Latest News

Thursday, March 9, 2017

တိုက်စစ်မှူး ကျော်ကိုကို ပြန်လည်ပါဝင်လာသည့် ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမားစာရင်း ထုတ်ပြန်

တိုက်စစ်မှူး ကျော်ကိုကို ပြန်လည်ပါဝင်လာသည့် ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမားစာရင်း ထုတ်ပြန်
 
အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်မယ့် ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမား ၂၆ ယောက် စာရင်းကို မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဂတ်ဆီဇီက မတ်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အသင်းရဲ့ ရှေ့တန်းအဖြစ် ဆူဇူကီးဖလားမှာ မပါဝင်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို၊ သန်းပိုင်နဲ့ အောင်သူတို့ ပါဝင်မှာဖြစ်ပြီး ဝါရင့်ကစားသမားတဦးဖြစ်တဲ့  ဆူဇူကီးဖလားပြိုင်ပွဲဝင် ရှမ်းယူနိုက်တက်အသင်းနောက်ခံလူ ဝင်းမင်းထွဋ်၊ လက်ရွေးစင်အသင်းနဲ့ အတန်ငယ် ဝေးကွာနေတဲ့ သီဟစည်သူ(ဂိုး)၊ တင်ဝင်းအောင်၊ သက်နိုင်၊ သိန်းသန်းဝင်းတို့လည်း ပြန်လည်ပါဝင်လာခဲ့ကြပါတယ်။

ကစားသမားရွေးချယ်ပြီးတဲ့ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအဖြစ် မတ် ၂၈ ရက်နေ့ ရန်ကုန်မြို့ ဝိုင်တီစီကွင်းမှာ ပြုလုပ်မှာဖြစ်ပြီး အိန္ဒိယအသင်းနဲ့ စတင်ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ဒီခြေစမ်းပွဲမတိုင်မီ မတ်လ ၂၂ ရက်မှာလည်း အာဖရိကလက်ရွေးစင် အသင်းတသင်းနဲ့ ရန်ကုန်မြို့မှာ ဖိတ်ခေါ်ခြေစမ်းပွဲကစားဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ် ဆောင်ရွက်နေပါတယ်။

DVB

No comments:

Post a Comment