Latest News

Saturday, March 11, 2017

ဦးဝီရသူကို တရားဟောခွင့် တစ်နှစ်ပိတ်ပင်

ဦးဝီရသူကို တရားဟောခွင့် တစ်နှစ်ပိတ်ပင်

လှုံ့ဆော်မှုနှင့် အမုန်းစကားများ ဆက်လက်ဟောပြောလျှင် ဓမ္မစက်ဖြင့် ဟန့်တားမရပါက အာဏာစက်ဖြင့် အရေးယူမည်

ဘာသာရေးအဓိကရုဏ်း ဖြစ်စေနိုင်သော ဟောပြောမှုများ  ကြောင့် ဦးဝီရသူကို မြန်မာတစ် နိုင်ငံလုံးတွင် မတ်လ ၁၀ရက်က စ၍ တရားဟောခွင့်တစ်နှစ်ပိတ် ပင်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ဝေဖန်ပြောဆိုချက်များ ပြုလုပ်လာပါက အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန် သည်။

မစိုးရိမ်တိုက်သစ် နာယက အဖွဲ့ဝင် ဦးဝိစိတ္တာဘိဝံသခေါ် ဆရာတော်ဦးဝီရသူသည်ဘာသာ တစ်ခုနှင့်တစ်ခုအကြား အမုန်းတ ရားပွားပြီး ဘာသာရေးအဓိက ရုဏ်းဖြစ်စေနိုင်သော ဟောပြော မှုများ၊ အမုန်းတရားကြီးထွားစေ ရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့် အတားဖြစ်စေသည့် ဟောပြောမှု များနှင့် နိုင်ငံရေးပါတီများအကြား ဘက်လိုက် ဝေဖန်ဟောပြောမှုများကို ဒေသအနှံ့ ကြိမ်ဖန်များစွာ ပြုလုပ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည်နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ထုတ်ပြန်သောညွှန်ကြားလွှာအမှတ်(၈၃)၊(၉၁)၊(၉၃) နှင့်(၉၄)တို့ကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်သောကြောင့် တစ်နိုင်ငံလုံးတွင် တရားဟောခွင့်ပိတ်ရန် မတ်လ ၁၀ ရက်စွဲဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကထုတ်ပြန်ကြေညာခဲ့သည်။ထိုသို့အရေးယူရန် မတ်လ ၉ ရက်တွင် ကျင်းပခဲ့သော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။

ဦးဝီရသူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားမှုများ၌ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးလှုံ့ဆော်မှု ကိစ္စရပ်များ ရေးသားနေသည့်အပြင် နိုင်ငံ တော်သံဃမဟာနာယက၏ ညွှန် ကြားလွှာများကို ဖောက်ဖျက်နေ ကြောင်း သာသနာရေးဦးစီးဌာနက နိုင်ငံတော်သံဃမဟာနာယကထံလျှောက်ထားပြီး ဧရာဝတီတိုင်းအစိုးရအဖွဲ့ကလည်း ဧရာဝတီတိုင်းတွင် ခွင့်ပြုချက်မရှိဘဲတရားဟောခြင်းနှင့် ဘာသာမတူသူများအကြား အမုန်းတရားကြီး ထွားစေရန် ဟောပြောလှုံ့ဆော် ခြင်းများပြုလုပ်ခဲ့သဖြင့် အရေးယူ ပေးပါရန် သံဃမဟာနာယက အဖွဲ့ထံ တိုင်ကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း တရား ဟောခွင့် တစ်နှစ်ပိတ်ပင်ခြင်းအ ပေါ် လိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေများအရ အရေးယူမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

‘‘ဘာသာရေးဌာနအနေနဲ့က သံဃနာယကက ဆရာတော်တွေ နဲ့တွေ့ပြီး ဆရာတော်ဦးဝီရသူကို သာသနာရေးက သင့်သလို အ ရေးယူပေးဖို့ ဒီလထဲ နောက်တစ် ခါ လျှောက်ထားခဲ့တယ်။ ၀န်ကြီး သူရဦးအောင်ကိုတို့အဖွဲ့ကိုယ် တိုင် ဦးဆောင်ပြီး လျှောက်ထား တာလို့သိရတယ်။ တရားပွဲပိတ် တဲ့နေရာမှာ မြန်မာပြည်တွင်းတင် မကပါဘူး၊ လူမှုကွန်ရက်မှာလည်း ဟောပြောချက်တွေအပေါ်စောင့် ကြည့်ပြီး သံဃနာယကကပဲ အ ရေးယူသွားပါလိမ့်မယ်’’ဟု သာ သနာရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးတစ်ဦးက 7Day Daily သတင်းစာအားပြောကြားသည်။

ဆရာတော်ဦးဝီရသူထံသို့ ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော် လည်း ပြန်လည်ဖြေကြားခြင်း မရှိ ပေ။ ရှမ်းမြောက်မဘသဥက္ကဋ္ဌ ဆရာတော်ဦးအင်္ကုရက ဆရာ တော်ကြီး၏ ဆုံးဖြတ်ချက်ကို လေးစားသော်လည်း ညှိနှိုင်းတိုင် ပင်၍ လုပ်ကိုင်ပါက ပို၍အဆင် ပြေချောမွေ့မည်ဖြစ်ကြောင်း မိန့် သည်။ ‘‘ထုံးစံအရတော့ ဆရာ ကြီးများ အနေနဲ့ညှိနှိုင်းပြီး  သြ၀ါဒ ပေးတာမျိုး လုပ်သင့်ပါတယ်။ ပြောမရတော့မှ လုပ်သင့်တာ ဆက်လုပ်သင့်တာ။  တရားပွဲပိတ် မယ်ဆိုလည်း ပိတ်တာမျိုးပေါ့။ အခုကျတော့ အများအမြင်မှာ လည်း တစ်မျိုးဖြစ်နိုင်တယ်။ သံဃာအချင်းချင်းလည်း တစ် ဖက်သတ်ပုံစံဖြစ်နေတယ်’’ ဟု မိန့်ကြားသည်။

သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးသူရဦးအောင်ကိုက ဦးဝီရ သူသည် ဦးကိုနီလုပ်ကြံခံရမှုနှင့် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ရဟန်းတစ်ပါးနှင့် မလျော်ညီသည့် စကားများကို တရားလက်လွတ်ပြောခဲ့ခြင်းနှင့် ဧရာဝတီတိုင်းရှိ ကျေးရွာများတွင် ခွင့်ပြုချက်မတောင်းခံဘဲ တရား ဟောခဲ့သည့်အပြင် ဗုဒ္ဓဓမ္မကို မဟောကြားဘဲ အစိုးရကိုပုတ် ခတ်သည့် နိုင်ငံရေးတရားများကို ဟောပြောခဲ့ကြောင်း မတ်လ ၁၁ ရက်က RFA သတင်းဌာနအား ပြောကြားထားသည်။

ထို့ကြောင့် မလိုလားအပ် သည့် ဆူပူမှုများဖြစ်လာနိုင်၍ ဧရာဝတီတိုင်း အစိုးရက ဦးဝီရသူ အား အရေးယူရန်နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံ တရားဝင်စာတင်ခဲ့ပြီး ဆရာတော် ကြီးများက တရားဟောခွင့်တစ် နှစ်ပိတ်ပင်ရန် အစည်းအဝေးထိုင် ဆုံးဖြတ်ခဲ့သည်။ ယင်းသို့ နယ် လှည့်ဟောပြောခွင့်မရတော့၍ အွန်လိုင်းမှ လှုံ့ဆော်မှုများ၊ အမုန်းစကားများ ဟောပြောလာလျှင် ထိရောက်စွာအရေးယူရန် သာသနာရေးနှင့် ပြည်ထဲရေးတို့ ညှိနှိုင်းထားကြောင်း သူရဦးအောင်ကိုက RFA သတင်းဌာနအား ပြောကြားခဲ့သည်။

အမုန်းစကားတွေ ဟောပြောလာမယ်ဆိုရင် တစ်ခုနဲ့တစ်ခု တစ်မျိုးနဲ့တစ်မျိုးကြားမှာ အမုန်းစကားတွေ ဖြစ်လာမယ်ဆိုရင်၊ဟောပြောမှုတွေ လုပ်မယ်ဆိုရင်၊ရပ်ရွာအေးချမ်းမှုတွေကို ထိပါးမယ်ဆိုရင် ထိရောက်စွာ အရေးယူဖို့ကို သာသနာရေးရယ်၊ ပြည်ထဲရေးရယ် ညှိနှိုင်းထားပြီးဖြစ်တယ်ဆိုတာကို။ နိုင်ငံတော်သံဃနာယကအဖွဲ့က ပထမအဆင့်အနေနဲ့ ဓမ္မစက်နဲ့ ထိထိရောက်ရောက်ဟန့်တားမယ်။ ဟန့်တားလို့ မရရင်၊ မလိုက်နာဘူးဆိုရင် အာဏာစက်ကို လွှဲပေးပါမယ်။အရေးယူဖို့ ကိစ္စတွေက နိုင်ငံတော်သမ္မတကြီးတို့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကမှ အခုကစပြီးတော့ ရှေ့လျှောက်နိုင်ငံအတွင်းမှာတရားဥပဒေစိုးမိုးမှု အားကောင်းအောင် သူတို့ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားကြမယ်။ ဘာသာရေးဆိုက်ကလည်းပဲ သာသနာကိုအကြောင်းပြုပြီးတော့မှ တမျိုးနဲ့တမျို့း တဖွဲ့နဲ့တဖွဲ့ တဂိုဏ်းနဲ့တဂိုဏ်းကြားမှာ မသင့်မြတ်အောင် အမုန်းစကားတွေ ပြန့်ပွားအောင် လှုံ့ဆော်မှုတွေအပေါ်မှာ သာသနာရေးဆိုက်ကလည်း ထိထိရောက်ရောက် တားဆီးပြီးမှ အရေးယူသွားမယ်လို့ ပြောကြားလိုပါတယ်’’ ဟု ၀န်ကြီးက ပြောသည်။

ဦးဝီရသူသည် ၎င်း၏ Wira Thu ဖေ့စ်ဘွတ်ခ်တွင် ‘ချောင်ကြို ချောင်ကြားက ကြည်လင်းများ’၊ ‘အခြေခံဥပဒေကို ပြင်ဆင်ချင်သူ တွေအတွက် သတင်းစကား’၊ ‘ဒကာတော်ဦးကြည်လင်း ဘေး ရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲကင်း ပါစေ၊ စိတ်ဆင်းရဲကင်းပါစေ’၊ ‘ပျော်စရာကောင်းတဲ့ မသာအ လောင်း’ စသည့်ခေါင်းစဉ်များဖြင့် ရဟန်းတစ်ပါး၏ ၀ိနည်း၊ သိက္ခာ နှင့်မညီသည့် ရေးသားမှုများကို ရေးသားဖော်ပြခဲ့ကြောင်း သာ သနာရေးဦးစီးဌာန ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

ဆရာတော် ဦးဝီရသူက မတ်လ ၁၁ ရက်မွန်းလွဲ ၂ နာရီ  ခန့်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ‘‘ထောင်ချချင်လို့ ဥပဒေ ကြောင်းအရ အပြစ်ရှာတယ်။ မ တွေ့တဲ့အခါ သင်္ကန်းဆွဲချွတ်ချင် လို့ ၀ိနည်းကြောင်းအရ အပြစ်ရှာ ပြန်တယ်။ မတွေ့တဲ့အခါ တရား ပွဲပိတ်ဖို့ အကြောင်းရှာကြတယ်။ ဓမ္မ၀ိနယနှင့် မကိုက်ညီဘူးလို့ မထုတ်ပြန်ရဲဘူး။ ကောက်ချက်ချ ရရင် သူတို့ကို ဝေဖန်ရေး တရား မဟောစေချင်တာ၊ အဝေဖန်မခံ နိုင်တာပေါ်လွင်တယ်။ သူတို့ကိုင် ဆွဲတဲ့ ဥပဒေက သူတို့ရှုတ်ချခဲ့တဲ့ ညွှန်ကြားလွှာကြီး။ သူတို့ကျင့်သုံး တဲ့နည်းဗျူဟာက သူတို့ဆန့်ကျင် ခဲ့တဲ့ စနစ်ဆိုးကြီး။  အရင် အစိုးရ တွေကမှ သြ၀ါဒခေါ်ပေးခြင်း၊ ထပ်မံသတိပေးခြင်း၊ လက်မှတ် ခေါ်ထိုးခိုင်းခြင်း၊ လုပ်ထုံးလုပ် နည်းအ ဆင့်ဆင့်ကို နည်းလမ်း တကျ ဆောင်ရွက်ဖော်ရသေး တယ်။ အခုဟာက အဆင့်တွေ အများကြီး ကျော်သွားခဲ့ပြီ။ ဆရာ တော်ကြီးတွေကို စိတ်နဲ့တောင် မ ပြစ်မှားမိကြပါစေနဲ့’’ဟူ၍ ရေး သားဖော်ပြခဲ့သည်။ ထို့အပြင် ‘အာဏာရှင်ကမှ ငဲ့ညှာခဲ့သေး’ဟု ရေးသားဖော်ပြခဲ့သည်။

7Day News Journal

No comments:

Post a Comment