Latest News

Sunday, March 5, 2017

သတ်မှတ်ချိန်ထက်ကျော်လွန်ပြီး ရေကစားတဲ့ မဏ္ဍပ်တွေကို ရေ၊မီးဖြတ်မယ်

သတ်မှတ်ချိန်ထက်ကျော်လွန်ပြီး ရေကစားတဲ့ မဏ္ဍပ်တွေကို ရေ၊မီးဖြတ်မယ်

စောင့်ကြည့်စစ်ဆေးပြီး ရေ၊မီး ဖြတ်တောက်မှာဖြစ်ပါတယ်။

လာမယ့် ၂၀၁၇ သင်္ကြန်မှာ ရေကစားမဏ္ဍပ်တွေကို နေ့စဉ်မနက် ၈ နာရီကနေ ၁၂ နာရီအထိနဲ့ နေ့လယ် ၃ နာရီကနေ ညနေ ခြောက်နာရီ အထိ ရေကစားချိန်အဖြစ် သတ်မှတ်ထားပြီး သတ်မှတ်ချိန်ထက် ကျော်လွန်ရင် မဏ္ဍပ်တွေကို စောင့်ကြည့်ပြီး ရေ၊မီးဖြတ်တောက်သွားမယ်လို့ စည်ပင်က ကော်မတီအကြီးတန်းကော်မတီက အရာရှိတစ်ဦးက ပြောပါတယ်။

ရေကစားမဏ္ဍပ်တချို့က သတ်မှတ်ချိန်ထက်ရေကစားတာတွေ ရှိနေတဲ့အတွက် ဒီနှစ်မှာ သတ်မှတ်ချိန်ထက်ကျော်လွန်တဲ့ ရေကစားမဏ္ဍပ်တွေကို လုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီက စောင့်ကြည့်ပြီး ရေ၊မီးဖြတ်တောက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

ရေပက်ခံသူတွေကို ထိခိုက်နာကျင်မှုဖြစ်စေမယ့် ရေအားပြင်းတဲ့ Pressure -Pump နဲ့ရေပက်တာကို လုံးဝခွင့်ပြုမှာမဟုတ်ဘဲ ရေဆိုးရေပုပ်နဲ့ပက်တာတွေ၊ ဆပ်ပြာမှုန့်ထုပ်ပြီး Gas ဘူးတွေနဲ့ ပက်တာ၊ရေပူဖောင်းတွေနဲ့ ပစ်ပေါက်တာတွေ၊ ထိခိုက်အန္တရာယ်ရှိတဲ့ ရေပက်ကစားတာတွေကို တွေ့ရင် လုပ်တဲ့သူတွေနဲ့ ပတ်သတ်သူတွေကို တရားဥပဒေအရ အရေးယူမယ်လို့ စည်ပင်က ပြောပါတယ်။
ဒါ့အပြင် မဏ္ဍပ်တွေကိုယာယီ ရေဆက်သွယ်ရာမှာလည်း သက်ဆိုင်ရာဌာန ညွှန်ကြားချက်အတိုင်း ဆက်သွယ်ဆောင်ရွက်ဖို့နဲ့ ခွင့်ပြုချက်နဲ့ကွဲလွဲပြီး ဆောင်ရွက်တာတွေကို စစ်ဆေးတွေ့ရှိရင် ပိုက်အရွယ်အစားအလိုက် ကျသင့်ရေသွယ်ခ၊ ရေဖိုး၊ဒဏ်ကြေးသုံးဆ ပေးဆောင်ရမယ်လို့ သိရပါတယ်။

မဏ္ဍပ်တွေအနေနဲ့ ရေကစားရာမှာစည်ပင်ကပေးဝေတဲ့ ရေတွေနဲ့သာ ကစားရမှာဖြစ်ပြီး မြေအောက်ရေလိုင်း၊ မီးသတ်ဦးစီးက အသုံးပြုထားတဲ့ သီးသန့်ရေပိုက်လိုင်းတွေကို သုံးစွဲမှုမရှိစေဖို့ ကြပ်မတ်သွားမယ်လို့ သိရပါတယ်။
Source : The Voice : Duwun
Photos : Live Less Ordinary,Ye Lwin Oo FAcebook


No comments:

Post a Comment