အကယ်ဒမီပေးပွဲက ကျန်ရှိနေတဲ့ ပိုက်ဆံကို ဇာတ်ပို့ဇာတ်ရံတွေအတွက် ကူညီဖို့ ထားရှိမည်
ဂျွန်လွင်မှာ ပြောပြထားတာ ဖြစ်ပါတယ်။
အကယ်ဒမီပေးပွဲအတွက် ပြင်ဆင်နေပုံ
၂၀၁၆ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် အခမ်းနားပြင်ဆင်မှု ကုန်ကျစရိတ်က ပိုတဲ့ ငွေများကို ဇာတ်ပို့ဇာတ်ရံများနဲ့ ကိုလူချောအဖွဲ့သားများအတွက် ကူညီဖို့ ထားရှိမယ်လို့ သိရပါတယ်။ အခမ်းအနားပြင်ဆင်မှုအတွက် ငွေကျပ် သိန်း(၃၀၀၀) သတ်မှတ်ထားပေမယ့် သိန်းသုံးထောင်လုံးမကုန်ပဲ သိန်းနှစ်ထောင်ကျော်ကျော်ပဲ ကုန်ကျတယ်လို့ စီစဉ်သူ ကိုဂျွန်လွင်က 5 Plus ကို ဖြေဆိုထားပါတယ်။
ဒါကြောင့် ကျန်ရှိတဲ့ ငွေကို Bella ကုမ္ပဏီဘက်က ထပ်ဖြည့်ကာ ငွေကျပ် သိန်းတစ်ထောင်တိတိကို အနုပညာလောကထဲက ဇာတ်ပို့ဇာတ်ရံများနဲ့ ကိုလူချောအဖွဲ့သားများအတွက်ကို ရန်ပုံငွေမတည်သွားမယ်လို့ ယင်းအင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ အဲ့ဒီကိစ္စရပ်များနဲ့ ပတ်သက်ပြီးတော့လည်း ရုပ်ရှင်အစည်းအရုံးက သတင်းထုတ်ပြန်သွားမှာပါလို့ သူက ပြောပြထားပါသေးတယ်။ ရန်ပုံငွေကို ဇာတ်ပို့ဇာတ်ရံ ၊ ကိုလူချော လူကြမ်း အဖွဲ့အတွက် ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေအပြင် လိုအပ်တဲ့နေရာတွေမှာ အသုံးချနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
Source : 5Plus News
Photo : ဂျွန်လွင်ဖေ့စ်ဘွတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment