Latest News

Sunday, March 5, 2017

ငွေမည်းခ၀ါချမှု၊ ငွေအလွဲသုံးစားမှုနှင့် ဖမ်းဝရမ်းထုတ်ထားသည့် ထိုင်းဘုန်းကြီးကို ဘွဲ့တံဆိပ်များ ရုပ်သိမ်း

ငွေမည်းခ၀ါချမှု၊ ငွေအလွဲသုံးစားမှုနှင့် ဖမ်းဝရမ်းထုတ်ထားသည့် ထိုင်းဘုန်းကြီးကို ဘွဲ့တံဆိပ်များ ရုပ်သိမ်း

ငွေမည်းခ၀ါချမှု၊ ငွေအလွဲသုံးစားမှုတွေနဲ့  ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ဓမ္မ ကာယကျောင်းတိုက်က ဆရာတော် ဓမ္မချိုင်းယိုးကို နိုင်ငံတော်မှ အပ်နှင်းခံထားတဲ့ ဘွဲ့တံဆိပ်တွေ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဆရာတော်ဓမ္မချိုင်းယိုးမှာ ငွေမည်းခ၀ါချမှု၊ ငွေအလွဲသုံးစားမှု၊ ဒုစရိုက်မှုက ရလာတဲ့ငွေတွေ လက်ခံရ ယူမှု စတဲ့ အမှုတွေ စွဲချက်တင်ခံနေရပြီး ဒီအက်စ်အိုင် (အထူးမှုခင်းစုံစမ်းရေးရဲတပ်ဖွဲ့)က လာရောက် ဖြေရှင်းဖို့  ခေါ်စာပို့ထားပေမယ့်လည်း လာမတွေ့တဲ့အပြင် ထွက်ပြေးတိမ်းရှောင်နေတာကြောင့် နိုင်ငံတော်မှ ချီးမြှင့်ထားတဲ့ ဖရထိပ်ယန်မဟာမှုနိဘွဲ့ကို ပြန်လည်ရုပ်သိမ်းကြောင်း ထိုင်းနန်းတွင်းမှ အမိန့်ပေးခံရသူ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက ၂၀၁၇ ခုနှစ် မတ်လ ၅ ရက် နေ့စွဲနဲ့ လက်မှ တ်ရေးထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဓမ္မကာယကျောင်းတိုက်ကိုလည်း ပုဒ်မ ၄၄ ထုတ်ပြန်ထိန်းချုပ်ထားပြီး ပြီးခဲ့တဲ့ လ ၁၆ ရက်နေ့ ကတည်းကကနေ့ထိ  ဆရာတော်ကို ကျောင်ဝင်းထဲလိုက်ရှာနေဆဲဖြစ်ပါတယ်။

DVB

No comments:

Post a Comment