Latest News

Thursday, March 9, 2017

လာမည့်ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ကျပ်သန်း ၂၃၈၅ ကျော်ဖိုး ဆေးဝါးဝယ်ယူမည်

လာမည့်ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ကျပ်သန်း ၂၃၈၅ ကျော်ဖိုး ဆေးဝါးဝယ်ယူမည်
 
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးဝါးဝယ်ယူဖို့ ကျပ်သန်းပေါင်း ၂၃၈၅ ဒသမ ၀၃ သုံးစွဲသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တစ်နိုင်ငံလုံးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆေးဝါးဝယ်ယူဖို့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ၂၃၈၅ ဒသမ ၀၃ သုံးစွဲမှာဖြစ်ပါတယ်”လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါတ်တာမြင့်ထွေးက ဆိုပါတယ်။

မတ်လ ၉ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၇ ရက်မြောက် နေ့မှာ မွန်ပြည်နယ် ရေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ထွန်းခိုင်ရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားစဉ်မှာ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက် လက်ရှိ ဘဏ္ဍာနှစ်မှာလည်း ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ကြီးကြပ် ၂ အယောက်သုံးထောင် ခန့်အပ်သွားမယ်လို့ ပြောပါတယ်။

သတင်း - အောင်ဆန်းဦး ( DVB )

No comments:

Post a Comment