Latest News

Sunday, March 5, 2017

မြောက်ကိုရီးယား၏ နျူကလီးယား ဒုံးလက်နက်စမ်းသပ်ချက် ဂျပန်ဝန်ကြီးချုပ် တုံ့ပြန်

မြောက်ကိုရီးယား၏ နျူကလီးယား ဒုံးလက်နက်စမ်းသပ်ချက် ဂျပန်ဝန်ကြီးချုပ် တုံ့ပြန်

မြောက်ကိုရီးယားရဲ့ နျူကလီးယားဒုံးလက်နက် စမ်းသပ်ချက်ဟာ ခြိမ်းခြောက်မှု အဆင့်သစ်တခုဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ချက်ချင်းတုံ့ပြန်လိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယားဟာ တာဝေးပစ်ဒုံးကျည် ၄ စင်းကို တချိန်တည်းနီးပါးလောက်မှာ ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။

ဒုံးလက်နက်တွေက ကီလိုမီတာ ၁၀၀၀ လောက်ကို ပျံသန်းခဲ့ပြီး အဲဒီအထဲက ၃ ခုဟာ ကျနော်တို့ရဲ့ စီးပွားရေးဇုန်နယ်မြေထဲကို ကျရောက်ခဲ့ပါတယ်လို့ ပြောပြီး ဒီလုပ်ရပ်က ခြိမ်းခြောက်မှု အဆင့်သစ်တခုကို ပြသတာဖြစ်တယ်လို့ ဆက်ပြောသွားပါတယ်။

နောက်ဆုံးမှာတော့ ဝန်ကြီးချုပ် အာဘေးက ဒီစမ်းသပ်မှုတွေဟာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို သိသိသာသာ ချိုးဖောက်တာ ဖြစ်ပါတယ်၊ သည်းခံစရာအကြောင်းမရှိပါဘူး၊ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်လို့ ပြောကြားသွားပါတယ်။

DVB

No comments:

Post a Comment