Latest News

Wednesday, March 15, 2017

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်း

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်း


 ‘နှလုံးသားထဲက ဧရာဝ တီ’ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သည့် ဇာတ်ဝင်ခန်းတစ်ခန်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အိမ် ရှေ့၌ မတ်လ ၁၅ ရက်တွင် ရိုက် ကူးခဲ့သည်။

အဆိုပါ ဇာတ်ကားတွင် မြင့်မြတ်နှင့် မြတ်မှူးခင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် က ရိုက်ကူးခြင်းဖြစ်သည်။

‘‘ဒီနေရာက နိုင်ငံခြားသား တွေ အမြဲတမ်းလာပြီး ဓာတ်ပုံရိုက်တဲ့နေရာ။ ဇာတ်ဝင်ခန်းအရ ယိုး ဒယားကနေ လာတဲ့ မင်းသမီးက မြင့်မြတ်နဲ့တွေ့တယ်။ မြင့်မြတ်ကိုဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ ကို လိုက်ပို့ခိုင်းတဲ့ ဇာတ်ဝင်ခန်း လေးပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တိုင်းပြည်ပေါ်မှာ ထားတဲ့စိတ် ကို မြင့်မြတ်က ရှင်းပြတာ’’ဟု ဒါ ရိုက်တာ ညွန့်မြန်မာညီညီအောင် က ပြောသည်။

အဆိုပါ ဇာတ်ကားကို  ပုဂံ ဘက်တွင် သွားရောက်ရိုက်ကူး ထားပြီး မြဝတီ၊ မန္တလေး၊ မဲ ဆောက်နှင့် ဂုတ်ထိပ်တံတားတို့ တွင်လည်း ရိုက်ကူးရန် အစီအစဉ် ရှိကြောင်း ယင်းဇာတ်ကားနှင့်ပတ် သက်၍ ၎င်းက ပြောသည်။

‘‘ဂုဏ်ယူပါတယ်။ ကျွန် တော်တို့နိုင်ငံရဲ့ သူရဲကောင်းအိမ် ရှေ့မှာ လာရောက်ရိုက်ကူးရတဲ့ အတွက် ဂုဏ်လည်း ဂုဏ်ယူ တယ်။ ဝမ်းလည်း ဝမ်းသာတယ်။ အဓိကကတော့ ယိုးဒယားသူတစ် ယောက်ကို ဒါက ကျွန်တော်တို့ နိုင်ငံရဲ့ သူရဲကောင်းရဲ့ အိမ်၊ သူရဲကောင်းရဲ့လမ်းကို ပြတာပေါ့’’ဟု မတ်လ ၁၅ ရက်က ရိုက်ကူးခဲ့သောဇာတ်ဝင်ခန်းနှင့်ပတ်သက်၍ မြင့် မြတ်က ပြောသည်။

အဆိုပါ ဇာတ်ကားတွင် မြင့်မြတ်က တိုင်းပြည်ကို ချစ်သည့် လူငယ်ပရဟိတသမားတစ်ဦးအ ဖြစ် သရုပ်ဆောင်ထားသည်။

‘‘အားလုံးဝိုင်းကူညီကြတာ ကြောင့် ရိုက်ခွင့်ရပြီး အဆင်ပြေ သွားတာ။ ကူညီတဲ့သူတွေကို လည်း ကျေးဇူးတင်ပါတယ်’’ ဟု ယင်းဇာတ်ကား၏ ထုတ်လုပ်သူ နှင့် မင်းသမီးအဖြစ် ပါဝင်သရုပ် ဆောင်ထားသည့် မြတ်မှူးခင်က ပြောသည်။



7Day News Journal

No comments:

Post a Comment