Latest News

Wednesday, March 15, 2017

ဘေးတွဲဆိုင်ကယ်များ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဟုဆို

ဘေးတွဲဆိုင်ကယ်များ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဟုဆို



စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း အသုံးပြုနေသည့် ဘေးတွဲ ဆိုင်ကယ်များ တရားဝင်ပြေးဆွဲ ရန် ဥပဒေ၊ နည်းဥပဒေများဖြင့် ညီညွတ်မှုမရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး ဦးမြင့်ကြည်က ပြော ကြားသည်။

‘‘ဘေးတွဲ မော်တော်ဆိုင် ကယ်များသည် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွင် မော်တော်ဆိုင်ကယ်အဖြစ် သာ မှတ်ပုံတင်ထားပြီး ပြင်ပတွင် ဒေသန္တရ မိမိအစီအစဉ်များဖြင့် ဘေးတွဲများ တပ်ဆင်ခြင်းနှင့် စက်မှုဝန်ကြီးဌာနမှလည်း စက် မှုဇုန်များသို့ ဘေးတွဲများ ထုတ် လုပ်ခွင့်အား ခွင့်ပြုထားခြင်းမရှိ ပါ။ ဘေးတွဲမော်တော်ဆိုင်ကယ် များသည် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေးနှင့်သင့် လျော်မှုမရှိကြောင်းတွေ့ရပြီး အ ငှားယာဉ်အဖြစ် တရားဝင်ပြေးဆွဲ ရန် ဥပဒေ၊ နည်းဥပဒေများဖြင့် လည်း ညီညွတ်မှု မရှိပါသဖြင့် လက်ရှိအနေအထား၌ အဆင် ပြေအောင် စီစဉ်ဆောင်ရွက်ပေး နိုင်ခြင်းမရှိသေးပါ’’ဟု ဦးမြင့် ကြည်က မတ်လ ၁၃ ရက်တွင်စစ် ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၌ ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ထောင်နှင့်ချီရှိသော ဆိုင်ကယ်ဘေးတွဲများသည် သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိ၍ မကြာခဏ ဖမ်းဆီးခံနေရခြင်းကြောင့်တရားဝင်ပြေးဆွဲခွင့်ရရှိရေးဆောင်ရွက်ပေးရန် လိုအပ်နေ သည်။‘‘နွေရာသီဆိုရင် ဆိုက်ကား နင်းလို့ရတဲ့ငွေက တစ်ရက် ငါး ထောင်ရအောင် မနင်းနိုင်ဘူး။ အခုဆိုင် ကယ်ဘေးတွဲလေးတပ် ပြီးမှ တစ်ရက်ငါးထောင်ကနေ တစ်သောင်းလောက်အထိ ရ တယ်။ ဆိုက်ကားနင်းပြီး ရတဲ့ငွေ လေးစုပြီး ဆိုင်ကယ်ဝယ်တာ နှစ်သိန်းလောက်နဲ့ ဆိုင်ကယ်ကို ဆိုက်ကားတွဲတာ ငါးသောင်း လောက်ကုန်တယ်။ တရားဝင် ဆိုင်ကယ်ဘေးတွဲလေးတွေ ခွင့် ပြုပေးဖို့ သက်ဆိုင်ရာကို စာတင် ထားတာတော့ရှိတယ်’’ဟု မုံရွာ မြို့ခံ ဆိုင်ကယ်ဘေးတွဲမောင်းသူ တစ်ဦးက ပြောသည်။



7Day News Journal

No comments:

Post a Comment