Latest News

Wednesday, March 15, 2017

အမှုစစ်ရဲများကို အချက်နှစ်ချက် ပြည့်စုံမှ စစ်ဆေးခံမည်ဟု ကိုဆွေဝင်း၏ ရှေ့နေ တောင်းဆိုထား

အမှုစစ်ရဲများကို အချက်နှစ်ချက် ပြည့်စုံမှ စစ်ဆေးခံမည်ဟု ကိုဆွေဝင်း၏ ရှေ့နေ တောင်းဆိုထား


ပုဒ်မ ၆၆(ဃ)ဖြင့် အမှု ဖွင့်ခံထားရသော Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ကို မန္တလေးမြို့အမှတ်(၇) နယ် မြေရဲစခန်းက စစ်ဆေးရန် လာ ရောက်ခဲ့ပြီး တစ်နာရီခန့်ကြာ ဆွေးနွေးမှုများအပြီး အချက်နှစ် ချက် ပြည့်စုံမှသာ စစ်ဆေးမေး မြန်းမှုများကို လက်ခံမည်ဟု ကိုဆွေဝင်း၏ ရှေ့နေကတောင်း ဆိုခဲ့သည်။

မတ်လ ၁၅ ရက်ည ၇ နာရီကျော်တွင် ကျောက်တံတားမြို့နယ် ၃၄ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက် အလုပ်အမှုဆောင်ရုံးတွင် လာရောက် စစ်ဆေးခဲ့သည့် ရဲအရာရှိနှစ်ဦးကို ကိုဆွေဝင်း၏ ဥပဒေအကြံပေးဦးခင်မောင်မြင့်ကတောင်းဆိုခဲ့သည်။

‘‘ကိုကျော်မျိုးရွှေက တိုင် တာ ၇ရက်နေ့က ကိုဆွေဝင်းကို တိုင်တယ်။ ၁၀ ရက်နေ့မှာ (မဟ န)က ဆရာတော်က ဦးဝီရသူကို တစ်နှစ်ပိတ်လိုက်တယ်။ ပိတ် လိုက်ရတဲ့အကြောင်းပြချက်တွေ မှာက ဘာသာအချင်းချင်း မုန်း တီးမှုတွေဖြစ်အောင်လို့ သာသနာ ညှိုးနွမ်းစေဖို့ အချင်းချင်းပြုလုပ် တယ်လို့ဖော်ပြတယ်။ ဒါကိုဖော် ပြတာ(မဟန)သံဃာအဖွဲ့ရဲ့ တ ရားဝင်ဖော်ပြချက်ပါ။ ၁၁ ရက်နေ့ ကျတော့ သာသနာရေးဝန်ကြီးဌာ နက အမိန့်တစ်ခုထပ်ထုတ်တယ် (မဟန)ကထုတ်ပြန်ထားတဲ့ အ မိန့်ကို မလိုက်နာဘူးဆိုရင်တည် ဆဲဥပဒေအတိုင်းအရေးယူသွား မယ်လို့ ထုတ်ပြန်တယ်။ အဲဒီ ထုတ်ပြန်ချက်နှစ်ခုက ကိုကျော် မျိုးရွှေ စွဲဆိုထားတာတွေကို အလို အလျောက်ပျောက်ပျက်အောင် လွှမ်းမိုးသွားတယ်။ ဒီအတွက် ကိုဆွေဝင်းက ဘာမှရှင်းပြစရာ မလိုဘူး။ ဂုဏ်သိက္ခာညှိုးနွမ်းစေ တယ်ဆိုပြီး စွဲထားတယ်။ အဆုံး အဖြတ်ပေးမယ့် သံဃာ့အဖွဲ့အ စည်းက ဦးဝီရသူရဲ့ ဆောင်ရွက် ချက်တွေသည် ဥပဒေနဲ့ မညီဘူး၊ သံဃာ့အဖွဲ့အစည်းကို ထိခိုက်စေ တယ်လို့ ပြောထားပြီးလို့ ဒါဟာ အဖြေတစ်ခုဖြစ်သွားပြီ။ ၁၃ရက် နေ့မှာ သာသနာရေးဝန်ကြီးကိုယ် တိုင်ဖြေထားတာ။ ဒီအမှုက ပျက် ပြယ်သွားမယ်။ သူတို့ကလည်း လက်မခံဘူး။ သာသနာရေးက လည်းလက်မခံဘူးလို့ ၀န်ကြီး ကိုယ်တိုင်မှတ်ချက်ပေးပြီးသား ပါ။ ဒါကြောင့် ၀န်ကြီးဌာနအချင်း ချင်းပြန်ညှိနှိုင်းမေးမြန်းဖို့တောင်း ဆိုတာပါ။ ဒါကြောင့် (မဟန)နဲ့ သာသနာရေးဝန်ကြီးဌာနတို့ရဲ့ မှတ်ချက်တွေတောင်းခံပြီး ဒီအမှု ဆက်လုပ်သင့်၊ မလုပ်သင့် တောင်းဆိုလိုက်တာပါ’’ဟု ဦးခင် မောင်မြင့်က ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက်က Myanmar Now သတင်းဌာနက ရေးသားခဲ့သည့် ‘‘အခြေခံဥပဒေ ပြင်လိုသူတွေကို မဘသ သတိ ပေး’’သတင်းကို Ba Kaung ဖေ့စ် ဘွတ်ခ်က ပြန်လည်ဖော်ပြခဲ့ခြင်း နှင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ‘၀ီ ရသူပါရာဇိကကျပြီး ရဟန်းဘ၀ နိဋ္ဌိတံသွားပြီဖြစ်ကြောင်း သိရပါ တယ်။ ပါရာဇိက အခုမှကျတာ တော့ မဟုတ်လောက်ဘူး’’ဟု ကိုဆွေဝင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ် တွင် ရေးသားခဲ့ခြင်းအပေါ် ကျော် မျိုးဆွေဆိုသူက မတ်လ ၇ ရက် က မန္တလေးမြို့ အမှတ်(၇) နယ် မြေရဲစခန်းတွင် အမှုဖွင့်ထားခဲ့ သည်။

‘‘အမှုနဲ့ပတ်သက်လို့ တရား ဥပဒေအတိုင်းလုပ်ဆောင်မယ်ဆို ရင် ပူးပေါင်းဆောင်ရွက်သွားမှာ ပါ။ ကျွန်တော်ကဘယ်ကိုမှထွက် ပြေးသွားမှာမဟုတ်ပါဘူး။ ဒီအ ကောင့်မှာ ကျွန်တော်ရေးပြီးတင် တယ်။ ဒါ ကျွန်တော့်အကောင် မ ဟုတ်ဘူးလို့ ငြင်းနေမှာလည်း မဟုတ်ပါဘူး’’ဟုကိုဆွေဝင်းက ပြောသည်။

မန္တလေးမြို့ အမှတ်(၇) နယ် မြေရဲစခန်းက ရဲအုပ်ကျော်သူနှင့် ဒုရဲအုပ်တစ်ဦး လာရောက်ခဲ့ပြီး ကိုဆွေဝင်းကို ဖမ်းဆီးရန် လာ ရောက်ခဲ့ခြင်းမဟုတ်ဘဲ အမှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းလို သည့် အချက်များကို မေးမြန်းခဲ့ ကြောင်း ရဲအုပ်ကျော်သူက ပြော သည်။

အမှုနှင့်ပတ်သက်၍တောင်း ဆိုသည့်အချက်များကို အထက် လူကြီးများထံတွင် တောင်းဆိုမှု များ ပြုလုပ်မည်ဖြစ်ကြောင်း ရဲအုပ်ကျော်သူက ပြောကြားခဲ့ပြီး အမှုအတွက်လိုအပ်သည့် ထွက် ဆိုချက်များကိုလည်း ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ကိုဆွေဝင်းက ပြော သည်။

ရဲအရာရှိနှစ်ဦးသည် ကိုဆွေ ၀င်းနှင့် ၎င်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်တို့နှင့် တစ်နာရီ ခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တောင်းဆိုချက်နှစ်ခုရရှိမှသာ အ မှုကို ဆက်လက်အစစ်ဆေးခံယူ မည်ဟု ပြောကြားပြီးနောက် နှစ် ဖက်ပြေလည်ခဲ့သည်။

7Day News Journal

No comments:

Post a Comment