိုတဲ့ အဓိပ္ပာယ်​ပါ။ အရင်ကအမှားတွေကို ပြန်မပြင်နိုင်တော့ဘူးဆိုပေမဲ့ သူက သင့်ကိုကျော်ပြီး တခြားတစ်ယောက်ကိုရွေးခဲ့သူဆိုတာကိုတော့ မေ့မပစ်သင့်ပါဘူး။

၂) ငါသူတို့ကိုတကယ်မချစ်ပါဘူးဟာ၊ မင်းကိုပဲချစ်တာပါ။
လိင်ကိစ္စတစ်ခုတည်းအတွက် ရည်းစာထားတဲ့ယောကျ်ျးလေးတစ်ယောက်က သင့်ကိုလည်းတန်ဖိုးထားမှာမဟုတ်ပါဘူး။ အချစ်နဲ့ လိင်ကိစ္စမသက်ဆိုင်ဘူးလို့ စဉ်းစားတတ်တဲ့သူဟာ တာဝန်ယူချင်စိတ်လည်းရှိမှာမဟုတ်ပါဘူး။

၃) အားနည်းချက်လေးတစ်ခုအတွက်တော့ သက်သက်လုံးမမုန်းလိုက်ပါနဲ့နော်။
အားနည်းချက်တစ်ခုကိုကျော်သွားပေးလို့ရပေမဲ့ တခြားတစ်ယောက်နဲ့ဖောက်ပြန်တာကတော့ ဆိုးရွားလွန်းပါတယ်။ သူဖောက်ပြန်ဖို့စဉ်းစားလိုက်ကတည်းက သူဟာသင့်ကိုတန်ဖိုးမထားတော့တာ၊ မလေးစားတော့တာ၊ ဆိုတော့ ဒါဟာ အားနည်းချက်တစ်ခုမဟုတ်ပါဘူး။ ပြဿနာတစ်ခုပါ။

၎) ဒါတွေအားလုံးဟာငါ့ကြောင့်ဖြစ်တာမဟုတ်ဘူး။ မင်းကအလုပ်ပဲလုပ်နေတာကိုး၊ မင်းငါ့အနားမှာတော့နေခဲ့ပေးသင့်တာပေါ့၊
စစ်မှန်တဲ့အချစ်နဲ့ ချစ်တဲ့သူတစ်ယောက်အတွက် အနေဝေးတာက ပြဿနာမဟုတ်ပါဘူး။ သူသာ သင့်ကိုတကယ်ချစ်ရင် သင်နဲ့စကားပြောရဖို့ခက်ခဲရင်တောင် နောက်တစ်ယောက်ရှာမှာမဟုတ်ပါဘူး။

၅) ဒါဟာ သူ့အပြစ်ပေါ့၊ ငါကသာဆွဲဆောင်ခြင်းခံရတာ။
ကိုယ့်ရည်းစားနဲ့ ဖောက်ပြန်တဲ့သူကိုစိတ်ဆိုးတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ သင့်ယုံကြည်မှုကိုအလွဲသုံးစားလုပ်တဲ့ သင့်ရည်းစားမှာတင် အပြစ်ရှိတာပါ၊

၆) နင်သိသွားမယ်ဆိုတာ သာသိရင် ငါလုပ်ခဲ့မိမှာမဟုတ်ပါဘူးဟာ။
ဒါဟာ အဆိုးရွားဆုံးအချက်ပေါ့။ လိမ်ထားမှန်းမသိတဲ့ လိမ်ညာမှုတွေက လူတစ်ယောက်ကိုပိုပြီးထိခိုက်စေပါတယ်။

၇) နင်အရမ်းပိုတာပဲ။ အရူးလုပ်တာတွေရပ်လိုက်တော့။
လိမ်ညာခဲ့တဲ့သူတွေက သင်ဘယ်လိုပဲတုံ့ပြန်ပြန် သူတို့ကျေကျေနပ်နပ်ကြီးခံယူရမှာပါ။ ဒါတောင် ဒီလိုစကားမျိုးပြောရက်တယ်ဆိုတော့ သင့်ခံစားချက်ကိုတော်တော်ဂရုမစိုက်လွန်းရာကျပါတယ်။

လင်း (ရွှေအင်းလေး)


No comments:

Post a Comment