Latest News

Thursday, March 23, 2017

မကောင်းတဲ့အကျင့်တစ်ခုကို ဖြတ်မယ်ဆိုရင်

မကောင်းတဲ့အကျင့်တစ်ခုကို ဖြတ်မယ်ဆိုရင်

အလေ့အကျင့်တစ်ခုကို ဖြတ်တာဟာ လူသစ်စိတ်သစ်ဖြစ်ဖို့လုပ်ရတာလို့ ထင်တတ်ကြပါတယ်။

၁ -  အစားထိုးတစ်ခုရှာ
ဆေးလိပ်သောက်တာကို ဖြတ်တာပဲဖြစ်ဖြစ်၊ ညအိပ်ရာဝင်ခါနီး ကော်ဖီသောက်တာပဲဖြစ်ဖြစ် အမြဲလုပ်နေကျအလေ့အကျင့်ကို ဖြတ်မယ်ဆိုရင် စိတ်ဖိစီးမှုတွေဖြစ်လာပါလိမ့်မယ်။ လုပ်ချင်တဲ့အရာကို မလုပ်ရတဲ့အတွက် ဒီလိုဖြစ်လာပြီဆိုရင် ဘယ်လိုတုံ့ပြန်မယ်ဆိုတာ တစ်ခါတည်းပြင်ဆင်ထားသင့်ပါတယ်။ ဆေးလိပ်သောက်ချင်လာတဲ့အခါ ဖေ့ဘွတ်သုံးလိုက်တာမျိုးလို အစားထိုးအလေ့အကျင့်က အဆင်ပြေပါလိမ့်မယ်။

၂ - အစကတည်းကဖြတ်
ဒီအကျင့်ကို ဖြစ်ပေါ်လာစေမယ့် အစကိစ္စတွေကိုဖြတ်ပါ။ ဥပမာ - အရက်သောက်ရင် ဆေးလိပ်ပါသောက်လာတာကြောင့် အရက်ဆိုင်မသွားတာမျိုးပါ။ ပိုက်ဆံအသုံးကြမ်းနေတယ်ဆိုရင် လက်ထဲမှာ ပိုက်ဆံကိုအလွယ်တကူမထားတာမျိုးပါ။

၃ - ပူးပေါင်း
အလေ့အကျင့်ကို တစ်ကိုယ်တည်းဖြတ်မယ့်အစား အဖော်ရှာပြီး အတူဖြတ်ပါ။

၎ - ပတ်ဝန်းကျင်
အရက်သောက်တဲ့လူတွေနားနေရင် အရက်ဖြတ်ဖို့ခက်ပါတယ်။ သူငယ်ချင်းအချို့ကိုနားလည်အောင်ပြောပြီး ပတ်ဝန်းကျင်အသစ်ကို ကိုယ်ကိုယ်တိုင် ဖန်တီးဖို့လည်းလိုပါတယ်။

၅ - ကိုယ့်ကိုယ်ကိုယ် မြင်ကြည့်ပါ
အလေ့အကျင့်တစ်ခုကို ကိုယ်ဖြတ်လိုက်လို့ ရလာမယ့်အကျိုးဆက်တွေကိုလည်း စိတ်ထဲမှာမြင်ကြည့်ပေးပါ။

၆ - အသစ်မဟုတ်၊ အဟောင်း
အလေ့အကျင့်တစ်ခုကို ဖြတ်တာဟာ လူသစ်စိတ်သစ်ဖြစ်ဖို့လုပ်ရတာလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ကိုယ့်နဂိုပုံစံကို ပြန်သွားတာသာဖြစ်ပါတယ်။
Photos & Source: Lifehack: Duwun

No comments:

Post a Comment